ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတော်တော်များများဟာ “ငါ” ဆိုတဲ့ Ego ကြောင့် ဖြစ်လာရတာပါ။ ငါ့ကို မလေးစားဘူး၊ ငါ့ကို အသိအမှတ်မပြုဘူး ဆိုတဲ့ အတွေးတွေကပဲ ပူလောင်မှုတွေကို ဖြစ်စေပါတယ်။

တကယ်လို့သာ “ငါ” ဆိုတာ တကယ်မရှိဘူးလို့ အရှိကိုအရှိအတိုင်း မြင်သွားရင်၊ အဲဒီ Ego ကြောင့် ဖြစ်နေတဲ့ ပြဿနာတွေ အကုန်လုံးကနေ သက်သာရာ ရသွားမှာပါ။ လောကကြီးမှာရှိတဲ့ လူတွေအားလုံးဟာ စိတ်ဖိစီးမှုတွေ၊ ပူလောင်မှုတွေကနေ ကင်းဝေးချင်ကြပါတယ်။ တကမ္ဘာလုံးက အဖြေရှာနေကြတဲ့ ဒီပြဿနာတွေရဲ့ တကယ့်ထွက်ပေါက်ဟာ “ငါ” ဆိုတဲ့ အထင်မှားကို ဖယ်ရှားပစ်ဖို့ပါပဲ။

ကိုယ့်ကို ပူလောင်စေတဲ့ ကိစ္စတွေဟာ တကယ်တော့ ‘ငါ’ ဆိုတဲ့ Ego လေး ထိခိုက်သွားလို့ ဖြစ်နေတာပါလားလို့ ဆင်ခြင်ကြည့်ပါဦး။


Leave a Reply

Your email address will not be published. Required fields are marked *