တရားအားထုတ်ဖို့အတွက် သီးသန့် အချိန်ယူပြီး ထိုင်နေမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်သွားလာ လှုပ်ရှားနေတဲ့ အချိန်တွေမှာလည်း ဖြစ်ပျက်နေတဲ့ စိတ်တွေကို ဖြစ်ပျက်နေမှန်း အသိအမှတ်ပြုပေးတဲ့ စိတ္တာနုပဿနာကို လက်တွေ့ ကျင့်သုံးလို့ ရပါတယ်။
စိတ်ညစ်လာရင် ညစ်တဲ့စိတ် ဖြစ်ပျက်မှန်းသိလိုက်ပါ။ ပျော်လာရင် ပျော်တဲ့စိတ် ဖြစ်ပျက်မှန်း သိလိုက်ပါ။ စိတ်ထဲမှာ ပေါ်လာတဲ့ ခံစားချက်တွေကို ဝင်မတားဘဲ၊ သတိထားပြီး လေ့လာကြည့်တဲ့အခါ စိတ်ဆိုတာ ဖြစ်ပြီးရင် ပျက်သွားတာပဲဆိုတာကို ကိုယ်တိုင် မြင်လာပါလိမ့်မယ်။ အဲဒီလို တိုက်ရိုက် သိမြင်ခြင်းကသာ စိတ်ဖြစ်ပျက်သာရှိပြီး ငါမရှိတဲ့အတွက် ငါဆိုတဲ့ အထင်မှားကလဲ အထင်မှားစိတ် ဖြစ်ပျက်မှန်းသိပြီး အထင်မှား ပြုတ်ကျစေတာပါ။
အခု စာဖတ်ပြီးသွားတဲ့အခါ ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်ပျက်သွားလဲဆိုတာကို အကဲခတ်ကြည့်ပါဦး။


Leave a Reply