ကျွန်တော်တို့က ဒီခန္ဓာကိုယ်ကြီးကို အမြဲတမ်း ခိုင်မာတယ်လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သေချာကြည့်ရင် ရုပ်တရားက အမြဲတမ်း ဖောက်ပြန် ပြောင်းလဲနေပါတယ်။
အေးတာ၊ ပူတာ၊ ညောင်းတာတွေက အမြဲဖြစ်နေတာပါ။ အဲဒီဖောက်ပြန်မှုတွေကို သိနေတဲ့ ဝိဉာဏ် ကလည်း ချက်ချင်းဖြစ်ပြီး ချက်ချင်းပျက်သွားပါတယ်။ ဒီလို ဖောက်ပြန်နေတဲ့ ရုပ်နဲ့ ဖြစ်ပျက်နေတဲ့ နာမ်ကို “ငါ” လို့ ဆုပ်ကိုင်ထားတာဟာ အမြင်မှားပါပဲ။ မမြဲတဲ့ သဘာဝကို “ငါ့ခန္ဓာကိုယ်” လို့ အတင်းအကျပ် ဆုပ်ကိုင်ထားသရွေ့တော့ ဆင်းရဲမှုတွေနဲ့ ကြုံနေရဦးမှာပါ။
အခု စာဖတ်နေရင်းနဲ့ သိမှုတွေ ဖြစ်ပျက်သွားတာကို သတိထားမိပါရဲ့လား။


Leave a Reply