တစ်ခုခုကို အရမ်း သဘောကျပြီး အခိုင်အမာ ဆုပ်ကိုင်ထားတဲ့အခါ၊ အဲဒါလေး ပျက်စီးသွားရင် ပြင်းပြင်းထန်ထန် ခံစားရတော့တာပါပဲ။ ဒါကို ကျော်လွှားနိုင်ဖို့ဆိုရင် ပျော်ရွှင်စရာ ကြုံလာတဲ့အခါ ဒါဟာလည်း မမြဲတဲ့ အရာပါပဲလို့ နှလုံးသွင်းပြီး အလွန်အမင်း ပျော်ခြင်းကနေ ရှောင်ရှားရပါမယ်။ ထို့အတူပါပဲ၊ ဝမ်းနည်းစရာ ကြုံလာရင်လည်း ဒါဟာ မမြဲတဲ့ သဘောတရားတစ်ခု သက်သက်ပဲလို့ နှလုံးသွင်းပြီး အလွန်အမင်း ဝမ်းနည်းပူဆွေးခြင်းကနေ ရှောင်ရှားသင့်ပါတယ်။
ပျော်စရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာဖြစ်ဖြစ် ကြုံလာတဲ့အခါ ဒါဟာ ဖြစ်ပြီး ပျက်သွားမယ့် သဘာဝပါလားလို့ တပြေးညီ လေ့လာကြည့်လို့ ရမလား။


Leave a Reply