လူတွေကတော့ “ငါ ဝမ်းနည်းခဲ့တယ်၊ အခု ငါ ပျော်နေတယ်” လို့ ယူဆကြတယ်။ တကယ်တော့ အဲဒီ ဝမ်းနည်းတဲ့ စိတ်ကလေးဟာ မနေ့ကတည်းက ပျက်သွားပါပြီ။ အခု ပျော်နေတဲ့ စိတ်ကလေးကလည်း ချက်ချင်း ပြန်ပျက်သွားမှာပါပဲ။

စိတ်ဆိုတာ တစ်ခုပြီးတစ်ခု အစားထိုးပြီး ဖြစ်ပျက်နေတာပါ။ အဲဒီလို လျင်မြန်စွာ ဖြစ်ပျက်နေတဲ့ စိတ်အစဉ်ကြီးကို “ငါ” လို့ နာမည်တပ်လိုက်တာဟာ တကယ်တော့ အဓိပ္ပါယ်မရှိပါဘူး။ အရှိတရားမှာ “ငါ” ဆိုတာ မရှိဘူးလို့ ကိုယ်တိုင် မြင်အောင် ကြည့်လိုက်တာနဲ့ စိတ်ညစ်စရာတွေ အလိုလို လျော့ကျသွားပါလိမ့်မယ်။

အခု စာဖတ်နေတဲ့ သိစိတ် (ဝိဉာဏ်) လေး ချက်ချင်း ပျောက်သွားတာကို သတိထားမိပါရဲ့လား။


Leave a Reply

Your email address will not be published. Required fields are marked *