ဝိပဿနာ အားထုတ်သူတွေအတွက် နေ့စဉ်ဘဝမှာ အာရုံတစ်ခုခုနဲ့ တိုက်မိတိုင်း ဖြစ်ပျက်ကို ရှုဖို့ အရေးကြီးပါတယ်။
ပန်းလေးတစ်ပွင့်ကို မြင်လိုက်တဲ့အခါ “လှလိုက်တာ၊ နှင်းဆီပန်းလေး” လို့ သညာက မှတ်သားပေးလိုက်တယ်။ အဲဒီလို မှတ်သားမှုလေး ပေါ်လာတာကို ပေါ်မှန်း သိလိုက်ပါ။ ဝင်မစွက်ဖက်ပါနဲ့။ အဲဒီသညာလေးဟာ ပေါ်လာပြီးရင် သူ့ဘာသာ ပြန်ချုပ်ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။
အသံတစ်ခု ကြားလိုက်တဲ့အခါလည်း “ဒါကတော့ ဘယ်သူ့အသံ” လို့ မှတ်သားမှုလေး ပေါ်လာမယ်။ ပြီးရင် ပျက်သွားမယ်။ ဒီဖြစ်ပျက်လေးတွေကို ဝင်မပါဘဲ ခပ်ခွာခွာလေးကနေ အသိသက်သက်လေးနဲ့ စောင့်ကြည့်ပါ။ အဲဒီလို လိုက်ကြည့်ရင်းနဲ့ “ငါ” မပါတဲ့ ရုပ်နာမ် သဘာဝသက်သက်ကို မျက်မြင်ကိုယ်တွေ့ သိလာပါလိမ့်မယ်။
အာရုံတစ်ခုခု ဝင်လာတိုင်း နာမည်တပ်လိုက်တဲ့ သညာလေးကို အသာလေး ဝင်မပါဘဲ မြင်အောင် ကြည့်နိုင်ပြီလား?


Leave a Reply