မနက်လင်းတာနဲ့ “ငါ့ခန္ဓာကိုယ်၊ ငါ့စိတ်၊ ငါ့အလုပ်” ဆိုပြီး အရာရာကို အပိုင်သိမ်းကြတယ်။ တကယ်တော့ ကိုယ့်စိတ်တောင် ကိုယ်မပိုင်ပါဘူး။ “မတွေးနဲ့” လို့ တားထားတဲ့ကြားက တွေးနေတာပဲ မဟုတ်လား။
အဲဒီလို ကိုယ်မပိုင်တဲ့၊ ထိန်းချုပ်လို့မရတဲ့ အရာတွေကို “ငါ” လို့ သွားစွဲလမ်းနေတာဟာ သက္ကာယဒိဋ္ဌိ ဆိုတဲ့ အမြင်မှားပါပဲ။ ပြဿနာတိုင်းရဲ့ အစက အဲဒီ “ငါ” က စတာပါ။
သောတာပန်ဖြစ်ဖို့ဆိုတာ တခြားအထူးအဆန်းတွေ လုပ်ရမှာ မဟုတ်ဘူး။ ဒီအမြင်မှားကို လက်တွေ့ဖယ်ရှားတာပါ။ သူများပြောလို့ ယုံကြည်ရုံနဲ့ ဒီအစွဲက မပြုတ်ပါဘူး။ အရှိတရားကို အရှိအတိုင်း ယထာဘူတ ကျကျ မြင်အောင် ကိုယ်တိုင် စောင့်ကြည့်နိုင်တဲ့ နားလည်မှုကသာ အဓိကကျပါတယ်။
ဒီနေ့ တစ်နေ့တာမှာ ကိုယ်တွေးနေတဲ့ အတွေးတွေကိုပဲ “ငါ တွေးနေတာလား၊ သူ့အကြောင်းနဲ့သူ ပေါ်လာတာလား” ဆိုတာလေး စောင့်ကြည့်ပေးပါ။
ဒီနေ့အတွက် အမေး- ငါ့စိတ်ကို ငါတကယ်ပဲ အပြည့်အဝ ထိန်းချုပ်လို့ ရနေပါသလား?


Leave a Reply