ကျွန်တော်တို့ ဘဝမှာ တွေ့ကြုံနေရတဲ့ အဆင်ပြေမှု၊ အဆင်မပြေမှု အားလုံးဟာ အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေ ချည်းပါပဲ။
အဲဒီ အရာတွေ အားလုံးဟာ အကြောင်းဆုံရင် ပေါ်လာမယ်၊ အကြောင်းကင်းရင် ပျက်သွားမယ် ဆိုတဲ့ ဖြစ်ပြီး ပျက်သွားတတ်တဲ့ နေရာမှာတော့ တူညီကြပါတယ်။ ဒါကို သေချာ နားလည်ပြီး ဖြစ်ပျက်သွားတတ်တဲ့ သဘာဝတရားတွေ အနေနဲ့သာ အားလုံးအပေါ် တပြေးညီ ရှုကြည့်နိုင်မယ်ဆိုရင် အရာရာကို သက်သက်သာသာ လက်ခံနိုင်လာပါမယ်။ ဒီလို မြင်လာတဲ့အခါ အလွန်အမင်း ပူပန်တာတွေ၊ အလွန်အမင်း ပျော်ရွှင်တာတွေကနေ ကင်းလွတ်သွားပြီး စိတ်ဟာ အေးချမ်း တည်ငြိမ်လာပါလိမ့်မယ်။
အခု ပေါ်လာတဲ့ ခံစားချက်လေးကို ဖြစ်ပြီးရင် ပျက်သွားမယ့် သဘာဝတစ်ခုလို တပြေးညီ လေ့လာကြည့်ပေးလို့ ရမလား။


Leave a Reply