တကယ်တော့ လောကကြီးမှာ ဘယ်အရာမှ ကြုံရာကျပန်း ဖြစ်မလာပါဘူး။ အရာရာတိုင်းဟာ အကြောင်းတရားတွေ ဆုံလို့ အကျိုးတရားတွေ ဖြစ်လာတာပါ။

ကားကြပ်တာ၊ ရာသီဥတုပူတာတွေက အကြောင်းတရားတွေ၊ အဲဒီအပေါ်မှာ မကျေနပ်တဲ့ ဝေဒနာ ဖြစ်ပေါ်လာတာက အကျိုးတရားပါပဲ။ အကြောင်းရှိလို့ ဖြစ်လာတဲ့ ဒီဖြစ်စဉ်တွေထဲမှာ “ငါ” က ဝင်ပြီး ထိန်းချုပ်လို့ မရပါဘူး။ အကြောင်းနဲ့ အကျိုး ဆက်စပ် ဖြစ်ပေါ်နေတယ်ဆိုတာကို နားလည်လိုက်ရင် အရာရာကို လက်ခံနိုင်စွမ်း ပိုရှိလာပါလိမ့်မယ်။

ဒီနေ့ ကြုံတွေ့ရတဲ့ အဆင်မပြေမှုလေးတစ်ခုကို အကြောင်းအကျိုး သက်သက်ပါလားလို့ ဆင်ခြင်ကြည့်ပါလား။


Leave a Reply

Your email address will not be published. Required fields are marked *