ငါ့ကို အသိအမှတ်မပြုဘူး၊ ငါ့ကို မလေးစားဘူး ဆိုတဲ့ အတွေးတွေကပဲ ပူလောင်မှုတွေကို ဖြစ်စေတာပါ။ တကယ်တော့ ခန္ဓာမှာ “ငါ” လို့ ခေါ်တဲ့ အတ္တ ဆိုတာ ရှာမရပါဘူး။ ဒီနေရာမှာ “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရမယ့် အကြောင်းကိုလည်း အထူးသတိပြုစေချင်ပါတယ်။ ငါမရှိဘူးဆိုတာ သိပေမယ့် ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ဖို့ပါပဲ။ အဲဒီလို လုပ်တဲ့အခါ “ငါ” ဆိုတဲ့ အစွဲမပါတော့လို့ ပိုပြီး အေးချမ်းပါတယ်။

ကိုယ့်ကို ဒုက္ခပေးနေတာ ပြင်ပပြဿနာလား၊ “ငါ” ဆိုတဲ့ အစွဲလားဆိုတာ ခဏလောက် အကဲခတ်ကြည့်ပါ။


Leave a Reply

Your email address will not be published. Required fields are marked *