ဒီတစ်ပတ်လုံး အကြောင်းအကျိုး သဘောတရားတွေ၊ အနတ္တနဲ့ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ သညာအကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်။
ဒီလို စာတွေ ရေးသားနေရခြင်းရဲ့ အဓိက ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါ။ ခန္ဓာမှာ ဖြစ်ပေါ်နေတာတွေကို စာလို သိရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ သိမြင်ဖို့က အရေးကြီးပါတယ်။ မိမိရဲ့ အဓိပတိတရားလေးပါး ကို စိုက်ထုတ်ပြီး အကြောင်းအကျိုးနဲ့ အနတ္တ သဘောတရားတွေကို ပစ္စုပ္ပန်တည့်တည့်မှာ လက်တွေ့ ဆင်ခြင် လေ့လာကြစေချင်ပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ သိမြင်မှသာ အမြင်မှားတွေ ပြုတ်ကျမှာပါ။
ဒီနေ့ အေးအေးဆေးဆေး အနားယူရင်း ကိုယ့်ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအကျိုး သဘာဝလေးတွေကို တိတ်တိတ်ဆိတ်ဆိတ် ပြန်လည်သုံးသပ်ကြည့်ပါဦး။


Leave a Reply