ဒီတစ်ပတ်လုံး ရုပ်နာမ်တွေရဲ့ သဘာဝ၊ အနိစ္စ၊ အနတ္တနဲ့ သညာရဲ့ အကြောင်းတွေကို လေ့လာခဲ့ကြတယ်။ ဒီအချက်တွေကို စာဖတ်ပြီး သိရုံနဲ့တော့ လုံလောက်မှု မရှိသေးပါဘူး။
လက်တွေ့ နေ့စဉ်ဘဝမှာ ကိုယ်တိုင် ဉာဏ်နဲ့ သိမြင်လာဖို့က အရေးကြီးဆုံးပါ။ ကျနော် ဒီလို စာတွေ ရေးသားနေရခြင်းရဲ့ အဓိက ရည်မှန်းချက်ကလည်း လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ ပြောင်းလဲနေတဲ့ ရုပ်နာမ်သဘာဝတွေကို အမြဲမပြတ် သတိနဲ့ လေ့လာနေခြင်းက အရိယာ ဖြစ်ဖို့အတွက် ပထမဆုံးခြေလှမ်းမို့ ဒါကို အမြဲဆိုသလို သတိထားပြီး စောင့်ကြည့်နေဖို့ တိုက်တွန်းချင်ပါတယ်။
ဒီနေ့ တိတ်တိတ်ဆိတ်ဆိတ် နေရင်း ကိုယ့်ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ စိတ်တွေကို ခဏလောက် အကဲခတ် ပြီး တကယ်ပဲ ဖြစ်ပျက်နေတာဟုတ်မဟုတ် လေ့လာကြည့်ပါဦး။


Leave a Reply