သိခြင်းတွေရဲ့အဆုံးသတ်
ကြည်ညိုခြင်းတွေရဲ့ နှလုံးသား
မြင့်မြတ်တယ် ဆိုရမှာတောင်
ဘာသာဗေဒက မမှီ
လောကဆိုတာကို ငြင်းပါယ်သွားပြီး
အကောင်းဆုံးပါဆိုတဲ့ အသံ
လောကမှာ ဟိန်းဟိန်းညံနေတဲ့အချိန်
မဟာဂရုဏာက မိန့်တော်မူတယ်
လောကအလွန်ဟာ သန္တိသုခတဲ့
ဝိသင်္ခါရတဲ့ အသင်္ခတတဲ့
အရှင်ဘုရားရယ် မရှိတဲ့သညာနဲ့
တရားကို မြင်မိလေတော့
အသွေးအသားတွေ အကုန်လုံးနဲ့
လွမ်းမိတာ လှူချင်မိတာ
မရှောင်နိုင်သေးလို့ပါ ဘုရား…
တပည့်တော်လေ ခြေရာတော်နောက်
လိုက်ခဲ့ပါမယ်လို့ပဲ လျှောက်ပါရစေတော့။ ။


Leave a Reply

Your email address will not be published. Required fields are marked *