ကျနော် တရားပြတဲ့အလုပ်ကို လူပုဂ္ဂိုလ် ၆ ယောက်လောက်ကို တယောက်ချင်းစီ လုပ်ပေးနေပါတယ်။ အဲဒီထဲကမှ ဒီတပါတ်အတွင်း တရားပြဖြစ်တဲ့ သူ (တရားအားထုတ်သူ အနှောက်အယှက်ဖြစ်မှာ စိုးလို့ နာမည်ကို ကိုနိုင်လို့ပဲ ပေးထားလိုက်ပါတယ်) တယောက် နဲ့ ပထမဆုံး နေ့အနေနဲ့ တရားပြတာကို မိတ်ဆွေများ ဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ ဒီစာကို ဖတ်ပြီး တရားပြခံရသလို နားလည်မယ် ဆိုရင်တော့ အကျိုးများမယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်။ ။ လုပ်ပါဦး။ အဲ့ဒီတော့ ကျွန်တော်တို့ဒီတစ်ပတ်အတွင်းလုပ်ခဲ့တဲ့ဟာပေါ့ ဟိုတစ်‌နေ့ကကျွန်တော်တို့ စမ်းပြီးရှုကြည့်တယ်။ ဟုတ်လား တခါထဲစမ်းရှုကြည့်တော့ အဲ့တာဘယ်လိုနေလဲ။
ကိုနိုင်။ ။အဲ့နေ့ကဘယ်လိုဖြစ်လဲဆိုတော့ အစ်ကိုပြန်သွားတော့ ကျွန်တော်ခဏထိုင်ပြီးတော့ ကျွန်တော် အဲ့ချိန်တုန်းက ကျွန်တော်မြင်တယ်။ မြင်စိတ်နဲ့ ကြားစိတ်ကို ကျွန်တော်ကြည့်တယ်ပေါ့။ ကြည့်တယ်ဆိုတော့ ဟို ဘယ်လိုမျိုးလဲဆိုတော့၊ အခုကျွန်တော် ဟိုအရင်တုန်းက ဟိုဝိုင်းမှာထိုင်ပြီးတော့ အရှေ့မှာ လူတယောက် ဖြတ်သွားတယ်ဆိုလို့ရှိရင် သူသွားတဲ့ သူရောက်တဲ့နေရာ၊ ကျွန်တော်စပြီးတော့ မြင်လိုက်တဲ့အချိန်က စက္ကန့်ပိုင်းတအားမြန်တယ်ပေါ့ဗျာ။ သူကိုစပြီးတော့မြင်လိုက်တဲ့အချိန်နဲ့ သူရောက်သွားအချိန်မှာ ဒီနေရာကြီးက ဒီနေရာကြီးကိုကျွန်တော်မှတ်ပြီးတော့ ဒါမရှိတော့ဘူး ပြီးသွားပြီ ပျက်သွားပြီးပေါ့။ အဲ့လိုတောက်လျှောက်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်အဲ့မှာတနာရီလောက်ခဏထိုင်တယ်။ထိုင်ပြီးတော့၊ ပြန်တော့ကျတော့ ကားတွေကိုကြည့်တော့ ကားတွေကသွားတယ်။ လမ်းမှာဆိုလည်းအဲ့လိုပဲ၊ အဲ့အချိန် တောက်လျှောက်ကျွန်တော် ကားပေါ်မှာကြည့်တော့ဘယ်နေရာကြည့်ကြည့် အဲ့လိုဖြစ်နေတော့ မျက်လုံး တောင်ပိတ်ထားချင်တယ် ဖြစ်သွားတယ်။
ကျွန်တော်။ ။ မြင်စိတ်ဖြစ်ပျက်ကတော့ ကျွန်တော်တို့ က(Theoretically)ပဲရှုရမှာ၊ တကယ်လိုက်ရှုစရာတော့မလိုဘူး။တကယ်လိုက်ရှုလို့လည်းရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာဆိုပါဆို – ဒီလူတစ်ယောက်ဖြတ်သွားတယ်ပေါ့၊ စစချင်းပေါ့ အဲ့အချိန်လေးမှာကိုကတကယ့် တကယ်က အလင်းအလျင်တွေ သွားတဲ့ပုံစံလေးက အရမ်းမြန်နေပြီ။ အဲ့တော့မြင်စိတ်တွေဖြစ်တာကို တောက်လျှောက်အရမ်းမြန်နေတယ်။ အဲ့တော့ ကျွန်တော်တို့က ဘာနဲ့ပြောလို့ရလည်းဆိုတော့ တစက္ကန့်ကို လူမျက်လုံးက 30 frame per second လားမသိဘူး။ အဲ့လောက်နဲ့သွားတယ်။Frame 30 ပေါ့။ တစက္ကန့်အတွင်းမှာဆိုတော့ အဲ့လောက်လောက်သွားတယ်ဆိုတော့ တစ်စက္ကန့်အတွင်းမှာ မြင်စိတ်ကအကြိမ်၃၀ဖြစ်ပျက်နေတယ်လို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့။ အဲ့ဒါကိုလိုက်မှီအောင်လို့ ကြည့်လို့မရဘူး။ ဖြစ်ပျက်ရှုလို့ မလွယ်ဘူး။ ဒါပေမယ့် မြင်စိတ်သည်လည်းဖြစ်ပျက်ပဲဆိုတာတော့ သိရမယ်။ အဓိကလိုအပ်တာက မြင်စိတ်သည်လည်းဖြစ်ပျက်ပဲဆိုတာ သိဖို့ လိုအပ်တာနော်။အဲ့တော့ ကျန်တဲ့ဟာကျတော့ ကြားထဲမှာကျတော့တစ်ရက်ကိုဘယ်နှခါလောက်၊ ဘယ်နှစ်နာရီလောက်လုပ်ဖြစ်လဲ။
ကိုနိုင်။ ။ နာရိအတိအကျတာ့မရှိဘူး။ ကျွန်တော်ကသတိဝင်၊ သတိတော့ကပ်ထားတယ်။ ရရင်ရသလောက်တော့ ကျွန်တော်အကုန်လုပ်တယ်ပေါ့။ စာသင်တဲ့အချိန်ကြည့်တို့ စာကြည့်တဲ့ အချိန်တို့တော့ လုပ်ရတာအဆင်မပြေဘူးပေါ့။
ကျွန်တော်။ ။ အင်းပေါ့၊ ဟုတ်တာပေါ့။ အဲ့တော့ ယေဘုယျအားဖြင့် ပျမ်းမျှအားဖြင့်ဘယ်လောက်လောက်ရလဲ တရက်ကို အကြမ်းဖျင်းပေါ့။ သေးသေးလေးတွေပေါင်းလိုက်ရင်ပြောတာ။
ကိုနိုင်။ ။အင်း ကျွန်တော် ၂ နာရီ ၃ နာရီလောက်တော့ရမယ်။
ကျွန်တော်။ ။ နှစ်နာရီ၃နာရီလောက်တော့ ရမယ်။ အင်း။ အဲ့တော့ အဲ့အချိန်လေးမှာ ရှုတဲ့ဟာတွေကရော မြင်စိတ်ရယ်၊ ကြားစိတ်က ကြားစိတ်ရှုတာ ဘာအခက်အခဲဖြစ်တာလဲ။
ကိုနိုင်။ ။ ကြားစိတ်ရှုတာက ဘာအခက်အခဲဖြစ်တာလဲဆိုတော့။ အခု ကျွန်တော်မျက်လုံးပိတ်ပြီးတော့ ကျွန်တော်နေလိုက်တယ်ပေါ့။ နေလို့ရှိရင် အသံကြားတယ်။ ကြားတဲ့ဟာကို အဲ့လိုဘယ်လိုခေါ်မလဲ။
ကျွန်တော်။ ။ နေရာလား?
ကိုနိုင်။ ။ဟုတ်တယ်။ ကျွန်တော်နေရာနောက်ကိုစိတ်ကပါသွားပြီး ဘယ်နေရာဆိုတာကို အရင်ပေါ်လာတယ်။ အသံလည်းပေါ်တော့ပေါ်မှာ ဒါပေမယ့် ကျွန်တော်မှတ်တဲ့အခါမှာ ဟို…
ကျွန်တော်။ ။မှတ်တဲ့အခါမှာ နေရာက အရင်ပေါ်လာတယ် ပြီးတော့ရော…
ကိုနိုင်။ ။ ပြီးတော့ အဲ့မှာသတိကပ်တယ်။ သတိကပ်တယ်ဆိုပေမယ့် ကြားတယ်လို့ပဲသတိကပ်တဲ့အချိန်မှာမှ အသံ စိတ်ထဲမှာပါ ပုံပေါ်လာတယ်။ ဈေးသည်ဖြတ်သွားရင် အဲ့ဈေးသည်ပုံကြီး ပေါ်လာတယ်။ အဲ့မှာ အဲ့ဈေးသည်ပုံကြီးပေါ်လာတော့ နောက်ထပ်ကျွန်တော်ကထပ်ပြီးတော့ သတိထပ် ကပ်လိုက်တယ်။ စိတ်ကိုသတိကပ်လိုက်တယ်။ ဘယ်လိုခေါ်မလဲ နည်းနည်းစာနဲ့ကပ်လိုက်တာပေါ့ အာရုံနဲ့ဒွါရထိလို့၊ မနောအာရုံနဲ့မနောဒွါရ ထိလို့ဖြစ်လာတာဆိုပြီးတော့ ကျွန်တော်ကပ်လိုက်တော့ အဲ့ကောင်က ပြတ်သွားတယ်။ အဲ့တာ ပြီးရင် နောက်တစ်ခုထပ်ပေါ်လာတယ်။ ပြောရရင် ကျွန်တော် ဒီကြားစိတ်ဆိုရင် ကြားစိတ်မှာတင် ကျွန်တော်က ပြီးမသွားဘူး။ နောက်ကဒီ ဘယ်လိုခေါ်မလဲ စိတ်ကိုပါ ထပ်ပြီးတော့ အဲ့လို…
ကျွန်တော်။ ။ဖြစ်ပျက်လိုက်ရှုရမှာ…
ကိုနိုင်။ ။ ဖြစ်ပျက်လိုက်ရှုရမှာ အဲ့လို…
ကျွန်တော်။ ။ အဲဒီတော့…
ကိုနိုင်။ ။ အဲ့လိုဆိုတော့ အဲ့မှာရှုလိုက်ရင်တော့ပြီးသွားတယ်။ ပြီးသွားပြီးတော့ အဲ့စိတ်ကအဲ့မှာ ကြားတယ်။ အသံတစ်ခုကြားတယ်။ အဲ့ကောင်ပြီးသွားရင် နောက်အသံတစ်ခုထပ်ပေါ်လာတယ် နောက်တစ်ခု ထပ်ရှု အဲ့လိုနှစ်ဆင့်ကျွန်တော်ကရှုနေရတယ်။ အဲ့ဒါပြီးရင် တစ်ခါတစ်လေကျတော့ ဒီထိနေတဲ့ စိတ်ကိုရတယ်ပေါ့။ ဒီလို တတောင်နဲ့ခုံနဲ့ထိတာ အဲ့ကျတော့လည်း အဲလိုစိတ်ကိုကြည့်လိုက်၊ ကြည့်လိုက်တော့ ကျွန်တော်က မျက်လုံးတော့မှိတ်ရင်လည်းမှိတ်တယ်။ ဖွင့်ရင်လည်း ဖွင့်တယ်။ ဒါပေမဲ့ ဒီစိတ်ကကျတော့ ဒီလက်နေရာကို ရောက်နေတယ်။ လက်နဲ့ထိနေတယ်ဆိုပြီးတော့ အဲ့လိုမျိုးသိနေသေးတယ်ပေါ့ပြောရရင်။ အဲ့လိုဖြစ်တယ် ဒီတိုင်း သွားလာနေရင်းမဟုတ်ပဲနဲ့ ကျွန်တော်အထိုင်နဲ့လည်း ထိုင်ကြည့်တယ်။ အထိုင်နဲ့ ထိုင်ကြည့်တော့ ကျွန်တော် ဒီမြင်စိတ်ကကျတော့ မရှိတော့ဘူး။ အဲ့မှာကျွန်တော်သိတာ ကြားစိတ်ရယ် ဒီစိတ် ဟိုဟာဘယ်လိုခေါ်မလဲ။ မနောစိတ်ပေါ့နော် အဲ့ဒါရယ်…
ကျွန်တော်။ ။ ကြံတွေးစိတ်
ကိုနိုင်။ ။ ဟုတ်၊ ကြံတွေးစိတ်
ကျွန်တော်။ ။ ကြားစိတ်တို့၊ ကြံတွေးစိတ်တို့ပေါ့…
ကိုနိုင်။ ။ ကြားစိတ်ရယ်၊ ကြံတွေးစိတ်ရယ်၊ ပြီးရင် ဒီထိတွေ့စိတ်ရယ် အဲ့သုံးခုပဲ ကျွန်တော်အဓိကထားတယ်။ အဓိကတော့ကြားစိတ်ပေါ့။ ကြားစိတ်ဆိုတာတော့ ပတ်ဝန်းကျင်မှာ တောက်လျှောက် အသံတွေကကြားရတယ်။ တိရစ္ဆာန်သံတွေ အကုန်အကုန်လုံးကြားရတယ်။ သူတို့ကိုလိုက်မှတ်တယ်။ သူတို့အဲ့လိုပဲ ခုနလိုကျွန်တော် နှစ်ဆင့်နှစ်ဆင့်မှတ်နေရတာပေါ့။ အသံကြားလိုက်တယ်၊ ကြားစိတ်တင်ရပ်မသွားဘူး။ နောက်မှာအဲ့ဒီပုံရိပ်တွေကပေါ်လာတယ်။ အဲ့ပုံရိပ်တွေကိုကျွန်တော်က ကြံတွေးစိတ်အနေနဲ့ထပ်ပြီးတော့မှတ်တယ်။ အင်းအဲ့လိုပြီးရင် ထိတွေ့စိတ်ဆိုလို့ရှိရင်လည်း အခုဒီလိုလက်တွေဘာတွေ ကျွန်တော်ထပ်ထပ်ပြီးတော့ ကိုင်တော့လက်နှစ်ခုထိတယ်၊ အဲ့ဒါကိုထိနေတယ်သိတယ်။ နောက်ပြီးတော့ ဒီတင်ပါးနဲ့ အဲ့လိုဟိုဒီ ပြေးလိုက် တင်ပါးကိုပြေးလိုက် သူ့ကိုလိုက်ပြီးတော့မှတ်တယ်။ မှတ်တော့အဲ့အချိန်မှာလည်းဒီခန္ဓာကိုယ်ပုံလုံးကြီးကပေါ်လာပြီးတော့ အဲ့ဒါကြီးကိုလည်းကျွန်တော်ကထပ်ပြီးတော့…
ကျွန်တော်။ ။ကြံတွေးစိတ်…
ကိုနိုင်။ ။ ကြံတွေးစိတ်ပေါ့။ အဲ့ခန္ဓာကိုယ်ကုန်လုံးကြီးနဲ့ ထိနေတဲ့ဟာကြီးကိုမျက်လုံးထဲမှာမြင်ပြီးတော့ အဲ့ဒါကြီးပါ ကျွန်တော်ကထပ်ပြီးတော့…
ကျွန်တော်။ ။ ကြံတွေးစိတ်ဖြစ်ပျက်…
ကိုနိုင်။ ။ မှတ်တယ်။ နောက်ဆုံးကြတော့ဒီအဆုံးကျတော့၊ ဒီကြံတွေးစိတ်မှာတင် ပြီးသွားတဲ့သဘောပေါ့…
ကျွန်တော်။ ။ ပြီးသွားပြီ၊ အင်း
ကိုနိုင်။ ။ ပြီးသွားဆိုပေမဲ့လည်း နောက်တစ်ခုပြန်အသစ်ပေါ်လာ အဲ့လိုပြန်လိုက် …
ကျွန်တော်။ ။ အင်း၊ အဲ့တော့ဖြစ်ပျက်ကို မှတ်တော့မှတ်လို့ရတယ်ပေါ့ မှတ်လို့ရလား…?
ကိုနိုင်။ ။ ရတယ် ရတယ်။ ရတယ်ဆိုပေမဲ့ မမှီတာတွေလည်းရှိတာပေါ့…
ကျွန်တော်။ ။ အေးပေါ့ အေးပေါ့။ သူကစိတ်ကိုစိတ်နဲ့ရှုတာဆိုတော့ စစပိုင်းမှာကျွန်တော်တို့ကမမှီပေမယ့် နောက်ပိုင်းကျရင် မှီလာလိမ့်မယ်နော်။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ စစချင်းမှာတော့ မှီမှာမဟုတ်ဘူး။ အကျင့်မှမရှိသေးတာ။ ခုမှစလုပ်တာဆိုတော့လေ အကျင့်မရှိသေးတော့ စစချင်းမှာတော့မှီမှာမဟုတ်ဘူး။ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ စိတ်က စိတ်ကိုရှုတာလေ စိတ်ရဲ့အမြန်နှုန်းနဲ့ ရှုတဲ့စိတ်ရဲ့ အမြန်နှုန်းနဲ့က အတူတူပဲလေ ဆိုတဲ့အခါကျတော့ နောက်ပိုင်းကျရင်တော့ သူဘာသာသူမှီလာလိမ့်မယ် နော် စိတ်ကမြန်တယ် စိတ်ကတော်တော် မြန်တယ် စိတ်ရဲ့အမြန်နှုန်းက အဲ့ဒါကျွန်တော်တို့က ဟိုဟာပေါ့ စိတ်က အကောင်အထည်မှ မရှိတာ
အကောင်အထည် ရှိလို့ရှိရင်ကျွန်တော်တို့က ဒြပ်ရှိတဲ့အရာဝတ္တုတွေမှာ အမြန်နှုန်းကသတ်မှတ်ချက် ရှိတယ်လေ
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ သိတယ်မလား အလင်းက…
ကိုနိုင်။ ။ ဟုတ် အလင်းကအမြန်ဆုံး။
ကျွန်တော်။ ။ ဟုတ်တယ်။ အလင်းအလျင်ထက်မြန်လို့မရဘူးဆိုတာ သတ်မှတ်ချက် ရှိတယ်လေ။ စိတ်ကဒြပ်ထုမရှိဘူး။ ဆိုတော့ သူကပိုမြန်တယ်။ မြန်ချင်သလောက်မြန်လို့ရတယ်။ ဆိုတော့ အဲ့နောက်ပိုင်းကျလို့ရှိရင်တော့ သူ့ဟာသူလိုက်မှီလာလိမ့်မယ်။ အဲ့တော့ သွားရင်းလာရင်းရှုတာ များလား။ ကိုယ့်ဟာကိုယ်အိမ်မှာထိုင်ရှုတာများလား?။
ကိုနိုင်။ ။ သွားရင်းလာရင်းကတော့များတယ်။ အိမ်မှာကြတော့ ပြီးတော့မလုပ်ဖြစ်ဘူး။ အိပ်ခါနီး ကျတော့ လှဲပြီးတော့ အဲ့ကျတော့အိပ်ပျော်သွားတယ်။
ကျွန်တော်။ ။ အမ်း…
ကိုနိုင်။ ။ ဒီမနက်တောင်မှ ကျွန်တော်တစ်နာရီ ထိုင်ရင်းရှုလာခဲ့တယ်။ ဒီကြားထဲမှာတော့ နည်းနည်း အတိုက်အခံတွေကတော့ရှိတာပေါ့။ ပထမအရင်အပတ်စနေနေ့တုန်းကဆို အဲ့ရက်က နတ်ပွဲရှိတာနောက်လမ်းမှာ…
ကျွန်တော်။ ။ အင်း…
ကိုနိုင်။ ။ တအားဆူငြံနေတော့ကျွန်တော်စိတ်တွေကဒေါသတွေထွက်နေတာ ကိုယ့်ကိုကိုယ်သိတယ်။
ကျွန်တော်။ ။ အဲ့ဒါဆို ဒေါသစိတ်ဖြစ်ပျက်ရှုလေ။
ကိုနိုင်။ ။ ဟုတ်
ကျွန်တော်။ ။ ဒေါသစိတ်ဆို ဒေါသစိတ်ဖြစ်ပျက်ရှု။
ကိုနိုင်။ ။ ဟုတ်
ကျွန်တော်။ ။ သူကတော့ဗျာ။ ကျွန်တော်ပြောတာက၊ ဥပမာဆိုဒေါသထွက်ရင် ကိုယ်ဒေါသထွက်တယ် လို့ခံစားရတာကိုး ကိုယ့်ဒေါသထွက်တယ်လို့ ခံစားပြီးတော့ အဲ့ဒီမှာ ကိုယ့်ကိုကိုယ်မကြိုက်ဘူးဆိုတဲ့ သဘောကလည်း ထပ်ခါဖြစ်လာသေးတာကိုး။ အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဆိုတဲ့သဘောပါနေလို့။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ တကယ့်တကယ်က ကိုယ်ဒေါသထွက်တာမဟုတ်ဘူး။ ဒေါသစိတ်ဖြစ်တာဟုတ်လား။ ဒေါသစိတ်ကလည်း ခုနပြောသလိုပဲနာမ်တရားတစ်ခုပဲ။ ရှုစရာတရားတစ်ခုလိုပဲ။ ကြားစိတ်လိုပဲ။ အဲ့တော့ ကြားစိတ်တို့ ဒေါသစိတ်တို့ အဲ့ဒီလောဘစိတ်တို့ အဲ့လိုစိတ်တွေ အကုန်လုံးကို တန်းတူသဘောထားလိုက်။
ကိုနိုင်။ ။ ဟုတ်
ကျွန်တော်။ ။ ဘာဖြစ်လို့လဲဆိုတော့ ကြားစိတ်ဆိုတာသည်လည်း အကြောင်းကြောင့်ဖြစ်တာပဲ။ အသံဆိုတဲ့အကြောင်းကြောင့် ကြားတယ်ဆိုတာလည်းဖြစ်လာတာပဲ။ ဟုတ်တယ်မလား မြင်စိတ်ဆိုတာလည်း အလင်းဆိုတဲ့အကြောင်းကြောင့် မြင်တယ်ဆိုတာဖြစ်လာတာပဲ။ ဟုတ်လား။ ကြံတွေးစိတ်ဆိုတာလည်း မှတ်မိတယ်ဆိုတဲ့အကြောင်းကြောင့် ကြံတွေးမှုဆိုတာဖြစ်လာတာပဲ။ အကုန်လုံးက အကြောင်းကြောင့်ဖြစ်တဲ့အကျိုးပဲ။ အဲ့လိုပဲ ဒေါသစိတ်ဆိုတာလည်း အကြောင်းကြောင့် ဖြစ်တဲ့အကျိုးပဲ။ အဲ့ဒါကို ကျွန်တော်တို့က ပုံမှန်အားဖြင့်တော့ လူတွေက ဒေါသဖြစ်ရင်မကောင်းဘူး ဒေါသစိတ်မဖြစ်ရင်ကောင်းတယ်။ စိတ်ကလေးအေးချမ်းနေရင်ကောင်းတယ် စသဖြင့် ပြောတာ။ စိတ်အေးချမ်းတယ်ဆိုတာလည်း အကြောင်းကြောင့်ဖြစ်တဲ့အကျိုးပဲ ဒေါသစိတ်ဆိုတာလည်း အကြောင်းကြောင့် ဖြစ်တဲအကျိုးပဲ။ အဲ့တော့ အဲ့နှစ်ခုကို တန်းတူပဲသဘောထားရမယ်။ အကုန်လုံးက တန်းတူပဲပေါ့။ ဘာခေါ်လဲဆိုတော့ သင်္ခါရတရားလို့ခေါ်တယ်။ ဟိုတနေ့က ကျွန်တော်တို့ သင်္ခါရတရား အကြောင်းရှင်းပြခဲ့ပြီးသွားပြီနော်။ သင်္ခါရတရားလို့ခေါ်တယ်။ သင်္ခါရတရားမှန်သမျှကို တန်းတူပဲ သဘောထားလိုက်။
ကိုနိုင်။ ။ နည်းနည်း အဲ့တုန်းကလည်းကျွန်တော်လိုက်မှတ်ပါတယ်။ အော် ဒေါသစိတ်ဖြစ်နေတယ် အဖေ၊အမေတွေစကားပြောရင် သတိမထားမိတော့ဘူး။ အဲ့ကျရင် ပြောတာမကြားဘူးလား စိတ်နဲ့လူနဲ့ကမကပ်ဘူး သူငယ်ချင်းတွေနဲ့ဆိုလည်း အဲ့လိုကိုယ်ဘာသာကိုလမ်းသွားရင် ဒါမျိုးတွေကဖြစ်ပါတယ်။ မင်းစိတ်ကဘယ်ရောက်နေလဲ။ သူတို့ကတော့ပြောတာပေါ့ ဘာမှတော့မပြောပါဘူး။ ဒီလိုပဲ ကိုယ်ဟာကို ကိုယ်သတိနဲ့ကိုယ်ဟာကိုပဲ ဆက်ပြီးနေလိုက်တယ်။
ကျွန်တော်။ ။ အေးပေါ့ အေးပေါ့။ ရသလောက်လုပ်ရတာပေါ့ကွာ။ ရသလောက်လုပ်ရတာကောင်းပါတယ်။ အဲ့တော့ ဒီနေ့ကျတော့ နည်းနည်းလေးပြောမယ် အခုရှိတဲ့ အခုဖြစ်တဲ့ ဉာဏ်ကို ဘာလို့ခေါ်လဲဆိုတော့ ဥဒယဗ္ဗယဉာဏ်လို့ ခေါ်တယ်။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဥဒယဗ္ဗယဉာဏ် ဆိုတာက ဖြစ်ခြင်းပျက်ခြင်းကို သိသောဉာဏ်လို့ ခေါ်တယ်။ နော်။
ကိုနိုင်။ ။ ဟုတ်
ကျွန်တော်။ ။ သူ့ကို အစ်ကိုတို့က နောက်တမျိုးဘယ်လိုခေါ်လဲဆိုတော့ ယထာဘူတဉာဏ်လို့လည်းခေါ်တယ်။ ယထာဘူတဉာဏ်ဆိုတာကလည်း ဟုတ်တိုင်းမှန်စွာသိသောဉာဏ်ပေါ့။ ရုပ်နာမ်ဖြစ်ပြီးပျက်နေတယ် ဟုတ်တိုင်းမှန်စွာသိတယ်ဆိုရင် ယထာဘူတဉာဏ် အဲ့လိုခေါ်တယ်။ အဲ့မှာအစ်ကိုတို့က ဘာလဲဆိုတော့ တရားထုတ်တဲ့အခါကျတော့ ပြောစရာရှိတာက သီလ၊ သမာဓိ၊ ပညာ ဆိုတာ ပြောစရာရှိတယ်။ ဟုတ်လား သီလ၊ သမာဓိ၊ ပညာပေါ့။ အဲ့မှာ သီလ၊ သမာဓိ၊ ပညာမှာ တချို့တွေက ယူဆတာက ဘယ်လိုတွေယူဆကြလဲဆိုတော့ သီလကို ပြည့်အောင်ဖြည့်၊ ပြီးလို့ရှိရင် သီလကြောင့်မို့လို့ သမာဓိကဖြစ်လာလိမ့်မယ်၊ သမာဓိကိုပြည့်အောင်ဖြည့်၊ သမာဓိပြည့်လာပြီးရင် ပညာကို လုပ်ရမယ်ဆိုပြီးပြောတယ်ဟုတ်လား။ အဲ့တော့ သမာဓိဖြစ်လာရင်လည်း ပညာဖြစ်လာမယ် ပေါ့။ သူကအဲ့လိုပြောကြတယ်။ အဲ့တော့ အဲ့ဒီကိစ္စက အစ်ကိုက အတင်းမငြင်းလိုဘူး ဒါပေမဲ့ အဲ့ဒီဟာသည် ဘာနဲ့သွားဆိုင်လဲဆိုတော့ သမထယာနိက နဲ့သွားဆိုင်တယ်။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ သမထယာနိကဆိုတဲ့သဘောက သူကဘာလဲဆိုတော့ ပထမဈာန်ရအောင်လုပ်တာ။ ပထမဈာန်ရအောင် လုပ်လိုက်ပြီးတဲ့အခါကျတော့၊ အသံကြားတယ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်အဲဒါကို နိမိတ်အမြင်နဲ့ မြင်လာတာ။ နိမိတ်အမြင်နဲ့မြင်လာပြီးတော့ အဲ့နိမိတ်ကို သူကသုံးသပ်တာ။ သုံးသပ်ပြီးတော့ အဲ့နိမိတ်ကဘာဆိုတာသူဟာသူ အဖြေထွက်လာတာ။ အဲ့လိုပုံစံမျိုးထွက်လာတာ အဲ့ဒါကို သမထယာနိကလို့ခေါ်တယ်။ အဲ့ဒါလည်း မြတ်စွာဘုရားနှစ်သက်တဲ့နည်းလမ်းတလမ်းပဲ။ အဲ့ဒါလည်းကောင်းတယ်။ မကောင်းဘူးတော့မဟုတ်ဘူး။ ဒါပေမဲ့ အစ်ကိုတို့က ခုသွားမဲ့ဟာကျတော့ ဘာလဲဆိုတော့ ၀ိပဿနာယာနိက။ ဟုတ်လား။ သမထယာနိကအတိုင်း လုပ်မယ်ဆိုရင် သမထကို ပထမဈာန်ရအောင်ထိလုပ်ဆောင်ရတာတော်တော်ခက်တယ်။ အကို့အတွက်ဆို ဘယ်လိုမှအဆင်မပြေဘူး။ အဲ့ဒီမှာကျတော့ အစ်ကိုတို့က ဘယ်ကနေစမလဲဆိုတော့ ပညာကနေပဲစလိုက်ရတာ။ ပညာကိုလုပ်ပါများလို့ရှိရင် သမာဓိကသူဘာသူတည်လာတယ်။ ပညာကိုလုပ်လို့ရှိရင် သမာဓိကတည်လာတယ်။ သမာဓိကတည်လာပြီဆိုရင် သီလပါသူဘာသူတဖြည်းဖြည်းနဲ့ လုံလာတယ်။ အဲ့လိုပုံစံမျိုးသွားတယ်။ အဲ့ဒါကျတော့ ဝိပသနာယာနိကပေါ့။ ဟုတ်လား။ အဲ့တော့အစ်ကိုတို့က ဘယ်လိုပြောရလဲဆိုတော့ သမာဓိ ဆိုတဲ့သဘောကဘာလဲဆိုတော့ သမာဓိမှာ အင်္ဂါငါးပါးရှိတယ်။ ပထမဈာန်သမာဓိမှာ အင်္ဂါ ငါးပါးရှိတယ်။ အဲ့ဒီပထမဈာန်၊ ဒုတိယဈာန် အကုန်လုံးမှာ ဈာန်အင်္ဂါငါးပါးရှိတယ်။ အဲ့ဒါ ဘာတွေလည်းဆိုရင်တော့ ဈာန်အင်္ဂါငါးပါးက ဘာတွေလည်းဆိုရင်တော့ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂထာ အဲ့လိုရှိတယ်။ ဟုတ်လား။ ဝိတက်က အစ်ကိုတို့က ခုတရားအားထုတ်တယ် တရားအားထုတ် တယ်ဆိုတဲ့အခါကျတော့ အသံကို ကြံတယ်။ အသံပေါ့။ အသံကြားစိတ်ကို ကြံစည်တယ်။ ဟုတ်လား။ အသံကြားစိတ်ကိုကြံစည်တော့ အစ်ကိုတို့က ဝိတက်နေရာမှာ ဘယ်လို ဝိတက်ဖြစ်နေလဲ ဆိုတဲ့အခါကျတော့ ဒီပညာကိုလုပ်တဲ့အခါမှာ သမာဓိက ဘယ်လိုပြည့်လဲ ဆိုတာကိုပြောတာ။ ဟုတ်ပြီလား။ ဒါဟာ ဈာန်အင်္ဂါဆိုတာ သမာဓိကိုပြောတာ။ ဟုတ်ပြီနော်။ အစ်ကိုတို့က လုပ်တာ ပညာကိုလုပ်တာ။ ပညာဆိုတာဘာလဲဆိုရင် မဂ္ဂင် အင်္ဂါငါးပါးနဲ့ ပြည့်စုံသောမဂ်။ ဟုတ်လား။ အင်္ဂါငါးပါး နဲ့ပြည့်စုံသောမဂ်ဆိုတာ အစ်ကိုဟိုတနေ့က တခါပြောပြီးသွားပြီထင်တယ်။
ကိုနိုင်။ ။ ဟုတ် ပြောပြီးသွားပြီ။
ကျွန်တော်။ ။ အင်္ဂါငါးပါးနဲ့ပြည့်စုံသောမဂ်ဆိုတာ ဘာလဲဆိုတဲ့အခါကျတော့၊ သမ္မာဝါယမကနေစတာ သမ္မာသတိရယ်၊ သမ္မာသမာဓိရယ် အဲ့ဒီနှစ်ခုက နောက်လိုက်မဂ္ဂင်ဖြစ်ပါတယ်။ ပြီးတဲ့အခါကျတော့ သမ္မာဝါယမစလိုက်တာနဲ့ သမ္မာသတိနဲ့ သမ္မာသမာဓိကပါလာပြီ ပြီးလို့ရှိရင်ဘာလုပ်ရလဲဆိုတော့ သမ္မာသင်္ကပ္ပ၊ သမ္မာဒိဌိ။ သမ္မာဒိဌိဆိုတာ အနိစ္စလို့သိတယ်ဆိုတာ သမ္မာဒိဌိကိုပြောတာ။ အနတ္တလို့ သိတယ်ဆိုတာလည်း သမ္မာဒိဌိကိုပြောတာ။ ဒုက္ခလို့သိတယ်ဆိုတာလည်း သမ္မာဒိဌိကိုပြောတာ။ ဟုတ်လား။ ဒါက အင်္ဂါငါးပါးနှင့်ပြည့်စုံသောမဂ်။ ဟုတ်လား။ အဲ့ဒီတော့၊ အဲ့ဒီမှာက လုပ်ရမှာက၊ ပထမလုပ်ရမှာက၊ အဓိကလုပ်နေရမှာက သမ္မာဝါယမပဲလုပ်ရမှာ။ သမ္မာဝါယမက ဘာလုပ်ဖို့လုပ်ရမှာလည်းဆိုတော့ သမ္မာသင်္ကပ္ပ လုပ်ဖို့လုပ်ရတာ။ သမ္မာသင်္ကပ္ပက ဘာလုပ်ဖို့ ဖြစ်တာလည်းဆိုတော့ သမ္မာဒိဌိ ဖြစ်အောင်လုပ်ရတာ။ ဟုတ်ပြီလား။ သမ္မာဝါယမဆိုတာ မှန်ကန်သော အားထုတ်ခြင်း။ မှန်ကန်သောအားထုတ်ခြင်းဆိုတာ ဘာကိုအားထုတ်မှာလည်းဆိုတော့ သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဌိ ဖြစ်အောင်မှန်ကန်သောအားထုတ်ခြင်းနဲ့လုပ်တာ။ အဓိကဦီးတည်ချက်က သမ္မာဝါယမသည် သမ္မာဒိဌိဖြစ်အောင် မှန်ကန်သောဦီးတည်ချက်ဖြစ်အောင် မှန်ကန်သောအမှီဖြစ်အောင်လုပ်တာ။ ဟုတ်လား။ သမ္မာဒိဌိသည်ဘာလဲဆိုတော့ အနိစ္စလို့မြင်တာ၊ မမြဲဘူးလို့ မြင်တာ၊ ဖြစ်ပျက်တာလို့ မြင်တာ၊ ဒုက္ခလို့မြင်တာ၊ စက်ဆုပ်စရာအသုံးမကျခြင်းလို့ မြင်တာ၊ နောက်တခုက အနတ္တလို့ မြင်တာ၊ ကိုယ်မဟုတ်ဘူး၊ သတ္တဝါမဟုတ်ဘူးလို့မြင်တာ။ ဟုတ်လား။ အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ သမ္မာဒိဌိလို့ခေါ်တာ။ အဲ့တော့ သမ္မာဒိဌိကို ကိုယ်က အနိစ္စ အနိစ္စပါလို့ ကိုယ်ကနှလုံးသွင်းရတာမဟုတ်ဘူး။ အနိစ္စဟုတ်၊မဟုတ်ဆိုတဲ့အကြောင်းကို ကိုယ်ကဆင်ခြင်ရတာ။ အဲ့လိုဆင်ခြင်ရတာကို သမ္မာသင်္ကပ္ပလို့ခေါ်တာ။ ဟုတ်ပြီလား။ အဲ့တော့ တခုခုကို ဆင်ခြင်တော့မယ်ဆိုရင် ခုနအသံကြားတယ်၊ အဲ့အသံကို ဆင်ခြင်တော့မယ်ဆိုလိုရှိရင် အသံကို ဆင်ခြင်ဖို့အတွက် ဘာလုပ်ရမလဲ အားစိုက်ထုတ်မှုမလုပ်ရဘူးလား။ အဲ့အားစိုက်ထုတ်မှုသည် သမ္မာဝါယမ။ ဟုတ်ပြီလား။ အဲ့ဒီ သမ္မာဝါယမ အသံကိုဆင်ခြင်မယ်ဆို အားစိုက်ထုတ်မှုလုပ်လိုက်တဲ့ အချိန်မှာ အသံပေါ်မှာ သတိမဖြစ်လာဘူးလား။
ကိုနိုင်။ ။ ဟုတ် ဖြစ်ပါတယ်။
ကျွန်တော်။ ။သတိထားလိုက်တာ မဖြစ်လာဘူးလား။
ကိုနိုင်။ ။ ဖြစ်လာတယ်
ကျွန်တော်။ ။ ဖြစ်လာတယ် အဲ့ဒီအသံပေါ်မှာပဲစူးစူးစိုက်စိုက်နဲ့ကြည့်တာဖြစ်မလာဘူးလား။ ဖြစ်လာတယ်။ အဲ့ဒီတော့ သမ္မာသတိ နဲ့ သမ္မာသမာဓိက နောက်လိုက်မဂ္ဂင်အနေနဲ့ဝင်သွားတယ်။ ဟုတ်ပြီလား။ အဲ့တော့ အဲ့လိုသိပြီး သွားတဲ့အခါကျတော့ ဘာလုပ်လဲ၊ အဲ့အသံသည် ဖြစ်ပြီးပျက်နေတာဟုတ်မဟုတ်ဆိုတာ ဆင်ခြင်တယ်။ ဖြစ်ပြီးပျက်နေတာဟုတ်ရဲ့လားလို့ ဆင်ခြင်တယ်။ ဟုတ်တော့မှ ဟုတ်တယ် လို့လက်ခံရတယ်၊ မဟုတ်ရင် မဟုတ်ဘူးလို့ ငြင်းရတယ်။ အသံကဆက်ပြီးဖြစ်နေတာပါ မြဲပါတယ်လို့ဆိုရင် မြဲနေတယ်ကို မြဲနေတယ်လို့ပြောရမယ်။ မမြဲရင်မမြဲဘူးလို့ပြောရမယ်။ အသံက တကယ်ကိုမြဲနေတာဟုတ်လားမဟုတ်လား။ ဒီလိုဆင်ခြင်တာကို သမ္မာသင်္ကပ္ပလို့ခေါ်တယ်။ ဒါဆင်ခြင်တာပေါ့ အသံကတကယ်ပဲဖြစ်ပြီးပျက်သွားတယ်လို့မြင်လိုက်တယ်။ ဖြစ်ပြီးပျက်သွားပါလားလို့ ဆုံးဖြတ်ချက်ချပြီ။ အဲ့ဒါကို ဘာလို့ခေါ်လဲဆိုရင် သမ္မာဒိဌိလို့ခေါ်တယ်။ အမှန်မြင်တာပေါ့။ ဟုတ်ပြီလား အဲ့တော့ အနိစ္စ ဒုက္ခ အနတ္တ မြင်အောင်ကြိုးစားတာသည် ဒါကိုအမှန်မြင်အောင် ကြိုးစား တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒါနဲဆက်စပ်တဲ့ သတိတွေရော၊ သမာဓိတွေရော၊ အားထုတ်မှု တွေရော၊ ဆင်ခြင်မှုတွေရော အကုန်လုံးသည် သမ္မာဆိုတာရှိရမှာဟုတ်ပြီလား။ အဲ့လို မဟုတ်ပဲနဲ့ အစ်ကိုတို့က တခြားကိစ္စတွေပေါ့၊ ဥပမာ စာကျက်တယ်ပေါ့။ စာမေးပွဲအောင်အောင် စာကျက်တယ်ပေါ့။ စာမေးပွဲအောင်ဖို့အတွက်ကြိုးစားတာကို သမ္မာဝါယမလို့ မခေါ်တော့ဘူး။ မိစ္ဆာဝါယမလို့ခေါ်တယ်။ အဲ့တော့ စာကျက်ဖို့အတွက်သတိမထားရဘူးလား။ အဲ့ဒါကို မိစ္ဆာသတိ လို့ခေါ်တယ်။ စာကျက်ဖို့အတွက် စိတ်ကိုကြည်ကြည်လင်လင်မထားရဘူးလား။ အဲ့ဒါကို မိစ္ဆာသမာဓိလို့ခေါ်တယ်။ အိပ်ခါနီးစာကျက်ဖို့ကြံစည်တာကို မိစ္ဆာသင်္ကပလို့ခေါ်တယ်။ အဲ့လိုစာကျက်တဲ့ကိစ္စကဖြစ်သွားတယ်။ ဒါကတော့ စာမှန်တယ်မှားတယ် ဆိုတာကတော့ လောကီနဲ့ဆိုင်တဲ့ကိစ္စ။ အဲ့ဒါကိုဘာလို့ခေါ်လဲ ဆိုတော့ မိစ္ဆာဒိဌိခေါ်တယ်။ ဟုတ်လား။ သမ္မာနော် ဆန့်ကျင်ဘက်တွေ။ အဲ့တော့ အနိစ္စ ဒုက္ခ အနတ္တ အမှန်မြင်အောင် မလုပ်တာမှန်သမျှကို မိစ္ဆာလို့ ခေါ်တယ်။ လုပ်တာမှန်သမျှကို သမ္မာလို့ခေါ်တယ်။ ဟုတ်ပြီလား။ အဲ့တော့ အစ်ကိုတို့က ဘာဖြစ်ရမလဲဆိုတော့ ဒါကိုလုပ်တဲ့အခါကျလို့ရှိရင် ဒီနှစ်ခု ပညာမဂ္ဂင် လို့ခေါ်တယ်။ ဒီနှစ်ခု သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဌိ၊ ဒီနှစ်ခုကို ပညာမဂ္ဂင်လို့ခေါ်တယ်။ ပညာကိုဖြစ်စေတယ်။ ဉာဏ်ပညာကိုဖြစ်စေတယ်။ အနိစ္စကို အနိစ္စလို့သိတယ်ဆိုတာဟာသိမှုဆိုတဲ့ ဉာဏ်ပညာကို ဖြစ်စေတယ်။ ဒုက္ခကို ဒုက္ခလို့ သိတယ်ဆိုတာ သိမှုအတွက် ဉာဏ်ပညာကိုဖြစ်စေတယ်။ အနတ္တကို အနတ္တလို့ သိတယ်ဆိုတာ သိမှုဉာဏ်ပညာကိုဖြစ်စေတယ်။ အဲ့သိမှုဆိုတဲ့ဉာဏ်ပညာကို ဆင်ခြင်တယ် ဆိုတာကလည်း ဉာဏ်ပညာနဲ့ပဲ ဆင်ခြင်ရတာ။ အဲ့တော့ ဒီဟာကိုဘယ်လိုခေါ်လဲဆိုတော့ ပညာမဂ္ဂင်လို့ ခေါ်တယ်။ ဟုတ်ပြီလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ အစ်ကိုတို့က ဒီမှာပါတဲ့ သမ္မာသမာဓိဆိုတာကိုပြောမှာ။ ဟုတ်လား အဲ့ဒီ သမ္မာ သမာဓိက ဒါတွေပဲ ဟုတ်လား။ အဲ့ သမ္မာသမာဓိက ဘယ်လိုလုပ်ပြိး ပြည့်စုံလဲဆိုတော့ ရုပ် နာမ်ပေါ်မှာ ရှေူးရှုပြီးကြံတာ။ ဝိတက် ဆိုတာ ရှေုးရှုပြီးကြံတာ။ ရှေုးရှုပြီး ကြံစည်တာ ရှေုးရှုပြီးကြံစည်တာကို ဝိတက်လို့ ခေါ်တယ်။ ဟုတ်လား။ ဘာကိုကြံစည်တာလဲဆို ရင် ရုပ် နာမ်အပေါ်မှာ ရှေုးရှုပီးကြံတာ။ အဲ့ဒါကို ဈာန်အင်္ဂါတပါးပြည့်သွားပြီ။ ဟုတ်လား ဝိစာရ ဆိုတာ က ဆင်ခြင်သုံးသပ်တာ။ ဒီသမ္မာသင်္ကပ္ပ နဲ့ သွားပြီးတော့တူတယ်။ သမ္မာသင်္ကပ္ပလုပ်တဲ့အခါမှာ ဝိစာရ အင်္ဂါဟာပြည့်စုံသွားပြီ။ ဒါသည် အနိစ္စပဲပေါ့။ အဲ့လိုမျိုးဆင်ခြင်သုံးသပ်တာ။ အနိစ္စဟုတ်၊မဟုတ် ဆင်ခြင်သုံးသပ်တာ။ ဒါက ဝိစာရကဆင်ခြင်သုံးသပ်တာ။ ဒါက ဝိစာရ ဟုတ်ပြီလား။ အဲ့တော့ ဝိစာရ အဲလိုဆင်ခြင်သုံးသပ်လိုက်တဲ့အခါကျတော့ မှန်တယ်ဆိုလိုရှိရင် ဘာဖြစ်လာလဲဆိုတော့ ပီတိဆိုတဲ့ သဘောဖြစ်လာတယ်။ အမှန်မြင်ခြင်းအားဖြင့် ပီတိဆိုတဲ့သဘောဖြစ်လာတယ်။ အဲ့ဒါကတော့ လောလောဆယ်မှာတော့ သိပ်ဖြစ်လာအုန်းမှာ မဟုတ်ဘူး။ အစ်ကိုတိုက ပညာနဲ့လုပ်တဲ့အခါမှာ တဖြည်းဖြည်းနဲ့ သမာဓိကတိုးလာမယ်။ အဲ့တော့ ပထမဦးဆုံးကတော့ ဝိတက်နဲ့ ဝိစာရ လောက်ပဲဖြစ်လိမ့်မယ်။ ပီတိ၊ သုခ၊ ဧကဂ္ဂထာ မစိုက်နိုင်သေးဘူး ဟုတ်ပြီလား။ ဝိတက်နဲ့ ဝိစာရ ကို လုပ်ပါများလာ၊ လုပ်ပါများလာ၊ လုပ်ပါများလာရင် ဘာဖြစ်လာမလဲဆိုတော့ အမှန်တွေကြီးပဲမြင်လာပြီးတော့ ရုပ်နာမ် အဖြစ်အပျက်ပဲဆိုပြီးတော့ သဘောတွေကျလာမယ်။ ကိုယ် ရှု့ရတာ စီးစီးပိုင်ပိုင်ဖြစ်လာမယ်။ အဲ့လို စီးစီးပိုင်ပိုင်ဖြစ်လာတော့မှ အဲ့ဒါကို ပီတိလို့ခေါ်တာ။ ဟုတ်ပြီလား။ အဲ့ဒါခုမဖြစ်သေးဘူး နောင်ဖြစ်လာမဲ့ကိစ္စ။ အဲ့လိုစီးစီးပိုင်ပိုင်ဖြစ်လာပြီးတဲ့နောက်မှာကျတော့မှ သုခဆိုတာ ဖြစ်လာလိမ့်မယ်။ ဟုတ်လား။ သုခဆိုတာ နေလို့ကောင်းတယ်၊ ခံစားလို့ကောင်းတယ်၊ စိတ်ကကြည်လင်နေမယ် အစရှိသဖြင့်ပေါ့။ သုခဆိုတာ ခံစားလို့ ကောင်းတဲ့သဘောပေါ့။ အဲ့သဘောကဖြစ်လာတာ နော်။ အဲ့သဘောဖြစ်လာပြီးတဲ့နောက်ကျတော့မှ မဂ်ဖိုလ်ဆိုက်တဲ့အခါကျတော့မှ ဧကဂ္ဂထာ နဲ့ မဂ်ဖိုလ် ဆိုက်တယ်။ ဧကဂ္ဂထာကရောက်သွားရင် မဂ်အခိုက်မှာသွားဆိုက်တာ။ အဲ့တော့ အစ်ကို ပြောချင်တာကဘာလဲဆိုတော့ လုပ်ရတာက ပညာကိုလုပ်ရတာ။ ပညာလုပ်ခြင်းအားဖြင့် သမာဓိက သူဘာသူပြည့်စုံတယ်။ သဘောပေါက်လား။
ကျွန်တော်။ ။ အခုအဲဒါကို သမ္မာဝါယမလုပ်လိုက်တယ် သတိထားလိုက်တယ်ဆိုလို့ရှိရင် တည်ကြည်မှုဖြစ်လာတယ်ဆိုတဲ့သဘောက စျာန်အင်္ဂါတွေပါလာတယ်။ ဝိတက်၊ဝိစာရတို့ပါလာတယ်။ ဟုတ်ပြီလားအခုလောလောဆယ်မှာဝိတက်နဲ့ဝိစာရပါလာတယ်။ ဟုတ်ပြီလားရှေးရှုပြီးကြံစည်တယ်။ ပြီးတော့ဆင်ခြင်သုံးသပ်တယ်။ ဒါပဲလုပ်နေတာဟုတ်ပြီလား။ ဒါကတော့ချက်ချင်းတော့မဖြစ်နိုင်ဘူး။ တစ်ပတ်နဲ့လည်းမဖြစ်နိုင်ဘူး။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဒီဖြစ်ပျက်ရှုတဲ့အပိုင်းကို အစ်ကိုစာအုပ်ထဲမှာရေးထားတဲ့အတိုင်းဆို အချိန်နှစ်လလောက်ယူရတယ်။ အချိန်၂လလောက်ယူထားတယ်။ အချိန်နှစ်လလောက်အတွင်းမှာလုပ်ရမှာ။ ဆိုတဲ့အခါကျတော့ အခုလက်ငင်းချက်ချင်းကတော့ ဖြစ်လာဦးမှာမဟုတ်သေးဘူး။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲတော့အခုလောလောဆယ်က ကျွန်တော်တို့ကဘယ်အခြေနေမှာရှိလဲဆိုတော့ ဥဒယဗ္ဗယဉာဏ်၊ ယထာဘူတဉာဏ်အနုပိုင်းမှာရှိတယ်။ ဟုတ်လား။ ဒီဉာဏ်ကဒီဉာဏ်ပဲ။ ဒါပေမဲ့ဒီဉာဏ်အနုပိုင်းမှာရှိတယ်။ စတော့ဖြစ်ပျက်မြင်လာပြီ။ ဖြစ်ပျက်ဆိုတာစပြီးတော့မြင်လာပြီ။ ဒါပေမဲ့အဲဒီဖြစ်ပျက်ကမစိပ်သေးဘူး။ ဖြစ်ပျက်ကိုမပိုင်နိုင်သေးဘူး။ ဆိုတော့ အဲလိုအခြေအနေမျိုးကိုအနုပိုင်းလို့ခေါ်တယ်။ အဲဒီကနေအစ်ကိုတို့ကဘယ်ကိုသွားရမလဲဆိုတော့ ဥဒယဗ္ဗယဉာဏ်အရင့်ပိုင်းကိုသွားရမယ် ။နုတာကနေတဖြည်းဖြည်းနဲ့ရင့်လာအောင်လုပ်ရမယ်။ လောလောဆယ်တည်ထားဖို့‌ကတော့ အဲ့ဒါပဲ။ ဟုတ်ပြီလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဥဒယဗ္ဗယဉာဏ်အနုပိုင်းရောက်နေတယ်၊ အဲဒီကနေအမြင့်ပိုင်း‌ရောက်အောင်လုပ်ရမယ်။ လုပ်တဲ့အခါကျတော့သီလ၊သမာဓိ၊ပညာဆိုတဲ့ကိစ္စပေါ်လာလို့ရှိရင် ကျွန်တော်တို့နားလည်ရမှာက ကျွန်တော်တို့လုပ်တာကပညာကနေစပြီးလုပ်တယ်လို့ နားလည်ရမယ်။ ဟုတ်ပြီလား။ ဒါပေမဲ့ဒီမှာသမ္မဝါယမလုပ်ပြီးသွားလို့ရှိရင်ဘာနဲ့ဘာနဲ့လိုက်လာလဲ။ သမ္မာသတိနဲ့သမ္မာသမာဓိနဲ့လိုက်လာတာမဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တော့သမာဓိကစတယ်လို့ပြောရင်မမှန်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲတော့သမဝါယမလုပ်နေတဲ့အချိန်မှာသီလကတော့သူ့ဟာသူ လုံပြီးသားဖြစ်နေတာပဲ။ ဟုတ်တယ်မဟုတ်လား။အာရုံစိုက်နေတယ်။ရုပ်နာမ်အပေါ်မှာအာရုံစူးစိုက်နေတဲ့အချိန်မှာ ငါးပါးသီလကတော့သူ့ဘာသူပြည့်နေတာပဲ။ ဘာမှစဉ်းစားနေစရာမှမလိုတာ။အဲဒီတော့သီလကလည်းပြည့်နေတယ်လို့ပြောလို့ရတာပဲ။ အဲ့ဒီ‌တော့ သမ္မာဝါယမလုပ်တယ်ဆိုတာသီလသမာဓိပညာလို့ပြောရင်လည်းမှန်တာပဲ။မှားတော့မမှားဘူးပေါ့နော်။ကောင်းပြီလားရမလားနားလည်မလား။


Leave a Reply

Your email address will not be published. Required fields are marked *