ဗုဒ္ဓဘာသာဝင် ဖြစ်လျှင် ကံကို ယုံရမည် ဆိုပြီး ဇာတ်တော်ပေါင်းများစွာ၊ အဋ္ဌကထာ ပေါင်းစုံမှ ကံနှင့် ပါတ်သက်ပြီး ဘုရားဟောသည် ဆိုပြီး ရေးသားထားသည်များကို ယုံကြည်ရမည် ဆိုသော အဓိပ္ပါယ် ထွက်ခြင်းမှာ အတော် အရုပ်ဆိုးပါသည်။ ဘာကြောင့်လဲ ဆိုတော့ ကံ ဆိုတာသည် မြတ်စွာဘုရား အရာမို့ ကံ နဲ့ ပါတ်သက်ပြီး ဟောကြားထားသည်များမှာ အရေးကြီးသည် ဘုရားမှ တပါး မည်သူမျှ ဟောခွင့် မရှိဆိုသည်ကို နားလည်ထားရမည်။
အမှန်တကယ်မှာ ကံ ကံ၏ အကျိုး ကို ယုံကြည်ခြင်း ဖြစ်သည်။ အမှန်တကယ် လိုအပ်သည်မှာ ဒုစရိုက် ဆယ်ပါး ၏ အပြစ်များကို သိပြီး၊ ဒုစရိုက် ဆယ်ပါးကို ကျူးလွန်ပါက အကုသိုလ်ကံ ဖြစ်ပြီး ဆိုးသော အကျိုးပေး ရှိသည် ဆိုသည်ကို လက်ခံခြင်းကို ဆိုလိုပါသည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ ဆိုးတာ လုပ်လျှင် ဆိုးတာ ဖြစ်မည် ဆိုသည်ကို လက်ခံခြင်း ဖြစ်သည်။ ထိုအရာကိုပင် ကံနှင့် ပါတ်သက်၍ မှန်ကန်စွာ မြင်ခြင်းဟု ခေါ်ပါသည်။
ဗုဒ္ဓဘာသာဝင် ဆိုတိုင်း ကံ ကံ၏ အကျိုးကို ယုံကြည်ကြသည်မဟုတ်ပေ။ ငွေကြေးအဆင်ပြေလျှင် ကိုယ်လုပ်တာ မှန်သည်ဟု ထင်တတ်သည်။ သို့ရာတွင် လောကီကြီးပွားချမ်းသာခြင်း သည် ကုသိုလ်ကံ ၏ အကျိုး ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ ဗုဒ္ဓဝါဒ အလိုအရ ကိစ္စ တစ်ခုခု အောင်မြင်ခြင်းသည် ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ တခုခု သို့မဟုတ် တခုထက် ပို၍ အဓိပတိထား အားထုတ်ခြင်းကြောင့်သာ ဖြစ်သည်။ ခိုးမှုကို အဓိပတိ တပ်၍ အားထုတ်သူလဲ ခိုးမှု အောင်မြင်မှာ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ အနေနှင့် ဒါကို နားလည်ထားပြီး ငွေကြေးတိုင်းကို ကုသိုလ် အကျိုးပေးဟု မမြင်မိဖို့။ ဆင်းရဲခြင်းတိုင်းကို အကုသိုလ် အကျိုးပေးဟု မမြင်မိဖို့ လိုသည်။ ဒီနေရာမှာတော့ မိမိတို့ တစ်ယောက်စီ၏ အမြင်အတိုင်းဆင်ခြင် နိုင်ပါသည်။
အဓိက ကတော့ ကံအကြောင်းဟု မိမိ သဘောနှင့် မယူဆပဲ လက်တွေ့ကျကျလဲ စဉ်းစား လိုအပ်သော ဗုဒ္ဓဘာသာ နှင့်ပါတ်သက်သည့် ဗဟုသုတလဲ စုဆောင်းသင့်ပါသည်။ ကျေးဇူးတင်ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *