လူတော်တော်များများဟာ အတိတ်က အမှားတွေအတွက် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတတ်ကြတယ်။
တကယ်တော့ ဒါဟာ သညာ လို့ခေါ်တဲ့ မှတ်သားမှုရဲ့ နှိပ်စက်ခြင်းကို ခံနေရတာပါ။
အတိတ်ဆိုတာ အခု လက်ရှိမှာ လုံးဝ မရှိတော့ပါဘူး။ စိတ်ထဲမှာ ပြန်လည်မှတ်သားထားတဲ့ သညာလေးတွေ ပစ္စုပ္ပန်မှာ ပြန်ပေါ်လာတာ သက်သက်ပါ။ အဲဒီ သညာဖြစ်ပျက်လေးကို မသိတဲ့အခါ “ငါ အမှားလုပ်မိတယ်” ဆိုပြီး ပူလောင်နေကြတာပါ။ ကိုယ့်ကို ဒုက္ခပေးနေတာ အတိတ်က အဖြစ်အပျက်တွေ မဟုတ်ဘဲ၊ အခု ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ သညာလေးတွေသာ ဖြစ်တယ်လို့ မြင်အောင်ကြည့်ပါ။
မရှိတော့တဲ့ ဝန်ထုပ်ဝန်ပိုးတွေ အလိုလို ပြုတ်ကျသွားပါလိမ့်မယ်။
စိတ်ထဲမှာ နောင်တ ဒါမှမဟုတ် ကြောက်စိတ် ပေါ်လာတိုင်း ဒါဟာ သညာသက်သက်ပါလားလို့ လေ့လာကြည့်ရအောင်။


Leave a Reply