ဝိပဿနာရဲ့ အနှစ်သာရက ပြုပြင်ပြောင်းလဲဖို့ မဟုတ်ပါဘူး။ “အရှိကို အရှိအတိုင်း သိဖို့” သက်သက်ပါ။
ဒါပေမဲ့ ကျွန်တော်တို့က စိတ်ငြိမ်ချင်တဲ့ လောဘနဲ့ တရားထိုင်တတ်ကြတယ်။ စိတ်ပြန့်လွင့်သွားရင် “မကောင်းဘူး” ဆိုပြီး အတင်း ပြန်ဆွဲယူတယ်။ ဒါဟာ သဘာဝတရားကို ကြားဝင် စွက်ဖက်နေတာပါပဲ။ စိတ်ပြန့်လွင့်ရင် ပြန့်လွင့်မှန်း သိလိုက်တာကမှ အမှန်တရားကို မြင်တာပါ။
နာကျင်မှု ပေါ်လာရင် ပျောက်ချင်တဲ့စိတ်နဲ့ မရှုပါနဲ့။ နာတာဟာ သူ့သဘောသူ ဆောင်နေတာလို့ လက်ခံပြီး ကြည့်ပါ။ ကြားဝင် မစွက်ဖက်ဘဲ ကြည့်တတ်လာတဲ့အခါ၊ ကိုယ်တိုင် ဇာတ်ကောင် မလုပ်တော့ဘဲ ပွဲကြည့်ပရိသတ် ဖြစ်လာပါလိမ့်မယ်။
ဒီနေ့အတွက် အမေး- ဖြစ်ပျက်နေသမျှကို ငါက ဘာလို့ အတင်း ဝင်ပြင်ချင်နေရတာလဲ?

Leave a Reply