သေချာ စဉ်းစားကြည့်ပါ။ ဒီနေ့ ပစ္စုပ္ပန်မှာ အတိတ်ကို တွေးပြီး ပူလောင်နေတဲ့ အကျင့်ရှိနေရင်၊ မနက်ဖြန် အနာဂတ် ရောက်တဲ့အခါမှာလည်း ဒီနေ့ လက်ရှိ အခြေအနေတွေကို ပြန်တွေးပြီး ထပ်ပူလောင်နေဦးမှာ သေချာပါတယ်။ အတိတ်ကို ပြန်တွေးပြီး ပူလောင်နေတာဟာ အနာဂတ်မှာ ပူလောင်ဖို့အတွက် လမ်းစဖောက်နေတာနဲ့ အတူတူပါပဲ။ ဒီအကျင့်ကို သတိနဲ့ သိပြီး ဖြတ်တောက်နိုင်ဖို့ အရေးကြီးပါတယ်။
အတိတ်ကို ပြန်တွေးပြီး စိတ်လေး လေးလံလာတိုင်း၊ ဒီအတွေးဟာ အခု ပစ္စုပ္ပန်မှာ ဖြစ်လာတဲ့ သဘာဝလေးပါလားလို့ ဆင်ခြင်ကြည့်ရအောင်။


Leave a Reply