စိတ်ဆိုတာ အကောင်အထည် မရှိပေမယ့် သူ့ရဲ့ အလုပ်လုပ်ပုံက အရမ်း မြန်ပါတယ်။ မျက်စိက မြင်လိုက်တဲ့အခါ သိသွားတဲ့ သိစိတ်ဆိုတာ ဝိဉာဏ် ပါပဲ။
ချက်ချင်းဆိုသလို နောက်ထပ် အတွေးတစ်ခု ဝင်လာတတ်ပါတယ်။ အဲဒီလို အတွေးတွေ၊ စိတ်ကူးတွေ ပေါ်လာတဲ့အခါ လိုက်မတွေးဘဲ၊ ဘယ်လို ပေါ်လာပြီး ဘယ်လို ပျောက်သွားလဲဆိုတာကို ပစ္စုပ္ပန်တည့်တည့်မှာ စောင့်ကြည့်ပါ။
အမှန်တရားကို စာအုပ်ထဲမှာ ဖတ်ရုံနဲ့ မရပါဘူး။ ကိုယ်တိုင် လက်တွေ့ လေ့လာကြည့်မှသာ စိတ်ဆိုတာ ဖြစ်ပြီး ပျက်သွားတဲ့ သဘာဝသက်သက်ပဲဆိုတာ မျက်မှောက်ပြုနိုင်မှာပါ။
ငါဆိုတဲ့ အထင်မှားကနေ လွတ်မြောက်ဖို့က အဲဒီလို တိုက်ရိုက် ကိုယ်တိုင် မြင်ဖို့ လိုပါတယ်။
အခု စာဖတ်နေတဲ့ သိစိတ်လေး ချက်ချင်း ပျောက်သွားပြီး တခြားစိတ် အစားထိုးသွားတာကို သတိပြုမိပါရဲ့လား။


Leave a Reply