လွန်ခဲ့တဲ့ အချိန်က အဖြစ်အပျက်တွေဟာ တကယ်တော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် အဲဒီအတိတ်က အရာတွေကို အခု ပစ္စုပ္ပန်မှာ ပြန်တွေးပြီး ပူလောင်နေတတ်ကြတယ်။
ဒါဟာ အတိတ်ကို အတိတ်လို့ မသိဘဲ၊ အခု ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်ပေါ်လာတဲ့ သညာ ဖြစ်ပျက်လေးလို့ နားမလည်လို့ပါ။ အဲဒီလို သညာကို အရှိအတိုင်း မသိတဲ့အခါ အတိတ်အပေါ် မှီခိုပြီး ကြောက်ရွံ့မှုတွေ၊ နောင်တတွေနဲ့ အနာဂတ်ကို မှားယွင်းစွာ ဖန်တီးမိတတ်တယ်။ အတိတ်ဆိုတာ အခုဖြစ်ပေါ်လာတဲ့ သညာ ဖြစ်ပျက်သက်သက်ပဲလို့ အမှန်တိုင်း သိလိုက်ရင်တော့ မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပြုတ်ကျပြီး အကောင်းဆုံးသော အေးချမ်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာပါ။
စိတ်ထဲမှာ အတိတ်က အတွေးတွေ ဝင်လာတိုင်း ဒါဟာ အခုလက်ရှိ ဖြစ်ပေါ်လာတဲ့ သညာလေးပါလားလို့ သတိပြုကြည့်ရအောင်။


Leave a Reply