ခန္ဓာမှာ “ငါ” ဆိုတာ တကယ် မရှိပါဘူး။ ကိုယ်ဆိုတာ မရှိရင် ကိုယ့်အလိုဆိုတာ မရှိသလို၊ ကိုယ်မကျေနပ်မှု ဆိုတာလည်း မရှိတော့ပါဘူး。
နေ့စဉ်ဘဝမှာ အကြောင်းတိုက်ဆိုင်ရင် လောဘဖြစ်စရာ ပေါ်လာမယ်၊ ဒေါသထွက်စရာ ကြုံလာပါလိမ့်မယ်။ အဲဒီလို ဖြစ်ပျက်နေတဲ့ လောဘ၊ ဒေါသတွေကို “ငါ ဖြစ်တယ်” ဆိုတဲ့ မောဟ ကင်းကွာစွာနဲ့ အရှိကို အရှိအတိုင်း သိပေးလိုက်ပါ။ “ငါ ဒေါသထွက်မိပြန်ပြီ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုးလည်း မရှိတော့ပါဘူး။ သဘာဝတရားက သူ့အကြောင်းနဲ့သူ အလုပ်လုပ်သွားတယ်လို့ မြင်ပြီး အပြစ်တင်မှု ကင်းစင်စွာ ဖြတ်သန်းတာဟာ သောတာပန်တို့ရဲ့ ဘဝပါပဲ။
စိတ်တိုစရာ ကြုံလာတဲ့အခါ ငါဆိုတဲ့ အစွဲမပါဘဲ ဒေါသစိတ်လေး ဖြစ်ပြီး ပျက်သွားတာကို လေ့လာကြည့်ရအောင်။


Leave a Reply