ကျနော်တို့တွေ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း “ပဲ့ကိုင်ရှင်” လို့ ထင်နေကြတယ်။ ငါလုပ်လို့ ဖြစ်တာ၊ ငါကြံလို့ အောင်မြင်တာ၊ ငါ့ဘဝကို ငါ ဖန်တီးနေတာလို့ ယုံကြည်နေကြတယ်။
အဲဒီ “ငါ” ဆိုတဲ့ အမာခံအနှစ်သာရကြီး တကယ်ရှိတယ်လို့ ယုံကြည်နေတာဟာ အကြီးမားဆုံး အမြင်မှား (ဒိဋ္ဌိ) ပါပဲ။ တကယ်တော့ ဖြစ်ချင်တဲ့ ဆန္ဒရှိလို့ ဖြစ်ပေါ်လာတဲ့ လုပ်ရပ်တွေပဲ ရှိပါတယ်။ စကားပြောချင်တဲ့ စိတ်ကြောင့် ပြောနေတဲ့ ရုပ်ဖြစ်စဉ်တွေ အလုပ်လုပ်နေတာပါ။ အဲဒီဖြစ်စဉ်တွေထဲမှာ ခိုင်မြဲတဲ့ ပိုင်ရှင် “ငါ” ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
သောတာပန်ဖြစ်တယ်ဆိုတာ တစ်ခုခုကို အသစ်ရသွားတာ မဟုတ်ဘူး။ အဲဒီ “ငါ” က လုပ်နေတယ်ဆိုတဲ့ အထင်အမြင်မှားကြီး ပြုတ်ကျသွားတာပါ။ အရှိကို အရှိအတိုင်း မြင်သွားတာပါ။ ပိုင်ရှင်မရှိဘူးဆိုတာ သိသွားရင် ကိုယ်ကျိုးအတွက်ဆိုတဲ့ ပူလောင်မှုတွေ အများကြီး လျော့ကျသွားပါတယ်။
ဒီနေ့ လုပ်သမျှ ကိစ္စတွေမှာ “ငါ” က လုပ်နေတာလား၊ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်နေတာလား ဆိုတာကို သတိကပ်ကြည့်ပါ။


Leave a Reply