တစ်ပတ်လုံး အလုပ်တွေလုပ်ခဲ့ရလို့ ပင်ပန်းတဲ့အခါ၊ အနားယူချင်တဲ့ မျှော်လင့်ချက် စိတ်ကလေး ဖြစ်လာတတ်ပါတယ်။
ဒီနေရာမှာ သေချာ ကြည့်ဖို့ လိုတာက၊ ပင်ပန်းနေတာက ဖောက်ပြန်နေတဲ့ ရုပ်တရားနဲ့ ခံစားနေတဲ့ ဝေဒနာပါ။ အနားယူဖို့ မျှော်လင့်နေတာက ဖြစ်ပေါ်လာတဲ့ နာမ်တရားပါ။ ပင်ပန်းခြင်းဟာလည်း ကိုယ် (ငါ) မဟုတ်သလို၊ အနားယူချင်နေတာကလည်း ကိုယ် (ငါ) မဟုတ်ပါဘူး။ သဘာဝတရားတွေက အကြောင်းအကျိုး ဆက်စပ်ပြီး သူ့ဟာသူ လုပ်ဆောင်နေတာ သက်သက်ပါ။
ဒီလို ခွဲခြားမြင်လိုက်ရင် ပင်ပန်းမှုကြောင့် ဖြစ်လာတဲ့ စိတ်ညစ်ညူးမှုတွေ အများကြီး သက်သာသွားပါလိမ့်မယ်။
ခန္ဓာကိုယ်ရဲ့ ညောင်းညာမှုလေးကို ငါနဲ့ မသက်ဆိုင်တဲ့ သဘာဝအဖြစ် သက်သက်သာသာလေး စောင့်ကြည့်ပေးလို့ ရမလား။


Leave a Reply