ပြောပြမယ် လောကကြီးရဲ့အကြောင်းကို။ လောကကြီးမှာ ရှိနေတာသည် အကြားမရှိတဲ့ ရုပ်တွေချည်းပါပဲ။ Physic လို့ပြောရမှာပေါ့။ အဲဒီဘာသာရပ်က အကုန်ရုပ်ပဲဆိုတာကို သိထားတယ်။ အကုန်လုံး ရှိရှိသမျှ စကြဝဠာ အကုန်လုံး ရုပ်တွေချည်းပါပဲ။ အဲဒီကနေမှ အဲဒါကို သိနေတာတွေ ကြံနေတာတွေက ကျတော့ အဲဒီရှိနေတဲ့ ရုပ်ဆိုတာတွေ အားလုံးနဲ့ကို မတူဘူး။ ရုပ်နဲ့ ဆန့်ကျင်ဖက်ထဲက မြင်သာတာက အကောင်အထည် လုံးဝ မရှိတဲ့ သဘောကို ဆိုလိုကြတယ်။ အဲဒီတော့ သတ္တဝါ ဆိုတာတွေကျတော့ ဩကာသလောက ကရုပ်တွေနဲ့ မတူပါဘူး။ ဒီသတ္တဝါဆိုတာက ခြားနားချက်က ကံဆိုတာ ပါလားတယ်။ သတ္တဝါဆိုတာကံနဲ့ ဆိုင်တယ်။ ကျန်တာ ကံနဲ့မဆိုင်ဘူး။ ရုပ်ဆိုတာ အဗျာကတာ တရား၊ ကုသိုလ်တွေ အကုသိုလ်တွေ မဖြစ်ဘူး။ ဖြစ်တာက စေ့ဆော်မှု စေတနာ ဆိုတဲ့ နာမ်တရားလေး။ စေတသိတ် ပေါ့။ စေတသိတ်ဆိုတာက အမြဲစိတ်နဲ့ ယှဉ်ဖြစ်တယ်။ နာမ် ခန္ဓာလေးပါးက တပေါင်းတည်း ဖြစ်တယ်။ အဲဒီတော့ ပြောချင်တာက ကြံချင်မှုကြောင့် ဖြစ်တဲ့ စေ့ဆော်မှု လေးက မနောကံ၊ ပြောချင်စိတ်ကြောင့် ဖြစ်တဲ့ အသံဆိုင်ရာ ရုပ်လှုပ်ရှားမှုမှာ စေ့ဆော်မှုက ဝစီကံ၊ စေ့ဆော်မှု ကြောင့် ဖြစ်တဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုက ကာယကံ။ ဒါတွေက လှည့်ပါတ်ပြီး ဖြစ်နေတာပါ။ တချက် တချက် ဘယ်လောက်ရှိမလဲ စဉ်းစားကြည့် တမိနစ်မှာ ဘယ်နှစ်ခါရှိမလဲ စဉ်းစားကြည့် မရပ်မနား လှုပ်ရှားနေတဲ့ တရား ဖြစ်ပျက်တွေ။ ရုပ်က ငှက်ပျော်တုန်းကြီးလို သဘောထားကြည့်လိုက်။ ဘာမှ သိတတ်တဲ့ သဘောမရှိဘူး။
ကျန်တာ အကုန်လုံးက နာမ်။ ဝေဒနာ၊ သညာ၊ ဝိဉာဏ်၊ သင်္ခါရ။ အမှန်သိမှု အမှားသိမှု အားလုံးက သင်္ခါရ။ လူတွေက ဒီအယူမှန်တင် မကပဲ ကျန်တဲ့ အယူတွေ ရှာဖွေမှုတွေကို ဘယ်လို လုပ်ခဲ့ကြလဲ ရှာဖွေမှု ပုံစံ နည်းလမ်း တွေ တိုးတက်လာတယ် တိုင်းတာတာတွေ တိုးတက်လာတယ်။ ရုပ်ဝတ္ထုကို နားလည်မှု အရမ်းများ လာတယ်။ ဒီမှာ အလျဉ်တွေ၊ အလင်းတွေ အာကသတွေ၊ ဒီအာကာသနဲ့ ပြောင်းပြန်အာကာသ ဆိုတာတွေ ဒီလို အမှန်သိမှုတွေရော ပေါင်းစုံ ကြံစမှုတွေရောဟာ ဘယ်လိုလုပ် ဖြစ်လာတာလဲ။ လူဆိုတာ စက်တလုံးလို ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဆိုတာမျိုး စွဲမြဲနေကြတာပါ။ ဒါကိုပဲ ကိလေသာ ထူပြောတဲ့ ခေတ်လို့ ပြောပုံရပါတယ်။
ကိုယ့်ရဲ့ ဖြစ်တည်မှု ဆိုတာတွေကိုပါ ကြံစည်နေတာပါပဲ။ သူတို့မေ့နေတာ တစ်ခုက တယောက်ဖြစ်တည်မှုကို တစ်ယောက် အသိအမှတ်ပြုရတယ် အစရှိသဖြင့်နဲ့ ရှိသမျှ အယူကို ကျမ်းညှိတာတောင် လုပ်လိုက်ကြ သေးတယ်။ ဒါတွေ အကုန်လုံးဟာ သူတို့ထက် လေ့လာနည်း တင်မက တရားအားလုံး အကုန်လုံးကို သိမြင်သော မြတ်စွာဘုရား ဆိုတဲ့ တရားမင်းဆိုတာ နဲ့ ကွာနေတာက မြတ်စွာဘုရားက နာမ်တရားကို ဝေဒနာ၊ သညာ၊ ဝိဉာဏ်၊ သင်္ခါရ ဆိုပြီး ခွဲပြပုံကတော့ လုံးဝကို ကြီးကျယ် ခမ်းနားလွန်းလှပါတယ်။ ဘယ်သောအခါမှ ဘယ်သူမှ ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး’။ အဲဒီကမှာ သင်္ခါရရဲ့ အမှန်သိမြင်မှုဆိုတာကို ဖော်ပြပြီး သတ္တဝါအားလုံးကို လမ်းပြ ခဲ့ပါတယ်။
မြတ်စွာဘုရား ရှင်းပြထားတဲ့ အတိုင်းဆိုရင် ရှိသမျှသော အတွေးအခေါ်တွေဟာ ဝိစီကိစ္ဆာဆိုတဲ့ စေတသိတ် ရဲ့ လက်ချက်လို့ပဲ ပြောရမှာပါ။ ဝီစိကိစ္ဆာကြောင့် ဥပါဒါန် ပေါင်းစုံ ဖြစ်ပြီး. ထွင်ကြည်မှု ကြံစည်မှု ပေါင်းစုံတွေ ဖြစ်တော့တာပါပဲ။ တီစိကိစ္ဆာ ဆိုတာက သို့လော သို့လော ဆိုတဲ့ တရားပါ။ ကျနော်တို့က ကိုယ့်ဟာကိုယ် လူလို့ ထင်နေရတဲ့ အကြောင်းအရင်းတွေ အကုန်လုံးက တကယ်တော့ နားလည်အောင် ကြိုးစားနိုင်ရင် တရားတွေ ချည်း ဖြစ်နေတာပါပဲ။ ကျနော်တို့က အဲဒါကို ဘာမှ ဉာဏ်စိုက်နေစရာ မလိုဘူး။ သင်ရိုးညွှန်းတန်း ဖြစ်တဲ့ ဓမ္မသင်္ဂဏီမှာ ဖတ်ကြည့်လိုက်ရင် ပြီးတာပါပဲ။ အကုန်ရှင်းပြထားတာပါပဲ။ ပရမတ် တရားတွေကို။
စိတ်ဝင်စားသူတိုင်း ဖတ်ကြည့်နိုင်တာပဲ။ ကိုယ့်မှာ ဖြစ်တဲ့ စိတ်တွေနဲ့ တိုက်ကြည့်ပေါ့။ ရုပ်ဆိုရင် မျက်စိထဲမှာ ကိုယ့်ရုပ်ကို မြင်ကြည့်လိုက်။ ပြီးတော့ အဲဒါကြီးဟာ ဓမ္မသင်္ဂဏီရုပ်ပိုင်းမှာ ရေးထားတဲ့ ရုပ်တွေ အတိုင်းစုစည်း ထားတာဆိုတာကို သဘောပေါက်အောင် ကြည့်။ အဲဒါဆိုရင် ပါဝင်တဲ့ ရုပ်တွေပေါ်မူတည်ပြီး ယောက်ျားမိန်းမ ဆိုတဲ့ သဏ္ဏာန်တွေ အထိအတွေ့ တွေ ဖြစ်နေတာကို သိရပါမယ်။ အဲဒီအခါမှာ ရုပ်ချည်းအစုအဝေး ရုပ်ခန္ဓာဆို တာကို သဘောပေါက်ပြီး။ ရုပ်သည် ရုပ်အမျိုးအစားပေါင်းစုံ စုစည်းထားမှုသာ ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ပြီးတော့မှ အဲဒီ ပေါင်းထားတဲ့ ရုပ်တခုစီဟာ ကိုယ်ဆိုတဲ့ ဖြစ်တည်မှုကြီးကို ကိုယ်စားပြုသလား စဉ်းစားလိုက်ပါ။ အဲလိုပဲ နာမ်တရား တခုခြင်းစီဟာလဲ ကိုယ်ဆိုတာကို သက်သေပြနေလား ဆိုတာကို စမ်းစစ်လိုက်ရင် အကုန်ရှင်းသွားမှာပါ။ ဆင်ခြင်ကြည့်ပြီး ကွန်းမန့်ရေးသွားပါ။
ဆိုတော့ နောက်ဆုံးကြည့်လိုက်တော့ လောကကြီးမှာ မကွာခြားလှတဲ့ အမျိုးအစားတူ ရုပ်နာမ်တွေ ချည်းပဲမို့ ဘယ်သူ့ကိုမှ ဘယ်သူလို့ ပြောလို့မရတော့ဘူး။ ဓမ္မ တွေချည်း ဖြစ်သွားပါတယ်။ ဖြစ်တည်မှုဆိုတာ မရှိပဲ ဖြစ်ပျက်မှုသာ ရှိသည် ဆိုတာကို သဘောပေါက်သွားပါမယ်။
အဲဒါတွေရဲ့ အကြောင်းအကျိုးဆက်ပုံကို မြင်လိုက်လို့ကတော့ ကိစ္စပြီးပါပြီ။
ရှင်သာရိပုတ္တရာက အကြောင်းအကျိုးဆက်ကို ပြောလိုက်တာနဲ့ ပထမ မဂ်ကိစ္စပြီးတယ် ဆိုတော့ တကယ့်ကို မခံနိုင်လောက်အောင် တော်လွန်း ထက်လွန်းတဲ့အကြောင်းပါပဲ။ အဲလိုမျိုး လိုက်စဉ်းစားရင် အရင်က အဂ္ဂသာဝက တွေဘာတွေ ဖူးရတယ် ပြောရမှာပေါ့။ ကိုယ့်ရဲ့ ကြည်ညိုမှု ဖြစ်စေတာကိုး။ မိုးကုတ်ဆရာတော်ကြီး မိတ်ဆက်ပေးထားလို့ အားလုံးနဲ့ ရင်းနှီးပါတယ်။ ဆရာတော်ကြီးပြောတာတွေက ဗုဒ္ဓဝင်ဘာညာ ငါးရာငါးဆယ် စတဲ့ ကိစ္စတွေ မပါဘူး။ ကောင်းကောင်းမွန်မွန်ဟောတာ ဆရာတော်ကြီးရှိပြီးသားပဲ။ အရေးကြီးဆုံးသော ကိစ္စတွေကို အများကြီးကြောင့်ကျ စိုက်ဟောသွားတယ်။ တကယ် တန်ဖိုးကြီးလွန်းတယ်နော် ဆရာတော်ကြီးရဲ့ တရားတွေကို စီစစ်ပြီး ဟောသွားတဲ့ ကိစ္စက။ တန်ဖိုးထားသင့်တယ်။
ထားပါတော့ လောကကြီး အကြောင်းကို အခု သိပ္ပံပညာရှင်တွေကို ရုပ်ကို ခွဲရင်း ခွဲရင်း ကွပ်တွေ ဘာတွေ ဖြစ်ကုန်ပြီး။ ဗုဒ္ဓက ရုပ်ကို အသေးစိတ်ခွဲတာ မဟုတ်ဘူး။ ရုပ်အမျိုးအစားတူရာကို ခွဲပြတာ။ ကြည့်တာကတော့ ဒိဗ္ဗစက္ခုဖြစ်မှာပေါ့။ လက်တွေ့ကျပါတယ်။ မြတ်စွာဘုရား ရဲ စိတ် စေတသိတ် ရုပ်ဆိုတာက အိုး. ဓမ္မရာဇာ ဓမ္မမင်း တရားမင်း ဆိုတဲ့ အမည်ကလွဲပြီး ပေးစရာမရှိပါဘူး။ မြတ်စွာဘုရားက ဘယ်လောက် ထပ် သဘာဝကျလဲ ဆိုတော့ အထိန်းအကွပ်မရှိရင် မနေကောင်းဘူး ဆိုပြီး တရားတော်တွေကို ပူဇော်ပြီးနေသွား ပါတယ်။ အဲလို အနှိုင်းမဲ့ ဖော်ပြနိုင်စွမ်းမရှိတဲ့ တရားအားလုံးကို သိတဲ့ ဉာဏ်တော်ကို သဗ္ဗညုတ ဉာဏ်တော်လို့ ခေါ်ပါတယ်။ အဲဒါကို ကြည်ညိုတာပါ။ ဒါပေမယ့် ကျနော်တို့မှာက စာပေ ဗဟုသုတ နည်းတော့ အဲလိုအများကြီး မကြည်ညိုနိုင်ပါဘူး။ တကယ်တော့ ရဟန်းများမှသာ အဲလို ကြည်ညိုနိုင်မှာပါ။ မဂ်ကျပြီးရင်တော့ ဉာဏ်က အတော်ကြီးကို တိုးတက်လားပါတယ်။ အဲဒါကြောင့် ရဟန်းများက စာပေမှတ်သားမှု သညာရှိတော့ အဲဒီပေါ်က နေ အများကြီးကြည်ညိုနိုင်မှာပါ။
အဲဒါကြောင့်ပြောတာ မိုးကုတ်ဆရာတော်ကြီးက ဘာမှ ပါရမီတွေ လုပ်မနေနဲ့ အောက်တန်းက ယူမယ် ဆိုအခု ရတယ် ဆိုပြီးပြောတာပါ။ ကျနော်တို့ကလဲ အဲဒီစိတ်ပါပဲ။ အများကြီး တတ်နိုင်လောက်တဲ့ ဉာဏ်မရှိတာကို အစောကြီးကတည်းက သိပါတယ်။ လွတ်တော်ပြီ ဆိုပြီး လုပ်ခဲ့တာပါပဲ။ တချို့ဆိုလဲ အဲလို ဥပါဒါန်တွေ ရှိနေရင် မဂ်နားနီးလာမှ ဘုရားဆုပဲ ပန်ရတော့မလိုလို အရမ်းတွေပဲ သနားလာသလိုလို ဖြစ်ပါတယ်။ အဲဒီကိစ္စကို ကိုယ့်ကို နောက်ဆုံး နှောက်ယှက်ခြင်းပါပဲ။ ဒါကို ကျော်မှ မြတ်စွာဘုရား စကားနားထောင်ပြီး မြန်မြန်လုပ်လိုက်တာပဲ ကောင်းပါတယ် ဆိုပြီး ကိုယ့်သံသရာကိုပါ ပုံပြီး မြတ်စွာဘုရားကို ယုံလိုက်တာပါပဲ။ မြတ်စွာဘုရား ခိုင်းတဲ့ အတိုင်း လုပ်လျှက်နဲ့မှ ငရဲကျရင် အပို တဆခွဲလောက် ကျပေးမယ် ဆိုတဲ့စိတ်နဲ့ လိုက်နာလိုက်မှသာ သရဏ ဂုံဆိုတာ စတာပါ။ သရဏဂုံတည်သူဟာ သာသနာတွင်းသား ဖြစ်ပါတယ်။
အဲဒီတော့ လောကကြီးရဲ့ အကြီးမြတ်ဆုံး အချိန်တချိန် ကုန်ခဲ့ပါပြီ။ မြတ်စွာဘုရား မရှိတော့ပါဘူး။ ပရိနိဗ္ဗာန်စံ သွားပါပြီ။ လောကကြီးရဲ့ ကျေးဇူးရှင်ပါ။ ဒါပေမယ့် အကုန်လုံးကို မြတ်စွာဘုရားက ပြာပြာသလဲ လိုက်စီမံ ရမလောက်တွေလဲ သွားမပြောပါနဲ့ မြတ်စွာဘုရား ပြောသမျှ ပြုသမျှတွေကို အကုန်စဉ်းစားလို့မရပါဘူး။ အရိယာ လဲ မရပါဘူး။ အဲဒါကြောင့်လဲ သဗ္ဗညုတ ဉာဏ်အရာကို မကြံကောင်းဆိုတာပါ။ လိုအပ်တာ အကုန်လုံး မြတ်စွာဘုရား ပြုပြီးသားပါ။ ဘာမှ အထွန့်တက်စရာ မရှိပါဘူး။ ခိုင်းတာလုပ်လိုက်ရင် ပြီးတာပါပဲ။ အဲဒါကြောင့် လဲ ကံကို ဘုရားဟော အတိုင်းကနေပဲ စဉ်းစား အပိုတွေ မလုပ်ပါနဲ့ဆိုတာ အရေးတကြီးပြောနေရတာပါ။
အဘိဓမ္မာ စိတ်ပိုင်းဆိုတာ ဘယ်စိတ်က ဘာဖြစ်၊ စိတ်မဝင်စားပါနဲ့။ ကျနော်တို့နဲ့ ဆိုင်ပုံမရပါဘူး။ ကျနော်တို့အတွက်လဲ တရားရဖို့ အဲဒီကို သွားဖို့ လုံးဝ မလိုပါဘူး။ ကျနော်လဲ အဲဒါတွေ ဘာဆိုဘာမှ မသိပါဘူး။ မသိတဲ့သူတွေလဲ အများကြီးပါ။ မလိုအပ်တဲ့ ကိစ္စပါ။ သွားသင်နေတော့ ဘာမှလဲ မဟုတ်ပဲနဲ့ ပျင်းစရာကြီးပါ။
စာဆက်ရေးနေပါဦးမယ်။


Leave a Reply