ပုထုဇဉ်တွေ အနေနဲ့ ကိုယ့်မှာ လွဲမှားနေတဲ့ ဥပါဒါန်တွေ ရှိတယ် ဆိုတာကို လက်ခံရမှာပါပဲ။ ဥပါဒါန် ဆိုတာ တဏှာ အကြီးစားပါ။ မှားယွင်းစွာ စွဲလမ်းမှုကို ဒိဋ္ဌုပါဒါန်လို့ ခေါ်ပါတယ်။ အယူပေါ်မှာ စွဲလမ်းမှုပါ။ အဲဒီတော့ ကျနော်က တခါတရံမှာ မှားယွင်းတဲ့ ဥပါဒါန်တွေကို ချေဖျက်ပေးတဲ့အခါမှာ ကျနော့်ကို ပုထုဇဉ်လို မတွေးမှ သဘောပေါက်မှာပါ။ ကျနော်က တရားအနေနဲ့ မှန်ကန်စေဖို့ အတွက်ပဲ ရည်ရွယ်ပြီး ပြောတာပါ။ Nothing Personal ပါ။ တဦးတယောက်ချင်းစီ အတွက်တော့ မတူတာတွေ ရှိမှာပါ။ ဒါပေမယ့် မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အားလုံးအတွက် မှန်ကန်လွန်းတာမို့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို လူမှုရေးမှာ အသုံး ပြုတာကို အလေးအနက် ထောက်ခံပါတယ်။ ဒါပေမယ့် မှန်ကန်ဖို့ လိုပါတယ်။
မှန်မှန်ကန်ကန်နဲ့ မြတ်စွာဘုရား ဟောခဲ့တာတွေကို လောကီမှာ သုံးဖို့ မှန်ကန်တဲ့ အကျိုးရှိတဲ့ လူမှုရေးစံ တွေ အဖြစ် သတ်မှတ်တာ ကောင်းပါတယ်။ အဲလို လုပ်တဲ့အခါမှာလဲ စကတည်းက ယဉ်တယ် ဆိုသလို ဉာဏ်ပညာ မပြည့်စုံတဲ့ သူများက လုပ်ထားတာတွေ ဖြစ်တဲ့ ကျမ်းမညှိပဲ ပြောထားတာတွေ ဖြစ်တဲ့ အနန္တော အနန္တ ငါးပါး ဆိုတာမျိုးတွေဟာ ကျနော်တို့ စွန့်လွှတ်ရမယ့် အရာတွေပါ။ မစွန့်လွှတ်နိုင်ရင် ဗုဒ္ဓဘာသာရဲ့ အကျိုးကျေးဇူးကို မရပါဘူး။
သာသနာမှာ ဘုန်းကြီးက အစ သာသနာရဲ့ ရည်ရွယ်ချက်သည် ဘာလဲ ဆိုတာကို သေသေချာချာ မသိတော့တဲ့ အခြေအနေမို့ ရဟန်းတော်များ အရိယာ ဖြစ်အောင် ကျင့်ကြံရတော့မယ့် အချိန်ဖြစ်ပါတယ်။ ရဟန်းအရိယာ မှ စာပေကို မသန့်စင်ရင် လူတွေကို ဟောပြောတာတွေကို မှန်ကန်အောင် မစီစစ်ရင် ဗုဒ္ဓဘာသာ ကိုးကွယ်ပါလျက် နဲ့ ဘာကြောင့် ဒီလောက် ဒုက္ခရောက်နေရတာလဲ ဆိုတဲ့ အမေးကို မှန်မှန်ကန်ကန် ဖြေနိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့ အားလုံးထဲမှာ လူတွေရဲ့ တန်ဖိုးထား (Morel value) ကို သတ်မှတ်ပေး ဟောပြောပေးနေတဲ့ ရဟန်းတော်များသာ တာဝန် အရှိဆုံးပါ။ ရဟန်းတော်များအနေနဲ့ကလဲ အဲလို လမ်းညွှန်ဟောပြော တော့မယ် ဆိုရင် ကိုယ်တိုင် အမြင်ကျယ်အောင် အားထုတ်ဖို့ လိုနေပြီလဲ ဖြစ်ပါတယ်။
တရားအကြောင်းကိုပဲ ရေးပေမယ့် တရားတော်ရဲ့ ဂုဏ်ပျက်မယ့် အရေးမို့ လောကီ ကိစ္စကို ရေးရခြင်းပါ။ ကျေးဇူးတင်ပါတယ်။


Leave a Reply