လောကကြီးမှာ ဘယ်အရာမှ တိုက်ဆိုင်မှုဆိုတာ မရှိပါဘူး။ အားလုံးက အကြောင်းနဲ့ အကျိုး ဆက်စပ်ပြီး ဖြစ်ပေါ်နေတာချည်းပါပဲ။
ဒီလို အကြောင်းအကျိုး ဖြစ်စဉ်တွေထဲမှာ အခုလို သာသနာနဲ့ ဆုံခိုက်၊ အရိယာ သူတော်ကောင်းတွေရဲ့ အမှန်တရား ညွှန်ပြတဲ့ စကားတွေကို ကြားနာခွင့် ရတယ်ဆိုတာ အင်မတန် ရခဲတဲ့ အကြောင်းအကျိုး ဖြစ်စဉ်တစ်ခုပါ။ ဒီလို မှန်ကန်တဲ့ အကြောင်းတရားတွေ ဆုံတွေ့နေချိန်မှာ အချိန်မဖြုန်းသင့်ပါဘူး။ ငါဆိုတာ မရှိဘူးဆိုတဲ့ အရှိတရားကို မျက်မှောက်ပြုဖို့ ကြိုးစားရပါမယ်။ ဒါမှသာ ဒီလို ကြုံတောင့်ကြုံခဲ အခိုက်အတန့်လေးကို တကယ် တန်ဖိုးထားရာ ရောက်မှာပါ။
အခုလို အမှန်တရားကို လေ့လာခွင့်ရနေတဲ့ အချိန်လေးကို လက်တွေ့ အသုံးချဖို့ ဆုံးဖြတ်ပြီးပြီလား။


Leave a Reply