နေ့စဉ်ဘဝမှာ အဆင်မပြေတာ ကြုံတဲ့အခါ “ငါ ဒေါသထွက်တယ်၊ ငါ ဝမ်းနည်းတယ်” လို့ ထင်ကြတယ်။

တကယ်တော့ အဲဒီ ခံစားချက်ဆိုတာ ပစ္စုပ္ပန်တည့်တည့်မှာ အကြောင်းတိုက်ဆိုင်လို့ ခဏလေး ပေါ်လာတဲ့ သဘောတရားသက်သက်ပါ။ ချက်ချင်းပဲ ပြန်ပျက်သွားပါတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီ ဖြစ်ပြီးပျက်သွားတဲ့ အရာကို “ငါ့ဒေါသ၊ ငါ့ဝမ်းနည်းမှု” ဆိုပြီး အတင်း လိုက်ဖမ်းဆွဲထားလို့ ပူလောင်နေရတာပါ။

ဖြစ်ပြီး ပျက်သွားတဲ့အရာ (အနိစ္စ) ဟာ ဘယ်လိုလုပ် ကိုယ်ပိုင်အနှစ်သာရ (အတ္တ) ဖြစ်နိုင်ပါတော့မလဲ။ ပစ္စုပ္ပန်မှာ ပေါ်လာတဲ့ ခံစားချက်တိုင်းကို သူ့အလိုလို ဖြစ်ပြီး ပျက်သွားတဲ့ သဘာဝတရားလို့ပဲ မြင်အောင်ကြည့်ပါ။ “ငါ” မဟုတ်မှန်း သိလျက်နဲ့ ကိုယ့်တာဝန်ကို အကောင်းဆုံး ဆက်လုပ်ရုံပါပဲ။

ခုလေးတင် ပေါ်လာတဲ့ ခံစားချက်လေး၊ အခုရော အဲဒီနေရာမှာ အခိုင်အမာ ရှိသေးရဲ့လား။


Leave a Reply

Your email address will not be published. Required fields are marked *