တကယ်တော့ “အားလပ်ရက်” ဆိုတာရော၊ “အလုပ်လုပ်ရတဲ့နေ့” ဆိုတာရော လောကကြီးရဲ့ အခြေအနေတွေအားလုံးဟာ စိတ်ကလေးရဲ့ သတ်မှတ်ချက် သက်သက်ပါပဲ။
တကယ့်အရှိတရားက ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ် ဖြစ်ပျက်တွေပဲ ရှိပါတယ်။ ဝမ်းသာတဲ့ စိတ်ကလေး ဖြစ်လာတယ်၊ ပြီးရင် ပျက်သွားတယ်။ ပျော်နေတဲ့ ငါဆိုတာ မရှိပါဘူး။
အရာရာဟာ စိတ်က ဖန်တီးထားတဲ့ လောကအပေါ်မှာ တုံ့ပြန်နေတဲ့ ရုပ်နာမ်သဘာဝတွေချည်းပါပဲ။
ပျော်ရွှင်တဲ့ အတွေးလေး ပေါ်လာတဲ့အခါ အဲဒီ စိတ်ကလေး ဘယ်လောက်ကြာကြာ ခံလဲဆိုတာ စောင့်ကြည့်ပါလား။


Leave a Reply