ကျနော် တရားပြတဲ့အလုပ်ကို လူပုဂ္ဂိုလ် ၆ ယောက်လောက်ကို တယောက်ချင်းစီ လုပ်ပေးနေပါတယ်။ အဲဒီထဲကမှ ဒီတပါတ်အတွင်း တရားပြဖြစ်တဲ့ သူ (တရားအားထုတ်သူ အနှောက်အယှက်ဖြစ်မှာ စိုးလို့ နာမည်ကို ကိုနိုင်လို့ပဲ ပေးထားလိုက်ပါတယ်) တယောက် နဲ့ ပထမဆုံး နေ့အနေနဲ့ တရားပြတာကို မိတ်ဆွေများ ဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ ဒီစာကို ဖတ်ပြီး တရားပြခံရသလို နားလည်မယ် ဆိုရင်တော့ အကျိုးများမယ်လို့ မျှော်လင့်ပါတယ်။
ကျနော်။ ။ဘာမရှင်းတာရှိလဲ
ကိုနိုင်။ ။ ဒွိဟိတ်ကိုကျွန်တော်နားမလည်တာပါ။
ကျနော်။ ။ ဟုတ် ဒွိဟိတ်ဆိုတဲ့ သဘောက အလောဘ နဲ့ အဒေါသဟစိတ်နဲ့ ပါတယ် အလောဘ ဆိုတာက ပေးကမ်းစွန့်ကြဲချင်တဲ့စိတ်ကို အလောဘခေါ်တာပေါ့ အဲ့လိုအလောဘဟိတ်ပါတယ် နောက်ပြီးတော့ အဒေါသဆိုတာ မေတ္တာတရားပေါ့ မေတ္တာထားတတ်တာ ပေါ့ ဒါလည်းရှိတယ် ဒါပေမယ့် အမောဟဆိုတာ အနိစ္စ ဒုက္ခ အနတ္တ ကို မြင်တာပေါ့ အဲ့ဒါကို အမောဟလို့ခေါ်တယ် အမောဟ ဆိုတဲ့ အနိစ္စ ဒုက္ခ အနတ္တ မြင်တဲ့ ဟိတ် မပါရင်တော့ သူကတရားထုတ်လို့မရဘူး ဒါပေမဲ့ အဲ့ဒါရှားပါတယ် တော်တော်ရှားတယ်။ ကျနော်တစ်ခါမကြုံဘူး။
ကိုနိုင်။ ။ ပါဠိတွေဘာတွေလည်းကျွန်တော်နည်းနည်းတော့သဘောပေါက်တယ်။
ကျနော်။ ။ ဟုတ် ပါဠိမှာ မရှင်းတာ ရှိလား မသိမဖြစ်ပါဠိများမှာ။
ကိုနိုင်။ မရှိပါဘူး။
ကျနော်။ ။ အဲ့ဒါဆိုလို့ရှိရင် နောက်တစ်ခုက နောက်ထပ်တစ်ပိုင်းပေါ့ တရားအားထုတ်မှု စတင်သူများအတွက် ခုနှစ်ရက်ဆိုပြီးတော့ နောက်တစ်ပိုင်း နိစ္စ အနတ္တ ရုပ်နာမ် ဟုတ်လား အဲ့ဒါရော ရှင်းသွားပြီလား။
ကိုနိုင်။ ။ ဟုတ်။ ဟိုဟာ သင်္ခါရနည်းနည်း မရှင်းဘူး။
ကျနော်။ ။သင်္ခါရက္ခန္ဓာ ဆိုတာ စေတနာလို့ခေါ်တယ်။ စေ့ဆော်မှု လို့လည်း ခေါ်တယ်။ ဟုတ်လား။ အဲ့တော့ ပထမဆုံးတစ်ခုက ရူပက္ခန္ဓာ ရုပ် နောက်တစ်ခုကကျတော့ ဝေဒနာ ဝေဒနာက္ခန္ဓာ၊ ပြီးတဲ့အခါကျတော့ ဝိညာဏက္ခန္ဓာ။ ဝိညာဏ် ပြီးတဲ့အခါကျတော့ သညာနော် ပြီးတဲ့အခါကျတော့ သင်္ခါရ။ အဲ့တော့ အဲ့သင်္ခါရ ဆိုတာက ဘာကိုပြောတာလဲဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ စေ့ဆော်မှုကိုပြောတာ။ သင်္ခါရဆိုတာက စေ့ဆော်မှု နောက်ပြီးတော့ ဒါမှမဟုတ်လို့ရှိရင် သူ့ကို စေတနာလို့ သုံးတယ်။ ဟုတ်လား။ အဲ့ဒါကကျွန်တော်တို့က ရုပ်နဲ့နာမ်နဲ့ရှိတယ်။ အဲ့တော့ ဒါတွေအကုန်လုံးက ဒီဘက်တစ်ပိုင်းက ကျတော့နာမ်ပေါ့။
ကိုနိုင်။ ။ ဟုတ်။
ကျနော်။ ။ ဒီတစ်ပိုင်းကကျတော့နာမ်။ နာမ်တရားလေးပါး။ ဒါကကျတော့ ရုပ် ဟုတ်လား အဲ့ကြတော့ ကျွန်တော်တို့က ရုပ်နဲ့နာမ်နဲ့ အညမညဖြစ်တယ်။ အညမညဆိုတာ အပြန်အလှန် အကျိုးပေးတယ်။ ရုပ်ကြောင့်နာမ်ဖြစ်တယ်။ နာမ်ကြောင့်ရုပ်ဖြစ်တယ်။ အဲ့လိုမျိုး အပြန်အလှန်အကျိုးပေးတယ် အဲ့လိုမျိုးဖြစ်နေတာ အဲ့တော့ ကျွန်တော်တို့က တကယ့်တကယ်တမ်းကျတော့ ကိုယ်လုပ်တယ်ဆိုတာက မရှိဘူး။ အဲ့တော့ ကိုယ်လုပ်တယ်မရှိတော့ ဘယ်သူကလုပ်တာလဲဆိုတော့ သင်္ခါရလုပ်တာ အဲ့တော့ သင်္ခါရဘာလုပ်လဲဆိုတော့ စေ့ဆော်မှုလုပ်တယ်။ စေ့ဆော်မှုဆိုတာက ဥပမာဆို ကျွန်တော် လက်တစ်ခုကို မြှောက်မယ်ဆိုရင် ပထမဦးဆုံးဖြစ်တဲ့စိတ်က လက်ကိုမြှောက်ချင်စိတ် ဖြစ်တယ် လက်မြှောက်တယ်ဆိုပါစို့နော် လက်ကိုမြှောက်ချင်စိတ်ဖြစ်တယ် အဲ့တော့ပထမဦးဆုံး မြှောက်ချင်စိတ်ဖြစ်တယ် ဟုတ်လား ပြီးတဲ့အခါကျတော့ စိတ်ကိုအသေးစိတ်လေး လိုက်ကြည့်မယ်ဆိုရင် မဖြစ်မနေရင်မြှောက်ချင်စိတ်ဖြစ်တယ် မြှောက်ချင်စိတ်ဖြစ်တာနဲ့တင် မဟုတ်သေးဘူး မဖြစ်မနေမြှောက်ချင်စိတ်ဖြစ်လာတယ်။ မြှောက်ချင်စိတ်ကနေ မဖြစ်မနေမြှောက်ချင်စိတ်ဖြစ်တယ် အဲ့မဖြစ်မနေမြှောက်ချင်စိတ်ကနေပြီးတော့ မြှောက်လိုက်ပြီဆိုတဲ့ သဘောလေးဟုတ်လား မြှောက်လိုက်မယ်ဆိုတဲ့သဘောလေး အဲ့စေတနာလေးက သူကသေးသေးလေး ကိုယ့်လက်ကိုမြှောက်ကြည့် မြှောက်ချင်စိတ်ဖြစ်တယ် အဲ့မှာစိတ်ညွှတ်လိုက်တဲ့သဘောလေး မြှောက်လိုက်တဲ့သဘောလေး အဲ့သဘောလေးတစ်ခုရှိတယ် အဲ့ဒါလေးကို စေ့ဆော်မှုလို့ခေါ်တယ် မြှောက်လိုက်သော စေတနာပေါ့ ဟုတ်လား။ အဲ့တော့ ဒီအပိုင်းတွေက အခုဒီအပိုင်းတွေအကုန်လုံး က ဘာလဲဆိုတော့ နာမ်တွေကြီးပဲ။ အဲ့တော့မှ ဘာဖြစ်သလဲဆိုတော့ ရုပ်လှုပ်ရှားမှုဖြစ်တာ။ ဟုတ်လား။ အဲ့တော့ ရုပ်နဲ့နာမ်တွေက အပြန်အလှန်ဖြစ်နေတာ ရုပ်ကသက်သက် နာမ်ကသက်သက်ပဲ။ ရုပ်ကြီးကလည်း ရုပ်သက်သက်ပဲ။ ရုပ်ကဘာမှ ခံစားတတ်တဲ့သဘောမှလည်းမရှိဘူး။ သိတတ်တဲ့သဘောလည်း မရှိဘူး။ သေသွားရင်ကျန်ခဲ့တဲ့ ရုပ်နဲ့ လက်ရှိ ရှိနေတဲ့ရုပ်နဲ့နှစ်ခုမှာ ကွဲပြားခြားမှုမရှိဘူး အတူတူပဲ။ ဟုတ်လား။ ရုပ်ဆိုတာက ကျွန်တော်တို့ အက်တမ် တွေနဲ့ဖွဲ့စည်းထားတာ။ ဟုတ်လား။ ရုပ်နဲ့နာမ်နဲ့ နှစ်ခုခွဲ နာမ်ခန္ဓာလေးပါး ခုနပြောတဲ့အတိုင်းပဲ ဝေဒနာရယ်၊ ဝိဉာဏ်ရယ်၊ သညာရယ်၊ သင်္ခါရရယ်၊ ဟုတ်လား။ အဲ့တော့ ဒီလေးပါးကကျတော့ ဘာဖြစ်လဲဆိုတော့ တစ်ပေါင်းတည်းဖြစ်ပြီးတော့ တစ်ပေါင်းထဲပျတ်တတ်တဲ့ သတ္တိရှိတယ်။ ဒီလေးပါးကကျတော့ဟုတ်လား။ တစ်ပေါင်းတည်းဖြစ် တစ်ပေါင်းတည်းပျက်တယ်။ ဆိုတော့ ဥပမာ လက်ကိုမြှောက်လိုက်တယ်ပေါ့။ မြှောက်လိုက်တဲ့စေတနာလေးပေါ့။ ဒီမှာပြောခဲ့တဲ့နေရာလေးပေါ့ ဒီနေရာလေးမှာလည်း နာမ်ခန္ဓာ လေးပါး တစ်ပေါင်းတည်းဖြစ်တယ်။ ဒီနေရာလေးမှာလည်း နာမ်ခန္ဓာလေးပါးတစ်ပေါင်းတည်းဖြစ်တယ်။ ဒီနေရာလေးမှာလည်း နာမ်ခန္ဓာလေးပါးတစ်ပေါင်းနဲ့ဖြစ်တယ်။ ပြီးတော့မှရုပ်လှုပ်ရှားမှုဖြစ်တယ်။ ဟုတ်လား။ ဒါပေမဲ့အမျိုးအစား ပြန်ခွဲလိုက်တော့ ဒါသည်သင်္ခါရကထင်ရှားတယ်။ အဲ့လိုပြောတာ။ ဟုတ်လား။ ဒါသည်ဝိညာဏ်ကထင်ရှားတယ်။ မြှောက်ချင်စိတ် ဟုတ်ပြီလား။ နားလည်မလား။ အဲ့တော့ရုပ်နဲ့နာမ်နဲ့ အဓိကသိဖို့က ရုပ်ကသက်သက် နာမ်ကသက်သက် ။ ရုပ်ဆိုတာ ကျွန်တော်တို့ဘာနဲ့ ဖွဲ့စည်းထားလဲ ဆိုတော့ အက်တမ်တွေနဲ့ဖွဲ့စည်းထားတယ်။ ရုပ်ဆိုတာကဟုတ်လား။ ရုပ်ကိုရုပ်မှာရှိတဲ့ ၉၉ ရာခိုင်နှုန်းက ကအက်တမ် ၁၁ မျိုးနဲ့ ဖွဲ့စည်းထားတယ်။ ကျန်တဲ့ ၁ ရာခိုင်နှုန်းမှာက အက်တမ် အမျိုးအစား ၅၀ ပါတယ်။ ဟုတ်လား အဲ့တော့ရေဘူးဆိုပါတော့၊ ကျွန်တော်တို့က ဒီ ရေ ပေါ့ အိတ်ရှတူးအို အဲ့ထဲမှာလည်း အက်တမ်နဲ့ ဖွဲ့စည်းထားတာပဲ ကျွန်တော်တို့ခန္ဓာကိုယ်ကလည်း အက်တမ် နဲ့ ဖွဲ့စည်းထားတာပဲ။ ဟုတ်လား သောက်လိုက်တယ်ပေါ့။ ရေကသက်မဲ့ပေါ့ ရုပ်ထဲရောက်လာတော့မှ ရေအသက်ရှိဖြစ်မသွားဘူး။ သက်ရှိတယ်ဆိုတဲ့ဟာက ကျွန်တော်တို့မှားယူထားမှုပဲ တကယ် အသက်ဆိုတာမရှိဘူး ရုပ်နဲ့နာမ်ဖြစ်ပျက်မှုပဲရှိတယ်။ အက်တမ် ခြင်း တူတူပဲဆိုတဲ့အခါကျတော့ တစ်ခုချင်း တစ်ခုချင်းဆီကို ကျွန်တော်တို့က သတ္တဝါလို့ပြောလို့ရပါ့မလား။ မရဘူး။ တစ်ခုချင်း တစ်ခုခြင်း ကို အသက်ရှိလို့ပြောလို့ရပါ့မလား။ မရဘူး။ အဲ့တော့ ရုပ်က အသက်ရှိလည်း မဟုတ်ဘူး အဲ့တော့ သတ္တဝါလည်း မဟုတ်ဘူး။ ဟုတ်လား။ အဲ့တော့ နာမ်ပေါ်လာတယ်။ နာမ်မှာက ဝေဒနာ၊ ဝိညာဏ်၊ သညာ၊ သင်္ခါရ။ ဝေဒနာဆိုတာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ရှိတယ်။ ဟုတ်လား။ ဝေဒနာမှာဘာရှိလဲဆိုတော့ ဝေဒနာမှာ ငါးခုရှိတယ်။ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာ ပြီးတော့ သောမနဿ နောက်တစ်ခုကဒေါမနဿ။ ဆိုပြီးတော့ ဝေဒနာက ငါးမျိုးရှိတယ်။ သုခဆိုတာကတော့ ကောင်းတဲ့ခံစားမှုပေါ့။ ဒုက္ခဆိုတာက နှစ်သက်ဖွယ်မကောင်းတဲ့ ခံစားမှုပေါ့။ ဥပက္ခာကကျတော့ အကောင်းဆုံးမသိဘူး။ လျစ်လျှူရှုတဲ့ဝေဒနာပေါ့။ နောက်တစ်ခုက ကျတော့ သညာပေါ့။ သညာကျတော့ ကျွန်တော်တို့က ဘာပြောလဲဆိုတော့ မှတ်မိမှုနဲ့မှတ်သားမှု ဒီမှာကြတော့ သိမှုတွေရှိတယ်။ လောဘစိတ်တွေရှိတယ်။ ဒေါသစိတ်တွေရှိတယ်။ မောဟစိတ်တွေရှိတယ်။ အဲ့ဒါတွေကဝိဉာဏ်ပေါ့။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်တွေရှိတယ်။ ဟုတ်လား။ သညာကျတော့မှတ်မိမှုရယ်၊ မှတ်သားမှုရယ်။ ခန္ဓာဆိုတဲ့သဘောက ဘာကိုပြောလဲဆိုတော့ အစုအပေါင်းလို့ အဓိပ္ပာယ်ရတယ်။ ခန္ဓာဆိုတာက ခန္ဓာဆိုတာ အစုပေါင်းအဓိပ္ပာယ်ရတယ်။ ဟုတ်လား။ အဲ့တော့သင်္ခါရမှာကျတော့ သင်္ခါရခန္ဓာမှာကျတော့ ကျွန်တော်တို့ဘာတွေရှိလဲ ဆိုတော့ အမှန်မြင်မှု နှလုံးသွင်းမှု တည်ကြည်မှု သတိ ဟုတ်လား ဒါတွေက ကျန်သေးတယ်နော် ဒါတွေကကျန်သေးတယ်ဆိုတော့ အဲ့ဒါသင်္ခါရက အဲ့ဒီဟာတွေဟုတ်လား အဲ့တော့ ရုပ်နဲ့နာမ်ထဲမှာ ရုပ်ကသက်သက် နာမ်ကသက်သက်ပဲ အဓိကဒါပြောချင်တာ။ ရုပ်ကသက်သက် နာမ်ကသက်သက်ပဲ လက်မြှောက်တယ်ဆိုတဲ့ဖြစ်စဉ်မှာကြည့် ရုပ်လှုပ်ရှားမှုဟာ ရုပ်လှုပ်ရှားမှုသက်သက်ပဲ အဲ့တော့ဘာကြောင့် ရုပ်လှုပ်ရှားမှုဖြစ်ရလဲ ဆိုတော့ စိတ်ကြောင့်ဖြစ်သောရုပ်ဆိုတာရှိတယ် စိတ်ကြောင့် ဖြစ်သောရုပ် ဒီရုပ်ကိုဘာလို့ခေါ်လဲဆိုတော့ စိတ်ကြောင့်ဖြစ်သော်ရုပ် လို့ခေါ်တယ် ဟုတ်လား လက်လှုပ်ရှားမှု ဖြစ်တယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ တွန်းထိုးမှုဆိုတဲ့လေ သဘောကြောင့် ဟုတ်လား တွန်းတယ် ထိုးတယ်ဖြစ်တယ် လေသဘောကြောင့် ရုပ်ကလှုပ်ရှားမှု ဖြစ်တာ ဟုတ်လား အဲ့တော့ အဲ့ဒီက ဘာကြောင့်ဖြစ်လဲဆိုတော့ မြှောက်လိုက်တဲ့စေတနာလေး ပေါ်လာတဲ့အခါမှာ စေတနာဆိုတာဘာလည်း ဆိုတော့ နာမ်တရား သူကစိတ်နဲ့တွဲပေါ်တဲ့ အခါကျတော့သူက စိတ်လို့ပဲပြောတယ် လှုပ်ရှားလိုတဲ့စိတ်ပေါ့ အဲ့စိတ်ကနေပြီးတော့ ဘာကိုထပ်ဖြစ်စေလည်း ဆိုတော့ ရုပ်မှာလက်မှာသွားပြီးတော့ လေရုပ်ဖြစ်စေတယ်။ ဝါယောရုပ်ဖြစ်စေတယ်။ လက်ထဲမှာ ဝါယောရုပ်ဖြစ်စေတယ်။ အဲဒီဝါယောရုပ်ဖြစ်လိုက်တဲ့ အခါမှာ ရုပ်ကြီးက လှုပ်ရှားသွားတယ်။ အဲ့လိုဖြစ်တာ အဲ့တာကိုတော့ ကိုယ်ကမသိနိုင်ဘူး။ ဒါဖြစ်ပျက်တဲ့ပုံစံကို ကျွန်တော်တို့က ရှင်းပြမယ်။ ရတယ်နော်။ ဆိုတော့ အဲ့တော့ ကျွန်တော်တို့က အစုအပေါင်း အဲ့တော့ရုပ်ဆိုတာကကျတော့လည်း ဘာလဲဆိုတော့ ရုပ်ကလည်း ရုပ်အစုအပေါင်းပဲ။ ရုပ်အစုပေါင်းဆိုတော့ ဘာတွေနဲ့ဖွဲ့စည်းထား လဲဆိုတော့ မြင်အပ်သောရုပ် မမြင်ရသောရုပ် မြင်ရသောရုပ် မမြင်ရသောရုပ် ထိပါးရသောရုပ် ထိပါး၍မရသောရုပ် ၊ အဲ့တော့အဲ့ဒါကို ကျွန်တော်တို့က ဥပမာနဲ့ ကြည့်လိုက်လို့ရှိရင် ရုပ်ဆိုတာပဲလေ ဟုတ်တယ်မလား။ အက်တမ် ဆိုတဲ့အခါကျတော့ အလယ်မှာဘာရှိလဲဆိုတော့ နူကလီးရ ရှိတယ်။ ဟုတ်လား။ ဘာတွေလဲဆိုတော့ ပရိုတွန်၊ နူထရွန် ရှိမယ်။ အဲ့ဒါ နူကလီးရ အပြင်မှာကျတော့ ဘာရှိလဲဆိုတော့ အီလက်ထရွန် ရှိတယ်။ အပြင်မှာလည်နေတာ အီလက်ထရွန်တွေရှိတယ်။ ဟုတ်လား။ အဲ့တော့ထားပါတော့ အဲ့တော့ကျွန်တော်တို့ကမြန်သောရုပ်ဆိုတာ ပရိုတွန် တွေကလည်းမြင်လို့ရတယ်။ အဲ့တော့ အီလက်ထရွန် မြင်အပ် သောရုပ်လို့ပြောလို့ရတယ်။ ပြီးတဲ့အခါကျတော့ နူကလီးရ က မြင်ရသောရုပ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလက်ထရွန်တွေက လာတိုက်နိုင်တယ်။ ဟုတ်လား။ အဲ့တော့အဲ့နှစ်ခုကြား ပမာဏကြားမှာ ကွာခြား နေတဲ့နေရာလေးတွေရှိတယ်။ အဲ့နေရာလေးကိုကျတော့ မမြင်အပ်သောရုပ်လို့ပြောလို့ရတယ်။ သဘောပေါက်လား။ အဲ့တော့အက်တမ် နဲ့ဖွဲ့စည်းထားတာ ဖြစ်တဲ့အပြင် မြင်ရသောရုပ်နဲ့ မမြင်သောရုပ်နဲ့ ဖွဲ့စည်းထားတာ။ ဒီကြားတွေ ဒီကြားတွေပေါ့။ ဟုတ်လားမမြင်ရသောရုပ် အဲ့လိုပြောလို့ရတယ်။ အဲ့တော့အဲ့လိုမဟုတ်ပဲနဲ့ မြင်ရသောရုပ်၊ မမြင်သောရုပ်ကို နောက်တစ်မျိုး မြင်သာအောင်ခွဲမယ်ဆိုရင် ဥပမာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ့ ဒါသည်မြင်ရသောရုပ် အထဲက နှလုံးတို့ ကျောက်ကပ်တို့ ဒါသည် မမြင်ရသောရုပ်ပေါ့။ အဲ့လိုပြောလိုက်တာလဲရတယ်။ မြင်ရသောရုပ်၊ မမြင်ရသောရုပ်ဆိုခွဲပြောလို့ရရင်ပြီးရော။ ဟုတ်ပြီလား။ အဲ့တော့ အဲ့ရုပ်တွေရဲ့သဘာဝသည် ဘာဖြစ်လဲဆိုတော့ ရုပ်ရဲ့သဘာဝဘာဖြစ်လဲဆိုတော့ ဖောက်ပြန်ပျက်စီးတဲ့ သဘောရှိတယ်။ ဖောက်ပြန်ပျက်စီးနေတယ်။ သူကအမြဲတမ်း ဖောက်ပြန်ပျက်စီးနေတယ်။ ကျွန်တော်တို့ရဲ့ဆဲလ်တွေကခုနှစ်လ လို့ရှိရင် နဂို ဆဲလ် တွေမရှိတော့ဘူး ဆိုတာကြားဖူးလား။ ဆဲလ် တွေက ပြောင်းသွားတဲ့ အသစ်နောက်ဆဲလ်အသစ်တွေ ဖြစ်သွားတယ်။ ဆိုတော့ အဲ့တော့ အဲ့ဒါသည် ဘာဖြစ်လို့လဲဆိုတော့ ဖောက်ပြန်ပျက်စီးသွားလို့ အဲ့တော့ ကျွန်တော်တို့က မေးစရာရှိတယ်။ ဥပမာစိန်လိုမျိုးပေါ့။ စိန်ဆိုကာပေါ့။ ဟုတ်လား။ အဲလိုမျိုးကြီးက ဒီတိုင်းထားလို့ရှိရင် ဖောက်ပြန်ပျက်စီးမှုမှ မရှိတာလို့ ပြောချင်ပြောလို့ရတယ်။ အဲ့တော့ ဒါပေမဲ့ စိန်မှာလည်း ဘာဖြစ်နေလဲဆိုတော့ အလက်ထရွန်ရယ်၊ ပရိုတွန်ရယ်၊ အလက်ထရွန်တွေက လည်ပတ်နေတယ်။ ပရိုတွန်က အလယ်မှာ ထိန်းထားတယ်။ အဲ့တော့ဘာဖြစ်နေလဲ ဆိုတော့ သူတို့က energy ကုန်နေတယ်။ Energy ကုန်နေ တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကို ဖောက်ပြန်ပျက်စီးနေတယ် လို့ပြောလို့ရတယ် သူက တစ်ချိန်ချိန်မှာ energy ကုန်သွားရင် ပြိုကွဲသွားမှာ အချိန်ကတော့ ဘယ်လောက်ကြာမှမသိဘူး ဘီလီယံနဲ့ကြာရင်လည်း ကြာမယ် သဘောပေါက်လားမသိဘူး ရတယ်နော် အဲ့တော့ ကျွန်တော်တို့ရုပ်သည် ဖောက်ပြန်ပြန်စီးသောရုပ် ပထမတစ်ချက် သိဖို့အရေးကြီးတာသည် ရုပ်နဲ့နာမ်နဲ့သက်သက်စီ အလုပ်လုပ်တယ်ဆိုတာသိရမယ် ဟုတ်လား ရုပ်ကလည်း သက်ရှိမဟုတ်ဘူး နာမ်ကလည်းသက်ရှိမဟုတ်ဘူး အသက်ဇီဝ ဆိုတာမရှိဘူး အဲ့တော့ ကျွန်တော်တို့က ဘာကိုပြောတာလဲဆိုတော့ အသက်ဇီဝပါ။ အသက် မရှိဘူးဆိုလို့ရှိရင် အသက်ဇီဝဆိုတာမရှိဘူး။ နောက်တစ်ခုက သတ္တဝါဆိုတာမရှိဘူး။ သတ္တဝါဆိုတာမရှိဘူး။ ဘာဖြစ်လို့ သတ္တဝါမရှိတာလဲ။ ရုပ်ကိုကျွန်တော်တို့က သတ္တဝါလို့ပြောလို့မရဘူး။ ခုနကပြောတဲ့အတိုင်း အက်တမ်တွေပဲဖြစ်နေတော့ ရုပ်ကိုသတ္တဝါလို့ ပြောလို့မရဘူး။ အဲ့တော့ရုပ်ဘာဖြစ်လဲ သတ္တဝါမဟုတ်ဘူး။ ဝေဒနာကြီးပဲရှိပြန်တော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာ သောမနဿ ဒေါမနဿ ဒီသဘောလေးတွေကိုပဲ ကျွန်တော်တို့က သတ္တဝါလို့ပြောလို့မရဘူး။ ဟုတ်လား။ ဒီသဘောလေးတစ်ခုထဲကို သတ္တဝါလို့ပြောလို့မရဘူး။ သတ္တဝါဆိုတာရှိရင် ကျွန်တော်တို့က သတ်မှတ်ချက် တစ်ခုရှိရမယ်။ သတ္တဝါဆိုတာဘာလဲ။ သတ္တဝါဆိုတာ စားနိုင်မယ်၊ သောက်နိုင်မယ်၊ ဟုတ်လား။ အဲ့လိုမျိုး ဆုံးဖြတ်နိုင်မယ်၊ ဆင်ခြင်နိုင်မယ်။ အဲ့ဒါမျိုးကိုသတ္တဝါလို့ခေါ်တယ်။ အဲ့တော့ သုခဝေဒနာကြီးပဲ သက်သက်ကြီး သူဒီသတ္တဝါရဲ့ သဘောတွေမရှိဘူး။ အဲ့တော့သုခဝေဒနာ သတ္တဝါမဟုတ်ဘူး။ အဲ့လိုပဲဒုက္ခဝေဒနာလည်း သတ္တဝါမဟုတ်ဘူး။ ဥပေက္ခာဝေဒနာလည်း သတ္တဝါမဟုတ်ဘူး။ သောမနဿဝေဒနာလည်း သတ္တဝါမဟုတ်ဘူး။ ကြည့်လိုက် သိမှုပဲသက်သက် ဝေဒနာတွေမပါဘူး ရုပ်တွေမပါဘူး သိမှုပဲသက်သက်ဆိုရင် သူ့ကိုသတ္တဝါလို့ပြောလို့မရဘူး လောဘစိတ် ဒေါသစိတ် ကလည်းရုပ်တွေနဲ့တွဲပြီးတော့ လှုပ်ရှားမှုတွေ ကျန်တဲ့ဟာတွေနဲ့တွဲပြီးတော့မှ ကျွန်တော်တို့က သူလောဘဖြစ်နေတယ် သူဒေါသဖြစ်နေတယ် ပြောတာ။ ဒေါသစိတ်ကြီးပဲ သက်သက် မောဟစိတ်ကြီးပဲ သက်သက်ကို ကျွန်တော်တို့ခွဲပြီးတော့ ကြည့်လိုက်မယ်ဆိုရင် သူ့ကိုသတ္တဝါလို့ ပြောလို့မရဘူး အဲ့လိုပဲ မှတ်မိမှုနဲ့ မှတ်သားမှု မှတ်မိမှုဆိုတဲ့သဘောရှိမယ် မှတ်သားမှုဆိုတဲ့သဘောရှိမယ် အဲ့ဒါတွေကိုလည်း ကျွန်တော်တို့က သတ္တဝါပဲပြောလို့မရဘူး ဟုတ်လား။ ပြီးရင်အမှန်မြင်မှု၊ နှလုံးသွင်းမှု တည်ကြည်မှု သတိ အဲဒါတွေကလည်း တစ်ခုချင်း တစ်ခုချင်း ကိုကြည့်လိုက်မယ်။ တစ်ခုတည်းကို ကြည့်မယ်ဆိုရင် ကျန်တာတွေမပါဘူးဆိုရင် သတ္တဝါလို့ပြောလို့မရဘူး။ ဟုတ်လား။ အရုပ်ကတော့ရှင်းခဲ့ပြီး အဲ့တော့သတ္တဝါဆိုတာမရှိသတ္တဝါမရှိကိုယ်သည်သတ္တဝါဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ငါဆိုတာလည်းမရှိငါမရှိသလိုရှိရင်သူတစ်ပါးဆိုတာလည်းမရှိဘူး။ဟုတ်လား။သူတစ်ပါးမရှိလို့ရှိရင်ယောကျ်ားတွေမိန်းမတွေဆိုတာလည်းမရှိတော့ဘူး။ ဟုတ်လား။ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာလည်း မရှိတော့ဘူး ပုဂ္ဂိုလ်သတ္တဝါမရှိ အသက်ဇီဝက မရှိ အဲ့တော့ ဒါတွေသည် မရှိတာတွေ ဟုတ်လား အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဘာလို့ခေါ်လဲဆိုတော့ အဲ့ဒါကို အနတ္တ လို့ခေါ်တယ် ဟုတ်ပြီလား ရမယ်နော် အဲ့တော့ ကျွန်တော်တို့က ထပ်ကြည့်မယ် သုခဝေဒနာ သူကဖြစ်ပြီးပျက်တာ မဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်တယ်။
ကျနော်။ ။ ဒုက္ခဝေဒနာ သူလည်းဖြစ်ပြီးပျက်တာပဲ မဟုတ်ဘူးလား ဟုတ်တယ်နော် အဲ့တော့ အဲ့လိုပဲ သိမှုလေးတွေက ဖြစ်ပြီးမပျက်ဘူးလား လောဘစိတ်လည်း ဖြစ်ပြီးပျက်တာပဲ ဒေါသစိတ်လည်းဖြစ်ပြီးပျက်တာပဲ မှတ်မိမှု မှတ်သားမှုလေးတွေကလည်း ဖြစ်ပြီးပျက်တာပဲ အဲ့တော့ အမှန်မြင်မှုတွေ နှလုံးသွင်းမှုတွေ တည်ကြည်မှုတွေ သတိတွေ အဲ့ဒါတွေကလည်း ဖြစ်ပြီးပျက်တာပဲ အဲ့တော့ နာမ်တရားတွေသည် ဘာဖြစ်နေလဲဆိုတော့ ဖြစ်ပြီးပျက်နေတယ် နာမ်တရားတွေသည် ဖြစ်ပြီးပျက်နေတယ် ရုပ်တရားကျတော့ ဘာဖြစ်လဲဆိုတော့ ကော ဖောက်ပြန်ပျက်စီးတယ်တဲ့ ဟုတ်လား ရမယ်နော် တစ်ခုနဲ့တစ်ခုအပြန်အလှန် ရုပ်ကြောင့်နာမ်ဖြစ်တယ် နာမ်ကြောင့်ရုပ်ဖြစ်တယ်ဆိုတာ သဘောပေါက်ရမယ် ရုပ်ကြောင့်ဖြစ်တဲ့နာမ်ဆိုတာ ဘယ်လိုသဘောမျိုးလဲ ဆိုတော့ ရာသီဥတုက ရုပ်ကိုလာထိတယ် ကြည့်တဲ့အခါကျတော့ ပူတဲ့ရာသီဥတုဖြစ်တယ် အဲ့တာဆိုလို့ရှိရင် ဒုက္ခဝေဒနာဆိုတာ ပေါ်လာတယ် ဒုက္ခဝေဒနာဆိုတာ နာမ်တရား ဖြစ်ရတဲ့ အကြောင်းက ဘာဖြစ်လဲ ရုပ်ကိုနေရောင် လာထိလို့ ရုပ်ကြောင့်မို့လို့ နာမ်ဖြစ်တယ်ဆိုတာ အဲ့ဒါကိုပြောတာ ဟုတ်ပြီနော် အဲ့တော့ အနတ္တဆိုတာသိပြီ အဲ့တော့ ရုပ်က ဖောက်ပြန်ပျက်စီးတယ် နာမ်ကဖြစ်ပျက်တယ် အဲ့တော့ကျွန်တော်တို့က ဘာလို့ပြောလဲဆိုတော့ နှစ်ခုစလုံးကို မမြဲဘူးလို့ပြောလိုက်တယ် မမြဲဘူးလို့ပြောတယ် မမြဲဘူးဆိုတာဘာလဲဆိုတော့ အနိစ္စ မမြဲဘူးဟုတ်လား အဲ့တော့ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ရှိတယ်လို့ ယူထားတာ ကို ဘာလို့ခေါ်လဲဆိုတော့ အတ္တ လို့ခေါ်တယ်။ ဒါဒီဟာတွေအကုန်လုံး ကို ဘာလို့ခေါ်လဲဆိုတော့ အတ္တလို့ခေါ်တယ်။ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါမရှိတဲ့ကြောင့်မို့ အဲဒါသည် အနတ္တလို့ပြောတယ်။ ဟုတ်ပြီလား။ ရမယ်နော်။ အဲ့တော့ ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ နှစ်အချက်က အကြောင်းအကျိုးဟုတ်လား။ ကျွန်တော်တို့က ရေခွက်တစ်ခွက်ရှိတယ်။ ရေဗူးတစ်ခု တွေ့တယ်။ အဲ့ဒါရေဗူး လို့သိတယ်ဆိုတာ ဘာဖြစ်လို့လဲ။ အတိတ်ကရေဘူးဆိုတာ မှတ်သားမှုဖြစ်ခဲ့လို့ ရေဗူး ဆိုသည့် မှတ်မိမှု ကြောင့် ဒါသည် အကြောင်း ဒါသည်အကျိုး အဲ့လို သဘောပေါက်ရမယ်။ အဲ့တော့ခန္ဓာကိုယ်မှာလည်း အဲ့လိုပဲရုပ်လှုပ်ရှားမှု ဖြစ်တာသည်ဘာလဲ။ ဒီမြှောက်ချင်စိတ် ဖြစ်တာ မြှောက်ချင်စိတ် မြှောက်လိုသောစေတနာ အဲ့ဒါတွေက အကြောင်း ရုပ်လှုပ်ရှားမှုသည် အကျိုး မဟုတ်ဘူးလား။ အဲ့တာလည်း အကြောင်းနဲ့အကျိုးပဲ။ မြှောက်ချင်စိတ်အကြောင်း ကြောင့် မဖြစ်မနေမြှောက်ချင်စိတ်ဖြစ်တာ မဟုတ်ဘူးလား။ မြှောက်ချင်စိတ်ကအကြောင်း မဖြစ်မနေမြှောက်ချင်စိတ် ကအကျိုး။ သူကအကြောင်း သူကအကျိုး သူကအကြောင်း နော် သူကအကျိုး အကြောင်းအကျိုး အကြောင်း အကျိုး က အဲ့လိုသွားတယ်။ သူကအကြောင်းဖြစ်တယ် သူကအကျိုးဖြစ်တယ် အကျိုးဖြစ်ပြီး သူကပဲအကြောင်းပြန်ဖြစ်တယ် နောက်တစ်ခုအကျိုးကိုထပ်ဖြစ်စေတယ်။ နောက်တစ်ခုအကျိုး ဖြစ်တဲ့အခါမှာ သူကပဲအကြောင်းထပ်ဖြစ်တယ်။ နောက်တစ်ခုအကျိုးကိုထပ်ဖြစ်စေတယ်။ ဒါကဒီမှာတင်ပြီးတာ မဟုတ်ဘူး အမြဲမပြတ် အဆက်မပြတ်လည်နေတယ် အဆက်မပြတ်လည်နေတဲ့အတွက်ကြောင့် မလို့ အဲ့ဒီအဆက်မပြတ်လည်နေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ သူ့ကိုဒုက္ခလို့ခေါ်တယ် စက်ဆုပ်စရာ အသုံးမကျတာ လို့ခေါ်တယ် အဆက်မပြတ် လည်နေတာကြီးက စက်ဆုပ်စရာလည်း ကောင်းတယ် အသုံးလည်းမကျဘူး ဒီထဲမှာ ငါမပါဘူး။ ငါမှမပါတဲ့အခါကျတော့ အသုံးကျတယ်လို့လည်း ပြောလို့မရဘူး။ အဲ့တော့ ဒါတွေ လည်ပတ်နေတဲ့ တစ်ခုချင်းဆီက ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ပြီး ပျက်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စက်ဆုပ်စရာ လည်းကောင်းတယ်။ ဟုတ်လား။ အဲ့ဒါကို ကျွန်တော်တို့ ဘာလို့ခေါ်လဲဆိုတော့ ဒုက္ခလို့ခေါ်တယ်။ ဟုတ်ပြီနော်။ ဟုတ်လား။ ရမယ်နော်။ အဲ့တော့ ရုပ်နာမ်ခွဲတဲ့ဥာဏ်ရမယ်။ ပြီးလို့ရှိရင် အကြောင်းအကျိုးသိမ်းဆည်းသိသောဉာဏ်ရပြီနော်။ ပြီးလို့ရှိရင် အခု အနိစ္စ ဒုက္ခ အနတ္တ ကိုသိတဲ့ဉာဏ်သိသွားပြီလား။ ရမယ်နော်။ ဒါဆိုကျွန်တော်တို့အဆင်ပြေပြီ။ ဟုတ်လား။ ဟုတ်ပြီနော်။ ဒါရပြီနော်။ အဲ့တော့ အဲ့မှာ အခုထိမရှင်းတာ ဘာရှိလဲ။ ရလား။ နားလည်လား။ အရင်တုန်းကနားလည်တာနဲ့ အခုနားလည်တာနဲ့အဆင်ပြေလား။
ကိုနိုင်။ ။ အခုကနည်းနည်းပိုချောသွားပြီ။ ရတယ်။
ကျနော်။ ။အဆင်ပြေတယ်နော်။
ကိုနိုင်။ ။ဟုတ်။
ကျနော်။ ။ဒုက္ခနားလည်လား။
ကိုနိုင်။ ။ နားလည်တယ်။


Leave a Reply

Your email address will not be published. Required fields are marked *