ဒုက္ခဆိုတာ ရှောင်လွှဲလို့ မရတဲ့ သဘာဝတရားပါ။ ဒါပေမဲ့ အဲဒီဒုက္ခကို “ငါ့ဒုက္ခ” လို့ သိမ်းပိုက်လိုက်မှ ပိုခံစားရတာပါ။
ခေါင်းကိုက်တာ၊ ညောင်းတာ၊ နာတာတွေကို သတိထားကြည့်ပါ။ ကိုယ်က “မနာနဲ့” လို့ အမိန့်ပေးလို့ ရပါသလား? မရပါဘူး။ ရုပ်တရားက သူ့အကြောင်းတရားနဲ့သူ ဖောက်ပြန်နေတာပါ။
ကိုယ့်သဘောအတိုင်း တားဆီးမရ၊ ပြုပြင်မရတဲ့အရာကို “ငါ့ကိုယ်၊ ငါ့ခန္ဓာ” လို့ စွဲလမ်းနေသရွေ့တော့ စိတ်ပင်ပန်းနေဦးမှာပါပဲ။ တကယ်တော့ ခန္ဓာကိုယ်ဆိုတာ ဌားနေတဲ့ အိမ်လိုပါပဲ။ ပျက်စီးယိုယွင်းလာရင် ပြုပြင်ရမယ်၊ ဂရုစိုက်ရမယ်။ ဒါပေမဲ့ ကိုယ်ပိုင်တယ်လို့ သွားစွဲလမ်းပြီး စိတ်ဆင်းရဲမခံပါနဲ့။
ဒီနေ့ ခန္ဓာကိုယ်မှာ မအီမသာ ဖြစ်မှုတစ်ခုခု ကြုံလာရင် “ငါ နာနေတယ်” လို့ မတွေးဘဲ “နာကျင်မှု သဘောတရားတစ်ခု ဖြစ်ပေါ်နေတယ်” လို့ ပြောင်းတွေးကြည့်ပါ။
ဒီနေ့အတွက် အမေး- ကိုယ်တကယ်မပိုင်တဲ့အရာတစ်ခုအတွက် ကိုယ်က ဘာလို့ တာဝန်ယူပြီး ပူလောင်နေမှာလဲ


Leave a Reply