လွန်ခဲ့တဲ့ အချိန်က ဖြစ်ခဲ့တဲ့ အတိတ်ဆိုတာ ဘယ်သူ့အတွက်မှ လက်ရှိ ပစ္စုပ္ပန်မှာ မရှိတော့ပါဘူး။
ဒါပေမယ့် မရှိတော့တဲ့ အဲဒီအတိတ်ကိုပဲ တကယ် ရှိနေသေးသလိုမျိုး လူတွေ အားလုံးက တွေးတော ပူပန်နေကြတယ်။ ဒါဟာ လူသားအားလုံး တူညီစွာ ရူးနှမ်းနေကြတဲ့ သဘောပါပဲ။ တကယ် မရှိတော့တဲ့ အရိပ်ကြီးကို အမှန်တကယ်လို့ ထင်ပြီး လိုက်ဖမ်းနေကြလို့ပါ။ ဒါကြောင့်လည်း မြတ်စွာဘုရားက သာမန် ပုထုဇဉ်တွေဆိုတာ အရူးနဲ့ တူတယ်လို့ မိန့်ကြားတော်မူခဲ့တာပါ။ အရှိတရားကို အရှိအတိုင်း မမြင်မချင်း ဒီရူးနှမ်းမှုထဲကနေ ထွက်လာနိုင်မှာ မဟုတ်ပါဘူး။
ကိုယ်တိုင်ရော လက်ရှိမှာ မရှိတော့တဲ့ အတိတ်အရိပ်တွေနောက်ကို လိုက်ပြီး ပင်ပန်းနေသေးလားဆိုတာ ပြန်ဆင်ခြင်ကြည့်ပါဦး။


Leave a Reply