နေ့စဉ်ဘဝမှာ အရာရာတိုင်းကို ကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်ကြတယ်။ ကိုယ်ထင်တဲ့အတိုင်း မဖြစ်လာတဲ့အခါ ဒေါသထွက်၊ ဝမ်းနည်းကြရတယ်။
ဒါဟာ အနတ္တသဘောကို လက်တွေ့ နားမလည်သေးလို့ပါ။ အနတ္တဆိုတာ ကိုယ်ပိုင်ဆိုင်တာ မဟုတ်ဘူး၊ အကြောင်းတရားတွေ အတိုင်းသာ သူ့သဘောသူ ဆောင်ပြီး ဖြစ်ပျက်နေတယ်ဆိုတဲ့ သဘောပါ။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို အကောင်းဆုံး ကြိုးစားပြီး လုပ်ပါ။ ဒါပေမယ့် ထွက်လာမယ့် ရလဒ်ကတော့ ကိုယ့်သဘောမဟုတ်တဲ့အခါ အကြောင်း အကျိုးအတိုင်း ဖြစ်လာတယ်ဆိုတာကို လက်ခံထားဖို့ လိုပါတယ်။
ဒေါသထွက်ခြင်း ဝမ်းနည်းဆိုတာက ငါ့ဟာ ငါ့သဘော ဆိုတာရှိတယ်လို့ လက်ခံယုံကြည်ထားတဲ့ အယူမှားကြောင့်ပါ။ ငါဆိုတာ မရှိတဲ့အတွက် ငါ့ဟာ ငါ့သဘောဆိုတာလဲ အဓိပ္ပါယ်မရှိပါဘူး အရာရာကို “ငါ့ဟာ၊ ငါ့သဘော” လို့ အတင်းဆုပ်ကိုင်မထားဘဲ အရှိကို အရှိအတိုင်း လက်ခံနိုင်လေ ပူလောင်မှု ကင်းလေပါပဲ။
အခု လက်ရှိ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုလေးကို ငါ့အလိုကျ မဟုတ်ဘဲ သူ့အကြောင်းနဲ့သူ ဖြစ်နေတာပါလားလို့ ဆင်ခြင်ကြည့်ပါဦး။


Leave a Reply