ကျွန်တော်တို့ မြင်နေရတဲ့ လောကကြီးဟာ အပြင်မှာ တကယ်ရှိတယ်လို့ ထင်ရပေမယ့်၊ တကယ်တော့ လောက ဆိုတာ ဘယ်လို ဆိုပြီး သတ်မှတ် သိနားလည် ခြင်း ဆိုတဲ့ စိတ်လေး တစ်ခု ပါပဲ။
မျက်စိက မြင်လိုက်တဲ့အခါ နားက ကြားလိုက်တဲ့အခါ လောကကြီးက ဘယ်လို ဆိုပြီးသတ်မှတ်မှု ဖြစ်ပါတယ်။ ကိုယ်ယူဆ တဲ့ လောက ဆိုတာက သတ်မှတ်ချက်တွေ ကို အမှန်လို့ယူထားတဲ့ စိတ်တခုပါပဲ။ကိုယ့်ရဲ့ စိတ်ကလေး တစ်ခု ဖြစ်ပေါ်ပြီး ပျက်သွားတာကို လေ့လာနိုင်ရင်၊ လောကကြီးတစ်ခုလုံးဟာ ကိုယ့်သတ်မှတ်ချက် ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ တကယ်ရှိတာက အကြောင်းကြောင့် အကျိုးဖြစ်နေတဲ့ သင်္ခါရတရားတွေရဲ့ အဆက်မပြတ် ဖြစ်ပျက်မှုသာ ဖြစ်ပါတယ်။ သင်္ခါရတရားတွေသာ ဖြစ်ပြီး ငါသူ မရှိတဲ့အတွက် ဘာကိုမှ အခိုင်အမာ ဆုပ်ကိုင်ထားစရာ မလိုတော့ပါဘူး။
သိစိတ်လေးရဲ့ ဖြစ်မှုပျက်မှုတွေကိုပဲ လောကကြီးလို့ ကိုယ်ယူဆ ထားမိတယ် ဆိုတာကို သဘောပေါက်နိုင်မလား။


Leave a Reply