တရားအားထုတ်တယ်ဆိုတာ အတိတ်ကို ပြန်တွေးတာ၊ အနာဂတ်ကို မှန်းဆတာ မဟုတ်ပါဘူး။ ပစ္စုပ္ပန်တည့်တည့်မှာ ဘာဖြစ်နေလဲဆိုတာကို ဝင်မစွက်ဖက်ဘဲ သက်သက်လေး ကြည့်နေတာပါ။
ဒီနေ့ လက်တွေ့လုပ်ကြည့်ပါ။ အသံတစ်ခု ကြားလိုက်တဲ့အခါ အဲဒီအသံလေး ဘယ်လို ဆုံးသွားလဲဆိုတာ လိုက်ကြည့်ပါ။ အတွေးတစ်ခု ဝင်လာရင် အဲဒီအတွေးလေး ဘယ်လို ပျောက်သွားလဲဆိုတာ စောင့်ကြည့်ပါ။ အစကို မကြည့်ဘဲ အဆုံးသတ် (ပျက်သွားတာ) ကိုပဲ သတိထားကြည့်ပါ။ အတင်းလိုက်ဖျောက်စရာ မလိုပါဘူး၊ သူ့ဘာသာ ပျက်သွားတာကိုပဲ ကြည့်ရမှာပါ။
ပျက်သွားတာကို မြင်ပါများလာရင် ဘာကိုမှ ဆုပ်ကိုင်ထားစရာ မရှိဘူးဆိုတာ ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မယ်။ အရှိကို အရှိအတိုင်း မြင်တာဟာ လွတ်မြောက်ခြင်းပါပဲ။
ကြားလိုက်တဲ့ အသံလေးဟာ ကြားပြီးတာနဲ့ ချက်ချင်း ပျောက်မသွားဘူးလား။


Leave a Reply