အဓိကကတော့ လူသားအားလုံးဟာ လက်ရှိမှာ လုံးဝ မရှိတော့တဲ့ “အတိတ်” ကို တကယ်ရှိတယ်လို့ ညီညွတ်စွာ မှားယွင်းလက်ခံထားကြလို့ပါ။ ပြီးတော့ အဲဒီ မရှိတော့တဲ့ အတိတ်နဲ့ပဲ တစ်ယောက်ကို တစ်ယောက် ပုံသေ ဆုံးဖြတ် သတ်မှတ်ကြတယ်။
ဘယ်သူ့ရဲ့ အတိတ်မှ အခု ပစ္စုပ္ပန်မှာ မရှိနေဘူးဆိုတဲ့ အမှန်တရားကိုသာ ညီညီညွတ်ညွတ် လက်ခံလိုက်နိုင်ရင်၊ ကျွန်တော်တို့အားလုံးအတွက် ငြိမ်းချမ်းတဲ့ အနာဂတ်ဆိုတာ လက်တစ်ကမ်းမှာတင် ရှိနေမှာပါ။
လက်ရှိမှာ မရှိတော့တဲ့ အတိတ်အရိပ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ ပူလောင်အောင် လုပ်နေသေးလားဆိုတာ ဆင်ခြင်ကြည့်ပါဦး။


Leave a Reply