ပျော်ရွှင်တာ၊ ပူလောင်တာ၊ ဒေါသထွက်တာ၊ မေတ္တာထားတာ ဒီအရာတွေ အားလုံးကို ကျွန်တော်တို့က အကောင်း၊ အဆိုး ခွဲခြားထားကြတယ်။
တကယ်တော့ ဒါတွေ အားလုံးဟာ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့ အကျိုးတရား နာမ်သဘောတွေ ချည်းပါပဲ။ အားလုံးဟာ ဖြစ်ပြီးရင် ပျက်သွားကြတဲ့ နေရာမှာ အတူတူပါပဲ။ ဘယ်အရာကမှ ခိုင်မြဲတဲ့ သုခ မဟုတ်သလို၊ တပ်မက်စရာလည်း မဟုတ်ပါဘူး။ အရေးအကြီးဆုံးက အဲဒီ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဟာ ငါ လည်း မဟုတ်သလို သူတစ်ပါး လည်း မဟုတ်ပါဘူး။ ရုပ်နာမ် ဖြစ်စဉ်တွေ အစားထိုးနေတာ သက်သက်သာ ဖြစ်ပါတယ်။
စိတ်ထဲမှာ ပျော်တာဖြစ်ဖြစ်၊ စိတ်ညစ်တာဖြစ်ဖြစ် ပေါ်လာတဲ့အခါ ဒါဟာ ငါမဟုတ်ဘဲ ဖြစ်ပြီး ပျက်သွားမယ့် သဘာဝပါလားလို့ လေ့လာကြည့်ပါလား။


Leave a Reply