ဒီတစ်ပတ်လုံး ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို အေးအေးဆေးဆေး ပြန်ပြီး စဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာငါးပါးကို ကိုယ်တိုင် ဉာဏ်နဲ့ လေ့လာ သုံးသပ်ဖို့ အချိန်ပေးပါ။
ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ ရုပ်နဲ့ နာမ် ဖြစ်ပျက်ကိုသာ စဉ်ဆက်မပြတ် စောင့်ကြည့်ပါ။ ဒါတွေဟာ ရုပ်နာမ်ဖြစ်ပျက် သက်သက်မို့ “ငါ” ဆိုတာ တကယ်မရှိဘူးဆိုတာကို ခိုင်ခိုင်မာမာ ဆုံးဖြတ်နိုင်တဲ့အထိ ကြိုးစားရမှာပါ။ အဓိပတိတရားလေးပါး နဲ့ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတဲ့အတိုင်း မိမိရဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာတွေကို စိုက်ထုတ်ပြီး အမှန်တရားကို မျက်မှောက်ပြုဖို့ ကြိုးစားပါ။
ဒီနေ့ တိတ်တိတ်ဆိတ်ဆိတ် နေရင်း ကိုယ့်ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ သဘာဝလေးတွေကို အကဲခတ် လေ့လာကြည့်ပါဦး။


Leave a Reply