လောကဆိုတာ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်နဲ့ နာမ်တွေရဲ့ ဖြစ်ပျက်နေမှု သက်သက်ပါပဲ။
ဒါပေမယ့် လူအများစုက “ငါ” နဲ့ “သူတစ်ပါး” ဆိုတာကို အတည်ယူထားကြတော့ နေ့စဉ်ဘဝမှာ အဲဒီရေစီးကြောင်းထဲ မလွဲမရှောင်သာ စီးမျောနေကြရပါတယ်။ သို့သော်လည်း ကိုယ်ပိုင်အချိန်လေးမှာတော့ အတိတ်ဆိုတာ တကယ်မရှိတော့တဲ့ ကိစ္စမို့ လုံးဝပစ်ချထားပြီး၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုသာ ကြည့်မယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်သင့်ပါတယ်။ ဒီလို အမှန်တရားကို မဆုံးဖြတ်နိုင်ဘဲ၊ မရှိတော့တဲ့ အရာတွေနောက် လိုက်ပြီး ပူလောင်နေကြလို့ မြတ်စွာဘုရားက ပုထုဇဉ်ဆိုတာ အရူးနဲ့ တူတယ်လို့ ဟောတော်မူခဲ့တာပါ။
ကိုယ်တိုင်ရော မရှိတော့တဲ့ အရိပ်တွေနောက်ကို လိုက်ပြီး ပင်ပန်းနေသေးလားဆိုတာ ပြန်ဆင်ခြင်ကြည့်ပါဦး။


Leave a Reply