ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးက မရပ်မနား ဖောက်ပြန် ပျက်စီးနေတယ်။ စိတ်ဆိုတာကလည်း အကြောင်းတိုက်ဆိုင်တိုင်း ဖြစ်လာပြီး ချက်ချင်း ပြန်ပျက်သွားတယ်။

ဒါကို သတိမထားမိတဲ့အခါ “ငါ လုပ်နေတယ်၊ ငါ ဆိုတာ အခိုင်အမာ ရှိနေတယ်” လို့ ထင်မှတ်နေတတ်ကြတယ်။ အဲဒီလို ခိုင်မြဲတဲ့ ငါ ရှိတယ်လို့ ထင်နေတာဟာ အမှန်တရားကို ဖုံးကွယ်ထားတဲ့ မောဟ သဘောပါပဲ။ ဖြစ်ပြီး ပျက်နေတဲ့ အကြောင်းအကျိုး သဘာဝကို “ငါ” လို့ ထင်နေသရွေ့တော့ ဆင်းရဲဒုက္ခထဲကနေ ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ လက်တွေ့ ဖြစ်ပျက်နေတာကို အရှိကို အရှိအတိုင်း မြင်အောင် ကြည့်ဖို့ပဲ လိုပါတယ်။

“ငါ” လို့ ထင်နေတဲ့ ခန္ဓာကိုယ်မှာ တဆစ်ဆစ် ပြောင်းလဲ ဖောက်ပြန်နေတဲ့ သဘောလေးတွေကို သတိထားမိပါရဲ့လား။


Leave a Reply

Your email address will not be published. Required fields are marked *