၂၁ ။ အားထုတ်ဖို့ပဲ ပြောနေကြတယ် ၊
ပိုင်းခြား သိဖို့ကြဘယ်သူမှ မပြောကြဘူး ။
(𝐌𝐞: အားထုတ်တယ်ဆိုတာ ပိုင်းခြားသိဖို့ (ဒုက္ခသစ္စာ) ပါယ်ဖို့ မျက်မှောက်ပြုဖို့ လုပ်တာပါ။)
၂၂ ။ ဥပါဒါနက္ခန္ဓာ မဖြစ်အောင် မလုပ်နိုင်ဘူး လို့
ဘုရားဟောပါတယ် ၊
ဒါပေမဲ့ဥပါဒါနက္ခန္ဓာ မရှိဘူး လို့တော့
သိအောင် လုပ်နိုင်တယ် ။
(𝐌𝐞: ရှိနေတာကြီးကိုမရှိဘူးလို့ ကိုယ့်ဟာကိုယ်ထိုင်ညာတာဟာ ဦးမောင်မောင်ရဲ့အနှစ်သာရပါပဲ။)
၂၃ ။ စိတ် စေတသိက် ရုပ်တွေဟာ ဥပါဒါနက္ခန္ဓာ ၊
အဲဒီ ဥပါဒါနက္ခန္ဓာတွေ သည် မရှိဘူး လို့ သိရင်
နိဗ္ဗာန် ပေါ်တာပဲ ။
(𝐌𝐞: သမုဒယသေမှ နိဗ္ဗာန်ပေါ်ပါတယ်။)
၂၄ ။ ခွေးဟောင်လို့ ခဲ နဲ့ ပေါက်တော့ ခွေးက ခဲကိုပဲ
လိုက် ကိုက်တယ်( ခဲက ထပ်လာ အုံးမှာပဲ )
ခြင်္သေ့ကျတော့ ခဲကို လိုက်မကိုက်တော့ဘူး ၊
ခဲပစ်တဲ့သူကို သတ်ပစ်လိုက်တယ်
( ခဲ ထပ်မလာနိုင်တော ဘူး )
တကယ်ခန္ဓာ ဖြစ်ပျက်ရှု့တာ နဲ့
အာရုံ ဥပါဒါနက္ခန္ဓာ ဖြစ်ပြီး ပျက်ပြီး
ဝိဘဇ္ဇ (ဆန်းစစ်တာ )ကွါခြားချက် ။
(𝐌𝐞: အာရုံနဲ့ ဥပါဒါနက္ခန္ဓာ တွဲသုံးလို့မရတာ ရေးခဲ့ပြီးပါပြီ။)
၂၅ ။ ဘုရားရှင်က အခုသိပြီး နောင်မှရမဲ့အကျိုး
မဟောဘူး
အခုသိ အခုချက်ခြင်း အကျိုးရမယ် ၊
သန္ဒိဌိကေါ , အကါလိကော ပါ ။
(𝐌𝐞: ဒါတော့ ကောင်းပါတယ်။)
၂၆ ။ လူကြီးကို ဗုံးပတ်ပြီး ခွဲရင် လူသာပျောက်သွားမယ်၊
သုညမြင်တဲ့ဥာဏ်ကို ဖျက်ဆီးနိုင်တာ လောကမှာမရှိ ဘူး ။
(𝐌𝐞: ဉာဏ်ဆိုတာ သင်္ခါရ တရားပါ မမြဲပါဘူး။)
၂၇ ။ ၂၄ ပစ္စည်းသည် အဝိဇ္ဇာ နဲ့ ပေါင်းရင် သံသရာ စက် ၊
ဝိဇ္ဇာ နဲ့ ပေါင်းရင် ဓမ္မစက် ။
(𝐌𝐞: မဟုတ်တာတွေ။)
၂၈ ။ ဝိပဿနာ မှာ ချမှတ် ပေးထားတဲ့ Theory နဲ့
ဓမ္မစကြာ မှာ ချမှတ်ထားတဲ့Theory တွေက
ဆန့်ကျင်နေတယ် ။မတူဘူး
(ဥပမာ…အားထုတ်မှရမယ် ၊အားထုတ်စရာမ
လိုဘူး သိရင်ရပြီ…. )
(𝐌𝐞: ဘုရားက ဆန့်ကျင်ဖက်စကားနှစ်မျိုးဘယ်တော့မှမပြောဘူး ပြောတယ်ထင်နေရင် ကိုယ်မှားနေပြီ။)
၂၉ ။ သံသရာရပ်အောင်အားထုတ်ရမယ်ဆိုတဲ့အတွေး
က ဗုဒ္ဓဘာသာတွေမှာ ၉၉.၉၉၉ % လောက်က
စွဲနေ ကြတယ် ၊
ပရမတ်နယ်မှာက မီး ၁၁ မီးက ငြိမ်းပြီးသား ၊
သံသရာကရပ်ပြီးသား ၊ ဒါဟာ သစ္စာတရပ်
အနေ နဲ့ ထာဝရမှန်တယ် ၊မသိ ကြတာ ( အဝိဇ္ဇာ )
(𝐌𝐞: သစ္စာဆိုတာ လေးပါးပဲရှိတယ်။ အဝိဇ္ဇာဆိုတာက အဲဒီသစ္စာလေးပါးကို မသိခြင်းကိုခေါ်တယ်။ လမ်းမသိတာ အဝိဇ္ဇာမဟုတ်။)
၃၀ ။ သပ္ပူရိသဆရာက မေးခွန်းတွေ မေးမယ် ၊
အဲဒါကို ဖြေနိုင်ရင် ဆရာပြောလို့သိတဲ့
ဥာဏ်မဟုတ်တော့ဘူး ၊ ကိုယ် ပိုင်ဥာဏ်ဖြစ်ပြီ ။
( ဆရာ့ အပြော အမေးတွေ က ပဋိဝေဒ အပြော
အမေး တွေ လေ )
(𝐌𝐞: မဂ်ကျရင် ကိုယ့်ဟာကိုယ်သိတယ်။)
(ဒီလို ပေါက်ကရ စကားတွေကို သူတို့နားလည်တာက သူတို့ ဉာဏ်ပညာ အင်မတန်ကြီးပြီး ဘုရားလက်ထက်က လို လွတ်ဖို့ ပါရမီ ပါလာလို့ ဆိုပြီးထင်နေတဲ့သူတွေကို ရည်ညွှန်းပါတယ်။)


Leave a Reply