လောကတွင် ရုပ်နာမ် ဖြစ်ပျက်များသာရှိသည့်အတွက် ဂုဏ်ဆိုသည်မှာ ဘာအဓိပ္ပါယ်မှမရှိဟု ကျနော်နားလည်ထားပါသည်။ အရိယာဖြစ်ကြောင်း ဖွင့်ပြောခဲ့သည်မှာလဲ မိုးကုတ်ဆရာတော်ကြီးကို အားကျ၍ မိုးကုတ်ဆရာတော်ကြီးကဲ့သို့ ကိုယ်ဟောသော တရားကို အာမခံနိုင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ ဂုဏ်မက်၍ မဟုတ်ရပါ။
ဘယ်ဂုဏ်ကိုမှ မမက်သော အပိစ္ဆဂုဏ် ကျနော့်တွင်ရှိပါသည်။ ကျနော့်တွင်နိုင်ငံ လူမျိုးဆိုသည့် စိတ်များမရှိပဲ တတ်နိုင်သလောက် လူများများကို သန္တိသုခ ဖြစ်သည့် နိဗ္ဗာန်ချမ်းသာ ခံစားစေချင်သည့် စိတ်တခုတည်းနှင့် စာရေးသားနေခြင်း ဖြစ်ပါသည်။ ကျနော်တွင်မိတ်ဆွေတို့ မဂ်ဖိုလ်ရလိုသော စိတ်သာလျှင်ရှိပါသည်။ မိတ်ဆွေတို့၏ အကျိုးကိုသာ လိုလားပါသည်။ သံသရာကကြောက်ဖို့ကောင်းပါသည်။ တတ်နိုင်သလောက် တရားအားထုတ်ကြပါ။ ကျေးဇူးတင်ပါသည်။

Leave a Reply