ကျွန်တော်တို့ကို အများဆုံး ဒုက္ခပေးနေတာက အတိတ်က အဖြစ်အပျက်တွေ၊ ကြောက်ရွံ့မှုတွေနဲ့ နောင်တတွေပါပဲ။ တကယ်တော့ အဲဒီအရာတွေ အကုန်လုံးက အခု ပစ္စုပ္ပန်မှာ မရှိတော့ပါဘူး။
သညာ လို့ခေါ်တဲ့ မှတ်သားမှုကသာ ကိုယ့်ကို ပြန်ပြီး နှိပ်စက်နေတာပါ။ အတိတ်က ပုံရိပ်တွေ ခေါင်းထဲ ပေါ်လာတိုင်း ဒါဟာ တကယ်ဖြစ်နေတာ မဟုတ်ဘူး၊ အမှတ်အသားလေး တစ်ခုသက်သက်သာ ဖြစ်တယ်လို့ မြင်အောင်ကြည့်ပါ။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာဖြစ်ဖြစ်၊ ကြောက်ရွံ့တာဖြစ်ဖြစ် အားလုံးဟာ လက်ရှိသဘာဝကို မမြင်တဲ့ အသိဉာဏ်ကင်းမဲ့မှုကြောင့် ဖြစ်လာတာပါ။ ဆင်းရဲဒုက္ခဆိုတာ ပြင်ပကလာတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ မှတ်သားမှု သညာတွေနောက်ကို လိုက်ပါသွားခြင်းကနေ လာတာပါ။ သညာရဲ့ လှည့်စားမှုကို သိလိုက်တာနဲ့ လွတ်မြောက်မှုက စတင်ပါတယ်။
ကိုယ့်ကို ပင်ပန်းစေတဲ့ အတွေးတစ်ခု ပေါ်လာတိုင်း ဒါဟာ သညာရဲ့ လှည့်စားမှုလေးပါလားလို့ သတိပြုကြည့်ရအောင်။


Leave a Reply