ရဟန်းတွေနဲ့ ပါတ်သက်ရင် ကျနော်သိသလောက် မြတ်စွာဘုရား ရဟန်းတွေကို ဆုံးမတာ အများကြီးမှ အများကြီးပါ။ သုတ္တန်တွေ အများကြီးပါ။ နေပုံထိုင်ပုံတွေ စုံနေတာပါပဲ။ တကယ် ဝိနည်းအပြည့်အစုံနဲ့ဆို ရဟန္တာရဲ့ နေပုံထိုင်ပုံနီးနီးကို ဖြစ်နေမှာပါ။ အဲလိုဆိုရင် တရားအားထုတ်ရာမှာ အထောက်အကူပြုမှာပါ။ ရဟန်းများအနေနဲ့က မြတ်စွာဘုရားက ရဟန်းတွေကို တရားအားထုတ်တာမှ ရဟန္တာဖြစ်အောင် တထိုင်တည်း အားထုတ်ဆိုတာမျိုး ပြင်းပြင်းထန်ထန် ပြောတာပါ။
အဲဒီတော့ ပြောချင်တာက မြတ်စွာဘုရားက မဟာဂရုဏာတော်မို့ ဘာလုပ်လုပ် သားတော်ရာဟုလာလိုပဲ သဘောထားတာကတော့ တပိုင်းပေါ့။ ဒါပေမယ့် တကယ်တော့ ရဟန်းဆိုတာ အလုပ်မများအောင် စီစဉ်ထားတာလို့ နားလည်ပါတယ်။ ရဟန်းတဲ့မှာ စိတ်သဘောကောင်းသူတွေချည်းစုနေတာတော့ မှန်ပါတယ်။ အများစုက စေတနာကောင်းတဲ့ သူတွေလို့ ယူဆပါတယ်။ ဒါပေမယ့် ပြသနာက ရဟန်းဝတ်ပြီးနောက် ဘုရားခိုင်းတာ ကိုယ်လဲ လုပ်မယ်ပြောပြီး ကိုရင်ဝတ်လာတာ ဖြစ်လေတော့ ရဟန်းအလုပ်မှာ ဒီတရားအားထုတ်တာကို မလုပ်ပါဘူး ဆိုရင်တောင် ရဟန်းလေးသိန်းရှိရင် သုံးသိန်း ကိုးသောင်းလောက်က တရားအားထုတ်နေသူ တွေ ဖြစ်ဖို့ ကောင်းပါတယ်။
ပုထုဇဉ်ပဲလို့တော့ မပြောပါနဲ့ ပုထုဇဉ်မို့ကို တရားအားထုတ်ဖို့ လိုတာပါ။ တရားအားထုတ်တာ ရဟန်း အရေအတွက်များတယ်ဆိုရင်တော့ ဘာမှ ပြောစရာမရှိပါဘူး။ ဝိနည်းကိစ္စကလဲ တပည့်တော်ကတော့ စိတ်မဝင်စားပါဘူး။ အရှင်ဘုရားနဲ့ မြတ်စွာဘုရားကြားက ကိစ္စလို့ပဲ သဘောထားပါတယ်။ ဘုရားစကား နားမထောင်တဲ့ သူပြောစကားကိုတော့ ဘုရားဟောအတိုင်းပဲ လက်ခံပါတယ်။ ဘုရားမပညတ်တာကို မပညတ်သလို၊ ပညတ်တာကိုလဲ မပါယ်ပါဘူး။
အားနေတာပဲဟာ အရှင်ဘုရားတို့ကလဲ တရားလေး ဘာလေးလုပ်တော်မူကြပါဦး။ တပည့်တော် ပြောတာက တပည့်တော် ဆရာလုပ်ချင်တာ မဟုတ်ဘူး။ ဘုရားစကားတော့ နားထောင်သင့်တယ်လို့ ပြောတာ၊ အရှင်ဘုရားတို့ကလဲ ဘုရားစကား သေချာနားထောင်ဖို့ တပည့်တော်တို့က မပြောတော့ရော အရှင်ဘုရားတို့ကို ဘယ်သူပြောမှာလဲ။ ဒါလေးတော့ ပေးပြောပါ။ စိတ်မဆိုးပါနဲ့။ အဲလို နားမထောင်ဘူးဆိုရင်ကျတော့ အရှင်ဘုရား သရဏဂုံ ကိစ္စတွေ ဘာတွေ ရှုပ်ကုန်မယ် ဘုရား။
အရှင်ဘုရားတို့ သိတဲ့အတိုင်း ပုထုဇဉ်ဘဝနဲ့ သေရင် အပါယ်ကျဖို့ များတယ်ဆိုတော့ အရှင်ဘုရားတို့လဲ ပျံလွန်တော်မူပြီးရင် (စုတိပြီးလျှင်) တူတူပဲမို့ နည်းနည်းတော့ စဉ်းစားပါ။ ယုံကြည်ချက်သက်သက်နဲ့ နတ်ပြည်ရောက်မလား တပည်တော်လဲ မသိပါဘူး။ တပည့်တော်ကတော့ သိပ်မထင်လှပါဘူး။ အဲဒီတော့ဘာပဲဖြစ်ဖြစ်ပါ အရှင်ဘုရားတို့ကမှ တကယ်လုပ်နိုင်မှာမို့ပါ။ တပည့်တော်တို့က ဘာပြောပြော ပါဠိတွေ ဘာတွေတတ်တာမဟုတ်ဘူးလေ။ ဝင်တော့ ရှုပ်တတ်တယ်။ အရှင်ဘုရားတို့ အရိယာဖြစ်တော့ တနိုင်ငံလုံး တရားပါတ်ဟောပေါ့။ အရှင်ဘုရားတို့ တကယ်ကြိုးစားရင် မိုးကုတ်ဆရာတော်ကြီးလိုမျိုးတွေ အများကြီး ဖြစ်လာမှာပါ။ မိုးကုတ်ဆရာတော်ကြီး မဟာစည်ဆရာတော်ကြီး မရှိတော့ပါဘူး။ ဒါပေမယ့် သူတို့ ကျေးဇူးလဲ ကျနော်တို့ပေါ် ကြီးပါတယ်။ အဲဒီတော့ အရှင်ဘုရားတို့များ သုံးသိန်းလောက် တရားအားထုတ်နေရင်တော့ သောတာပန် ဖြစ်မယ့်သူရှိရင် ကမ္ဘာပျက်ဖို့ရှိတောင် မပျက်ဖူးဆိုတော့ ဘာမှ မလုပ်နိုင်လဲ ကိုယ်တတ်နိုင်တာ လုပ်ပါ။ လောကဓံကို အမြတ်ထုတ်လိုက်ပါ။
ဦးတင်ပါတယ် ဘုရား။


Leave a Reply