တကယ်တော့ ခန္ဓာမှာ “ငါ” ဆိုတာ တကယ် မရှိတဲ့အတွက် အဲဒီခံစားတာ၊ လုပ်တာ၊ ပြောတာ၊ ကြံစည်တာတွေဟာ “ငါ” လုပ်တာ မဟုတ်ပါဘူး။ ဒါဆို ဘာတွေက လုပ်နေတာလဲ။ မျက်စိ၊ နား စတဲ့ ဒွါရတွေနဲ့ အာရုံတွေ တိုက်မိလို့ ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေပဲ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ဖောက်ပြန်ပျက်စီးနေရင်း ကာယကံ၊ ဝစီကံ လှုပ်ရှားမှုတွေ အဖြစ် ဖြစ်ပေါ်နေတဲ့ ရုပ်တရားပဲ ရှိတာပါ။ ငါဆိုတဲ့ အထည်ကိုယ် မပါဘဲ၊ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်သက်သက်ပါပဲ။
ကိုယ်ပြောဆို လှုပ်ရှားနေတာတွေကို “ငါ” လုပ်နေတာလား၊ အကြောင်းအကျိုး ဖြစ်စဉ် သက်သက်လားဆိုတာ ခဏလောက် လေ့လာကြည့်ပါလား။


Leave a Reply