ကိုယ့်ကိုယ်ကိုယ် သေချာ လေ့လာကြည့်ရင် ခန္ဓာငါးပါးရဲ့ သဘောတရားတွေကို တွေ့ရပါလိမ့်မယ်။ ရုပ်တရားက သူ့သဘာဝအတိုင်း အမြဲတမ်း ဖောက်ပြန်ပြောင်းလဲနေပါတယ်။ ဝေဒနာက ခံစားမှုတွေကို ဖြစ်စေပြီး၊ သညာက မှတ်သားမှုတွေကို လုပ်ဆောင်ပါတယ်။
သင်္ခါရကတော့ လှုပ်ရှားမှုတွေ၊ စကားပြောတာတွေ၊ တွေးတောတာတွေကို ဖြစ်ပေါ်စေပြီး၊ ဝိဉာဏ် ကတော့ အာရုံတွေကို သိပေးနေပါတယ်။ အားလုံးဟာ သူ့သဘာဝနဲ့သူ အလုပ်လုပ်နေကြတာပါ။ အဲဒီလို ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးကို စုပေါင်းပြီး “ငါ” လို့ မှားယွင်းစွာ ထင်မှတ်နေကြတာပါ။ တကယ်တမ်းမှာ “ငါ” ဆိုတာ မရှိပါဘူး။ အဲဒီ ဖြစ်စဉ်ကြီးပေါ်မှာ အခြေခံပြီး ခိုင်မြဲတယ်လို့ ထင်နေရတဲ့ သိမှု (ဝိဉာဏ်) ဖြစ်ပျက်လေး သက်သက်သာ ဖြစ်ပါတယ်။
ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ သဘာဝလေးတွေကို ‘ငါ’ ဆိုတဲ့ အမည်နာမ မတပ်ဘဲ အကဲခတ်ကြည့်ပါလား။


Leave a Reply