ကျနော်တို့ အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကြတယ်။ အနာဂတ်အတွက် ကြောက်ရွံ့ကြတယ်။ ဒါတွေဟာ ပစ္စုပ္ပန်တည့်တည့်က ဖြစ်ပျက်ကို မမြင်လို့ပါ။
အတိတ်က အမှားလုပ်ခဲ့တဲ့ ရုပ်နာမ်ဟာ အဲဒီအချိန်မှာတင် ဖြစ်ပြီး ပျက်သွားပါပြီ။ အခုအချိန်မှာ အဲဒီ “ငါ” မရှိတော့ပါဘူး။ မရှိတော့တဲ့ အရာကို ပြန်ဆွဲထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး။ အကြောင်းတရားကြောင့် ဖြစ်လာတယ်၊ ပြီးတော့ ပျက်သွားတယ်။ ဒါပါပဲ။
အရာရာဟာ ခဏလေးအတွင်းမှာ ဖြစ်ပြီး ပျက်နေတယ်ဆိုတာ သိရင် ဘာကိုမှ ကြောက်စရာ၊ နောင်တရစရာ မလိုတော့ပါဘူး။ သင်ခန်းစာယူပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံး အားထုတ်မှုနဲ့ ဆက်လျှောက်ဖို့ပဲ လိုပါတယ်။ အနတ္တဆိုတာ လက်မြှောက်အရှုံးပေးခြင်း မဟုတ်ပါဘူး။
မရှိတော့တဲ့ အတိတ်ကို ဆုပ်ကိုင်ထားပြီး အခု ပစ္စုပ္ပန်ကို အဖျက်ဆီးခံတော့မလို့လား။


Leave a Reply