တစ်ပတ်လုံး ဖတ်ရှုခဲ့တဲ့ အချက်တွေကို စာလို သိနေရုံနဲ့တော့ လုံလောက်မှု မရှိသေးပါဘူး။ စာဖတ်ခြင်း၊ တွေးတောခြင်းထက် လက်တွေ့ ကျင့်သုံးခြင်းကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။
ဘဝရဲ့ အချိန်တိုင်းမှာ ကိုယ့်ရဲ့ ခန္ဓာနဲ့ စိတ်ကို သတိလေးနဲ့ တွဲပြီး လေ့လာသွားဖို့ လိုပါတယ်။ ကျနော်ရေးတဲ့ စာတွေရဲ့ အဓိက ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာတတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါ။
ဒါကြောင့် အမှန်တရားကို စာအုပ်တွေထဲမှာ မရှာဘဲ ကိုယ့်ရဲ့ စိတ်အစဉ်မှာသာ ရှာဖွေပါ။ ယုံကြည်မှုနောက်ကို မလိုက်ဘဲ ကိုယ်တိုင် လက်တွေ့ သိမြင်အောင် ကြိုးစားမှသာ သောတာပတ္တိမဂ် ဆိုတဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်အတွင်းမှာ ကိုယ့်ရဲ့ စိတ်ကို အကဲခတ် လေ့လာဖြစ်တဲ့ အချိန်လေးတွေ ရှိခဲ့သလား ဆိုတာ တိတ်တိတ်ဆိတ်ဆိတ်လေး ပြန်လည်သုံးသပ်ကြည့်ပါဦး။


Leave a Reply