ကျွန်တော်တို့ဟာ ဆင်းရဲဒုက္ခကို မလိုချင်ဘဲ ပျော်ရွှင်မှု၊ အေးချမ်းမှု၊ လွတ်လပ်မှု၊ မေတ္တာတရား စတဲ့ ကောင်းမွန်တဲ့ အရာတွေကိုပဲ အမြဲ တပ်မက်နေတတ်တယ်။
သေချာကြည့်ရင် အဲဒီ ကောင်းပါတယ်ဆိုတဲ့ အရာတွေဟာလည်း အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး ပြန်ပျက်သွားတဲ့ နာမ်တရားတွေချည်းပါပဲ။ ဘယ်အရာမှ အမြဲတမ်း မတည်မြဲတဲ့အတွက်၊ ဖြစ်ပြီးပျက်တဲ့ သဘောရှိတဲ့ ဘယ်အရာမှ အပြစ်ကင်းတယ်လို့ မဆိုနိုင်ပါဘူး။ ဒါတွေကို အခိုင်အမာ ဆုပ်ကိုင်ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ ဆင်းရဲရတာပါပဲ။ အရှိကို အရှိအတိုင်း လက်ခံနိုင်ခြင်းကသာ အမှန်တကယ် လွတ်မြောက်ခြင်းကို ရစေမှာပါ။
စိတ်ထဲမှာ ငြိမ်းချမ်းတဲ့ ခံစားမှုလေး ပေါ်လာရင် အဲဒါလေးလည်း ချက်ချင်း ပျက်သွားတဲ့ သဘောရှိတယ်ဆိုတာကို ဉာဏ်နဲ့ ကြည့်ပေးပါ။


Leave a Reply