ကျနော် တရားပြတဲ့အလုပ်ကို လူပုဂ္ဂိုလ် ၆ ယောက်လောက်ကို တယောက်ချင်းစီ လုပ်ပေးနေပါတယ်။ အဲဒီထဲကမှ ဒီတပါတ်အတွင်း တရားပြဖြစ်တဲ့ သူ (တရားအားထုတ်သူ အနှောက်အယှက်ဖြစ်မှာ စိုးလို့ နာမည်ကို ကိုနိုင်လို့ပဲ ပေးထားလိုက်ပါတယ်) တယောက် နဲ့ ပထမဆုံး နေ့အနေနဲ့ တရားပြတာကို မိတ်ဆွေများ ဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ ဒီစာကို ဖတ်ပြီး တရားပြခံရသလို နားလည်မယ် ဆိုရင်တော့ အကျိုးများမယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်။ ။ ဒါပေမဲ့သမာဓိကိုပြည့်အောင်ဖြည့်တဲ့အခါကျတော့ဘာနဲ့ဖြည့်လဲဆိုတော့ ပညာကိုထပ်ခါထပ်ခါလုပ်ရင်းအားဖြင့်သမာဓိကိုဖြည့်သွားတယ်။ဟုတ်ပြီလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ရပြီနော်။
ကိုနိုင်။ ။ ဟုတ်။ ဒီဉာဏ်စဉ်တွေကကျတော့တစ်ယောက်နဲ့တစ်ယောက်မတူဘူးပေါ့အကုန်လုံးက။
ကျွန်တော်။ ။ အကုန်လုံးတူတယ်။မတူတာမဟုတ်ဘူးတူတယ်။ ဘယ်လိုမတူတာလဲပြန်ပြောကြည့်။
ကိုနိုင်။ ။ ဟိုလိုပေါ့ အရင်ဖြစ်ပုံ ရှေ့အဆင့် နောက်အဆင့်တွေမတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်က။
ကျွန်တော်။ ။ ဘယ်လိုရှေ့အဆင့်နောက်အဆင့်လဲ။
ကိုနိုင်။ ။ အစ်ကိုရေးထားတဲ့ထဲမှာဆို နာမရူပပဋိစ္ဆေဒဉာဏ်ဖြစ်ပြီးမှအခြားဉာဏ်စဉ်တွေက ဆက်ပြီးတော့ဖြစ်တယ်။
ကျွန်တော်။ ။ အင်း။
ကိုနိုင်။ ။ အဲလိုမျိုးအစဉ်လိုက်သွားတာလား။
ကျွန်တော်။ ။ အော်။ဉာဏ်စဉ်ကသင်္ခါရုပေက္ခာဉာဏ်မရောက်မချင်းက အတက်အကျရှိတယ်။တက်လိုက်ကျလိုက်ဖြစ်တာရှိတယ်။တက်လိုက်ကျလိုက်ရှိတယ်ဆိုတာက ဥပမာဆိုပါစို့။ ကျွန်တော်တို့က ဥပမာ-ခုဆို ဥဒယဗ္ဗယဉာဏ် ရောက်ပီ ဥဒယဗ္ဗယဉာဏ်ရောက်လို့ရှိရင် သူ့ရှေ့မှာဘာရှိလဲဆိုတော့ နာမရူပပရိစ္ဆေဒဉာဏ်ရှိတယ်။ ရုပ်နာမ်ခွဲကြည့်တဲ့ဉာဏ်ရှိတယ်။ ခန္တာငါးပါးနဲ့ ခွဲကြည့်တာပြီးလို့ရှိရင် အကြောင်းအကျိုးသိမ်းဆည်း၊ သိသောဉာဏ်၊ ပြီးလို့ရှိရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိသောဉာဏ်ရှိတယ်။ ဟုတ်လား။ အဲ့တော့ခုဟာက ဥဒယဗ္ဗယဉာဏ် ရောက်တော့ နံပါတ်(၄)မြောက်ပေါ့။ ဒါပေမဲ့ အဲ့အချိန်ရောက်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ပြန်သိတာလည်း ဖြစ်နိုင်တယ်။
ကိုနိုင်။ ။ အော် သဘောပေါက်ပြီ။
ကျွန်တော်။ ။ သဘောပေါက်ပြီလား။ ပြီးတော့မှ ရုပ်နာမ်ခွဲတာကို ပိုရှင်းသွားတာလည်း ဖြစ်နိုင်တယ်ဟုတ်လား။ အကြောင်းအကျိုးသိမ်းဆည်းသိတာကို ပိုရှင်းသွားတာလည်း ဖြစ်နိုင်တယ်။ အဲ့လိုပဲတက်သွားမှာပဲ။ အဲ့ဒီကနေ နောက်တဆင့်၊ နောက်တဆင့်တက်တဲ့အခါမှာလည်း ဥဒယဗ္ဗယဉာဏ်ကိုပြန်ဆင်းပြီးတော့ ပိုရှင်းသွားတာလည်းဖြစ်တတ်တယ်။ အဲ့လိုပဲ သွားနေတာ ဉာဏ်စဥ်က သင်္ခါရုပေက္ခာဉာဏ် မရောက်မချင်းပဲ အဲ့တိုင်းပဲသွားနေမှာ အဲ့ဒီမှာပြည့်လာတော့မှ သင်္ခါရုပေက္ခာဉာဏ် အရင့်ပိုင်းကို ဖြစ်တာ နော်။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ ကျွန်တော်တို့က ဘာကို ကြည့်ရမလဲဆိုတော့ စိတ်ကိုရှုတယ်။ ဟုတ်လား အဲ့ဒါကို အသေးစိတ်ပေါ့။ အသေးစိတ်ပြောရမယ်ဆိုရင် ကျွန်တော်တို့က ဘာလဲဆို ပထမဦးဆုံး ဥပမာ-လမ်းလျှောက်တယ်ဆိုပါစို့။ လမ်းလျှောက်တယ်ဆိုတဲ့ အခါမှာ သွားလိုစိတ်ဆိုတာ အရင်ဖြစ်တယ်။ သွားလိုစိတ်ဆိုတာအရင်ဖြစ်တော့ အဲ့ဒါသည် နာမ်တရား ဟုတ်ပြီနော်။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့ဒီကနေပီးတော့ ဘာဖြစ်လဲ။ မရမနေသွားလိုစိတ်ဆိုတာဖြစ်တယ်။ အဲ့ဒါလေးကစိတ်ရဲ့ဖြစ်စဉ်ကို သေချာစူးစိုက်ကြည့်လို့ရှိရင် သိလိမ့်မယ်။ စိတ်ကနှစ်ဆင့်ဖြစ်တယ်။ သွားလိုစိတ် ဖြစ်တယ်၊ သွားတယ် မဟုတ်ဘူး။ သွားလိုစိတ်ပြီးရင် မရမနေသွားလိုစိတ်ဆိုတာတခုပါတယ်။ အဲ့ဒါကတော့ ကိုယ့်စိတ်ကိုကိုယ် သတိထားပြီးတော့ သမာဓိကောင်းကောင်းနဲ့ စိုက်ကြည့်ရမယ်။ဟုတ်ပြီလား။ သွားလိုစိတ် ဖြစ်တယ်။ဥပမာ စားလိုစိတ်ဖြစ်တယ်။ မရမနေစားချင်စိတ်ဆိုတာဖြစ်တယ်။ အဲ့ဒါသဘာ၊ဝ ထုံးစံအတိုင်းပဲ။ အဲ့တော့သွားချင်စိတ်က တဏှာရယ် ငါသွားချင်တယ်ဆိုတဲ့ ငါဆိုတဲ့သဘောလေးကပါပြီးသား။ အဲ့တော့ အဲ့ဒါကို ဘာခေါ်လဲဆိုတော့၊ သွား ချင်၊ “ချင်”တယ်ဆိုတာဘာလဲဆိုတော့ တဏှာ “ငါ” ဆိုတဲ့သဘောက ပါပီးသားဆိုတော့ အဲ့ဒါ ဒိဋ္ဌိ အဲ့တော့ တဏှာနဲ့ ဒိဋ္ဌိ နဲ့ပေါင်းဖြစ်တာ။ သွားလိုစိတ်ဆိုတာက ဟုတ်ပြီလား။ မရမနေသွားလိုစိတ်ကျတော့ ဘာလို့ခေါ်လဲဆိုတော့ ဥပါဒါန်လို့ ခေါ်တယ်။ သူကအားကြီးသော တဏှာလို့ ခေါ်တယ်။ အားကြီးသော တဏှာလို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ပြောတယ်။ အဲ့တော့ ဥပါဒါန် ဟုတ်လား။ အဲ့ဒါက ဥပါဒါန်။ အဲဒီဥပါဒါန် ဖြစ်သွားပြီးတဲ့အခါမှာ သွားမယ်ဆိုတဲ့စေတနာလေး ပေါ်လာတယ်။ သွားမယ်ဆိုတဲ့ စေ့ဆော်မှုလေး ခြေထောက်ကိုလှုပ်လိုက်တယ်ကွာ။ လှုပ်လိုက်ကာနီး သွားမယ် မရမနေသွားမယ်ပြီးရင်တော့ သွားပြီဆိုပြီးလုပ်လိုက်တယ်။ သွားပြီဆိုတာရဲ့နောက်မှာ ခြေထောက်လေးက လှုပ်သွားတယ်မလား။ အဲ့ သွားပြီဆိုတဲ့နေရာလေးမှာဖြစ်တာသည် သင်္ခါရက္ခန္တာဆိုတဲ့ စေတနာလေး လက်လေးကို လှုပ်ရင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်စမ်းကြည့် အဲ့နေရာလေးမှာပါတယ်။
ကိုနိုင်။ ။ ဆေးလိပ်သောက်တယ်ဆိုပြီး စမ်းကြည့်တယ်။ မသောက်ဘူးပေါ့ သောက်ချင်လာတယ် ပိုပြီးတော့ သောက်ချင်လာတယ် ။ သောက်မယ်ဆိုပိး ဆုံးဖြတ်လိုက်တယ် ။ အဲ့လို။
ကျွန်တော်။ ။ အဲ့ဒီတော့ အဲ့ဒီမှာ အစ်ကိုတို့က ပြောချင်တာက နာမ်နဲ့ရုပ်နဲ့က အကြောင်းအကျိုးအတိုင်း ဖြစ်နေတယ်ဆိုတာကိုပြောချင်တာ။ အဲ့တော့ နာမ်မှာသွားလိုစိတ်ဖြစ်တယ်။ မရမနေသွားချင်စိတ်ဖြစ်တယ်ဆိုတဲ့အထိ ရုပ်ရဲ့လှုပ်ရှားမှုမရှိသေးဘူး။ ဟုတ်တယ်နော် သွားမယ်ဆိုတဲ့စေတနာပေါ်လည်းပေါ်လိုက်ရော သွားကိုသွားမယ် ဆိုတဲ့ စေတနာလေးပေါ်လိုက်ရော သွားပြီပေါ့ကွာ။ သွားမယ်ဆိုတဲ့ဟာလေး။ ဥပမာ လက်ကိုဒီလို ချထားကြည့်။ လက်ကိုလှုပ်မယ် ဆိုတဲ့အဆင့်ကိုကြည့်ကြည့်။ အဲ့မှာ ၃ ဆင့်ပေါ်တယ်။ ပထမတဆင့်က လှုပ်ချင်တယ်။ နောက်တဆင့်က မရမနေလှုပ်မယ်။ နောက်တဆင့်က လှုပ်လိုက်တယ်။ ၃ ဆင့်ပါတယ်။ လှုပ်ကြည့်လိုက် လက်ကိုနည်းနည်းမကြည့်လိုက် ကိုယ်လှုပ်မှ ဖြစ်တာ။
ကိုနိုင်။ ။ လှုပ်လိုက်ပြီးနောက်မှ လက်ကမြောက်လာတာ။
ကျွန်တော်။ ။ လှုပ်လိုက်ပြီးနောက်မှ လက်မြောက်လာတာ အဲ့ဒီလှုပ်လိုက်ပြီဆိုတဲ့သဘောလေးကို ဘာလို့ခေါ်လဲဆိုတော့ စေတနာလို့ခေါ်တယ်။ စေ့ဆော်မှု အဲ့ဒါလေးက သင်္ခါရက္ခန္တာ။ နာမ် ခန္တာ ၄ ပါးထဲက သင်္ခါရက္ခန္တာ။ အဲ့ဒါပြီးသွားတဲ့ အခါ ဘာကြောင့်ဖြစ်လဲဆိုတော့ သင်္ခါရက္ခန္တာ စေတနာဆိုတဲ့ အကြောင်းကြောင်းလေးမို့လို့ ရုပ်မှာသွားပြီး ဝါယောရုပ် ဆိုတာ ပေါ်တယ်။ လေရုပ်ပေါ့ ။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဟုတ်လား။ အဲ့ဒါသွားပေါ်တယ် သွားလည်းပေါ်လည်းပေါ်ရော အဲ့ရုပ်ကိုဘာလို့ခေါ်လဲဆိုတော့ စိတ်ကြောင့် ဖြစ်သောရုပ်လို့ခေါ်တယ်။ သဘောပေါက်ပြီမလား။ ပေါက်ပြီနော်။ အဲ့တော့ ရုပ်ပေါ်လက်ကို မြောက်ကြည့်လိုက် လက်ကိုမြောက်လိုက်ရှိရင် မျက်စီကမမြင်ရဘူးလား အဲ့ဒါကို ။
ကိုနိုင်။ ။ မြင်ရတယ်
ကျွန်တော်။ ။ မြင်ရတယ် မြင်ရတဲ့အခါ မြင်စိတ်က နာမ်ပြန်ဖြစ်သွားတယ်။ မြင်ရတဲ့အခါ ငါ့လက်မြောက်တယ်ဆိုတဲ့ သဘော မပေါ်လာဘူးလား ။
ကိုနိုင်။ ။ ဟုတ် ပေါ်လာတယ် ။
ကျွန်တော်။ ။ ဟုတ်တယ်မလား။ အဲ့ဒါဘာလဲဆိုတော့ ငါ့လက်မြောက်တယ်ဆိုတဲ့ ဆုံးဖြတ်လိုက်တဲ့ အမြင်မှားမှုပေါ့။ ရုပ်နာမ်ဖြစ်စဉ် အဲ့ဒါကို ဒိဋ္ဌိလို့ခေါ်တယ်။ သဘောပေါက်ပြီလား အတ္တဒိဋ္ဌိ ဆိုတာ အဲ့ဒါကိုခေါ်တာ။ လက်ကိုမြောက်လိုက်တယ် မြောက်လိုက်တဲ့အခါမှာ ဖြစ်တတ်တဲ့ဖြစ်စဉ်ပေါ်မှာမူတည်ပြီးတော့ ငါ့လက်မြောက်သွားတယ်လို့ သတ်မှတ်လိုက်တယ်။ အဲ့ဒါသည်ဘာလဲဆိုတော့ တကယ့်တကယ်က ငါဆိုတာ မရှိတဲ့ အခါကျတော့ ငါ့လက်မြောက်တာမဟုတ်ဘူး။ ရုပ်တခုရွေ့လျားသွားတယ်။ ရုပ်တခုရွေ့လျားသွားတာကို ငါရွေ့ချင်လို့ ဒီမှာထဲက ငါရွေ့ချင်လို့ဆိုတာပါလာပြီ။ အဲ့တော့ ငါရွေ့ချင်လို့ဆိုတဲ့နောက်မှာ ရွေ့လည်း ရွေ့သွားရော ငါရွေ့လိုက်တယ်ဆိုတဲ့ သဘောပေါ်လာတယ်။ တွေ့လား အဲ့ဒါသည်ဘာလဲဆိုတော့ ဒိဋ္ဌိပဲ။ အဲ့ဒါကမောဟကို ဖြစ်စေတယ်။ ဟုတ်လား သတ္တဝါတွေက အဲ့ဒါကြောင့်မို့လို့ အမြဲတမ်းမောဟဖြစ်နေတာ။ ငါလုပ်နိုင်တယ်။ ငါစားနိုင်တယ်။ ငါသွားနိုင်တယ်။ ငါလက်ငါမြောက်နိုင်တယ် အစရှိသဖြင့် ဖြစ်နေတာ သဘောပေါက်ပြီလား ။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဒါကတကယ့်တကယ်ကကျတော့ ငါသွားလိုစိတ်ဆိုတဲ့ ငါလက်မြောက်လိုစိတ်ဆိုတဲ့ ပထမဉီးဆုံးနာမ်ဖြစ်တယ်။ ငါမရမနေလက်မြောက်ချင်တယ်ဆိုတည်းက ဥပါဒါန်ဖြစ်တယ်။ ပြီးတဲ့အခါ ကျတော့ မြောက်မယ်ဆိုတဲ့ စေတနာလေးဖြစ်လာတယ်။ ဖြစ်လည်းဖြစ်လာရော ဥပမာ လက်ကြီးက ကိုယ်ဖြစ်နေပြီးတော့ လက်ကြီးကကိုယ်မြောက်ချင်နေတယ်ဆိုတာကိုသိပြီးတော့ မြောက်နေတာမဟုတ်ဘူး။ ဆရာပြောတာ သဘောပေါက်လား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ လက်ကြီးကသက်ရှိမဟုတ်ဘူး။ လက်မှာသွားပြီးတော့ ဝါယောရုပ် သွားဖြစ်တာ။ လေရုပ်သွားဖြစ်တာ။ ဟုတ်လား ဒီစေတနာလေးပေါ်လာတဲ့အခါမှာ မြောက်တယ်ဆိုတဲ့ သဘောက တွန်းထိုးမှုမဟုတ်ဘူးလား။ ဒီဓာတ်ရဲ့အကြောတွေမှာ တွန်းထိုးမှုတွေမဖြစ်ဘူးလား ။
ကိုနိုင်။ ။ ဖြစ်တယ်
ကျွန်တော်။ ။ ဖြစ်လို့ တံတောင်ဆစ်ရဲ့ အကြောတွေမှာတွန်းထိုးမှု တွေဖြစ်လို့ လက်မြောက်တယ်ဆိုတာ ဖြစ်လာတာ မဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ အဲ့ဒါသည် ဒီတံတောင်ဆစ်က တွန်းထိုးမှုတို့ဘာတို့သည် ဘာလဲဆိုတော့ ဝါယောရုပ် ရုပ်ဖြစ်တယ်။ အဲ့ရုပ်ဖြစ်တော့ မြင်စိတ်ဖြစ်တယ်။ မြင်စိတ်ဖြစ်တော့ သေးသေးလေးမှာကြည့် ဒီလက်ကလေးကို မြောက်တယ် လက်ကလေးဒီနေရာကနေ ဒီနေရာကိုရွေ့တယ်ဆိုပါစို့။ ဟုတ်လား။ လက်ကလေး ပထမဉီးဆုံး မြောက်လိုက်တယ် လက်ကလှုပ်သွားတယ် ငါလှုပ်တယ်လို့ပြောတယ်။ ထပ်လှုပ်ချင်တယ် ထပ်လှုပ်ချင်တယ် ၃ ဆင့် ဒီ၃ဆင့် ထပ်ဖြစ်တယ်။ ဝါယောရုပ်ကထပ်ဖြစ်တယ် ။ ဖြစ်ရင်း ဖြစ်ရင်းနဲ့ မြင်စိတ်ကဖြစ်တယ် လက်ကို လှုပ်နေတယ်လို့ မြင်တယ် ပြီးတော့မှ တဆင့် တဆင့် သွားရင်းနဲ့ လက်ကဒီနေရာကို ရောက်သွားတာ မဟုတ်ဘူးလား။ ဒီဟာပဲလှည့်ပတ်ဖြစ်နေတာမဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ သဘောပေါက်လား ဒီ ၄ ခုလှည့်ပတ်ဖြစ်နေတာ။ ဒီ ၄ ခု ဒီ ၅ ခုပေါ့ မြင်စိတ်ပေါ့ ပြီးတော့ ဆက်သွားလိုစိတ်ပေါ့။ ဟုတ်လား မရမလိုသွားလိုစိတ်ပေါ့။ ဥပါဒါန်ပေါ့ ပြိးတော့ အဲ့ဒီကနေပြိးတော့ ရုပ်လှုပ်ရှားမှုပေါ့။ ဒီပုံစံအတိုင်းပဲလေ သေးသေးလေးကြည့်ပီးလည်နေတာ။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဟုတ်လား။ သဘောပေါက်လား ပဋိစ္စသမုပ္ပါဒ်လည်တာကိုပြော
တာ။ သေးသေးလေးလည်နေတာတွေ့လား။ သဘောပေါက်လား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ကိုယ့်ရဲ့ လှုပ်ရှားမူတွေအကုန်လုံးကဒီလိုသေးသေးလေးတွေလည်နေတာကြီးပဲဟုတ်လား
သဘောပေါက်သွားပြီလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ကိုယ်ဆိုတာမရှိဘူး။သဘောပေါက်လား။ ရုပ်နဲ့နာမ် ပဲရှိတယ်။တွေ့လားဟုတ်ပြီနော် ဒီမှာ ငါသွားလိုစိတ်ဖြစ်တယ်ဆိုတဲ့ ငါဆိုတာရော ဒီဘက်မှာငါမြင်တယ်ဆိုတဲ့ငါရော အဲ့ဒါကနေပြီးတော့ ငါသွားလိုက်တယ်ဆိုတဲ့ငါရော အဲ့ဒီငါတွေအကုန်လုံးက တကယ့်တကယ်တန်းကျတော့ နာမ်တွေဘဲမဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တာကိုဘယ်လိုခေါ်တာလဲဆိုတော့။ မောဟစိတ်လို့ခေါ်တာ။ သဘောပေါက်လား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အတ္တဒိဋ္ဌိမြောက်သွားတာ။ အဲ့တာသည်ဘာလဲကိလေသာ။ ကျွန်တော်တို့ဖြုတ်ရမယ့် ကိလေသာအဲ့တာဘဲ။
ကိုနိုင်။ ။ ငါကိုအဓိကဖြုတ်ရမှာလား။
ကျွန်တော်။ ။ သောတာပန်နဲ့ပုထုဇဥ်နဲ့ကွာတာ အဲ့တာဘဲကွာတယ်။ ဘာမှမကွာတာမဟုတ်ဘူး။ သူကပုထုဇဥ်မှာက ငါတွေပါတယ်။ သောတာပန်မှာ။အဲ့ဒီငါတွေမပါဘူး။ ဒါပဲကွာသွားတယ်ဟုတ်လား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ဘာမှထူးဘူး။ အဲ့တာကိုကျွန်တော်တို့ကပြန်ပြောမယ်ဆိုလို့ရှိရင် သဠာယတန။ သဠာယတနဆိုတာ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ၊စိတ်ရယ်။
ကိုနိုင်။ ။ ဒွါရခြောက်ပေါက်ပေါ့။
ကျွန်တော်။ ။ ဒွါရခြောက်ပေါက်။ အဲ့တော့ကျွ။န်တော်တို့ကအဲ့တာကိုဘာလို့ခေါ်တာလဲဆိုတော့ ပဋိစ္စသမုပ္ပါဒ် ကိုပြောတာဟုတ်လား။ ပဋိစ္စသမုပ္ပါဒ်က ဘယ်ကစလဲဆိုတော့။
ကိုနိုင်။ ။ အဝိဇ္ဇာ။
ကျွန်တော်။ ။ အဝိဇ္ဇာပစ္စယာသင်္ခါရ ၊ သင်္ခါရပစ္စယာ ဝိညာဏ၊ ဝိညာဏပစ္စယာ နာမရူ။ပ အဲ့မှာကျွန်တော်တို့က အဝိဇ္ဇာပစ္စယာ သင်္ခါရ၊ ဒီနေရာမှာရှိတဲ့သင်္ခါရနဲ့ ဟိုဟာနဲ့မတူသေးဘူး။ ဒီနေရာမှာကခွဲတယ်။ သင်္ခါရက ဘာကိုခေါ်တာလဲဆိုတော့ ပုညာဘိသင်္ခါရ ၊အပုညာဘီသင်္ခါရ၊ အာနေဥ္ဇာဘိသင်္ခါရလို့ခေါ်တယ် အဲ့တော့ ပုညာဘိသင်္ခါရဆိုတာကုသိုလ်၊ အပုညာဘိသင်္ခါရ ဆိုတာအကုသိုလ်၊ အာနေဥ္ဇာဘိသင်္ခါရဆိုတာ ဈာန် ဒါကိုပြောတာ။ ဟုတ်လား ကုသိုလ်ရယ်၊ အကုသိုလ်ရယ်၊ ဈာန်ရယ်ပေါ့။ ဈာန် ဖြစ်လို့ရှိရင် ဒီသင်္ခါရပစ္စယာမှာဝိညာဏ်လို့ပြောတယ်။ ဟုတ်လား။ အဲ့ဒီ ဝိညာဏ်ဆိုတာဘာကိုပြောတာလဲဆိုတော့ ပဋိသန္ဓေဝိညာဏ်ကိုပြောတာ။ ပဋိသန္ဓေဝိညာဏ်ဆိုတာက ကျွန်တော်တို့ဗိုက်ထဲမှာသွားပြီးတော့ လူဆိုလို့ရှိရင်ဗိုက်ထဲမှာသွားပြီးတော့ စစချင်းဖြစ်တဲ့အချိန်ပေါ့။ ကာလရည်ကြည်ကနေစပြီးတော့ လူဆိုတဲ့ သတ္တဝါဆိုတဲ့ဟာတစ်ခုစဖြစ်တဲ့အချိန်ပေါ့။ အဲ့တာကဘာလို့ခေါ်တာလဲဆိုတော့ ပဋိသန္ဓေဝိညာဏ်လို့ခေါ်တယ်။ အဲ့တာသည်ဘယ်ပေါ်မှာမူတည်ပြီးဖြစ်လာတာလဲဆိုတော့ အတိတ်ဘဝမှာ လုပ်ခဲ့တဲ့ ပုညာဘိသင်္ခါရပေါ်မှာ မူတည်ပြီး ဖြစ်လာတာ။ လူဆိုတာသုဂတိပေါ်မှာပါတာကိုး။ အဲ့ဒါဘာလဲဆိုတော့ပုညာဘိသင်္ခါဆိုတာဖြစ်လာတာ။ ဟုတ်ပြီလား။ အဲ့တော့အာနေဥ္ဇာဘိသင်္ခါရလုပ်ထားတယ်ဆိုလို့ရှိရင် ဗြဟ္မာပြည်မှာသွားပြီးပဋိသန္ဓေသွားဖြစ်မယ်။ ဟုတ်လား။ အပုညာဘိသင်္ခါရဆိုလို့ရှိရင် အတိတ်ဘဝအပုညာဘိသင်္ခါရနဲ့ဆုံးပါးလာခဲ့လို့ရှိရင် ဘယ်ကိုရောက်မလဲဆိုတော့ အပါယ်ကိုရောက်မယ်။ သဘောပေါက်ပြီလား၊
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ဒါပဋိသန္ဓေဝိညာဏ်ဖြစ်တယ်။ ပဋိသန္ဓေဝိညာဏ်ဆိုတာက မမွေးခင်ဗိုက်ထဲမှာဖြစ်တဲ့ကိစ္စကိုပြောတာ။ဝိညာဏ်ဖြစ်စရာဘာလဲ။ နာမရူပ။
ကိုနိုင်။ ။ နာမ်၊ရုပ်။
ကျွန်တော်။ ။ နာမရူပ။ နာမ် ၊ရုပ်ဆိုတဲ့အခါကျတော့ ဘာကိုပြောတာလဲဆိုတော့ ပဋိသန္ဓေဝိညာဏ်ဆိုတာ
ဝိညာဏ်ဆိုတာ နာမ်တရားမဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့ဒီနာမ်တရားဖြစ်တဲ့အခါမှာ ခန္ဓာငါးပါးကတစ်ပေါင်းထဲဖြစ်တာ။ အဲ့ဒီအချိန်မှာဒီနာမ်ရုပ်ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ပဋိသန္ဓေတိုင်းမှာ ခန္ဓာငါးပါးတစ်ပေါင်းထဲဖြစ်တာကိုခေါ်တာ။ အဲ့ဒီတစ်ချက်ပဲ ခန္တာငါးပါးတစ်ပေါင်းထဲဖြစ်တာ။ နောက်ပိုင်းမှာ နာမ်ခန္တာလေးပါးဘဲ တစ်ပေါင်းထဲဖြစ်တာ။ ရုပ်ကဖောက်ပြန်ပျက်စီးတဲ့သဘောဘဲရှိတာ။ နာမရူပပစ္စယာဘာလဲ သဠာယတနတဲ့။ နာမ်ရုပ်ဖြစ်လာလို့ရှိရင် ဘာတွေပါလာမလဲ။ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ၊စိတ်ဆိုတာ ပေါ်လာတယ်ဟုတ်လား။
ကိုနိုင်။ ။ ဒွါရခြောက်ပေါက်။
ကျွန်တော်။ ။ ဒွါရခြောက်ပေါက်။ သဠာယတနပစ္စယာဘာ ဖဿ။ ဖဿဆိုတာထိတွေ့မှုဟုတ်လားအဆင်းနဲ့
မျက်လုံးအကြည်နဲ့ထိတွေ့တယ်။ နားအကြည်နဲ့အသံနဲ့ထိတွေ့တယ်။ ဟုတ်ပြီလား။ အနံ့နဲ့ နှာခေါင်း
အကြည်နဲ့ထိတွေ့တယ်။သဠာယတနဆိုတာအဲ့တာကိုပြောတာ။ ထိတွေ့မှုကိုပြောတာ။ သူကစေတသိတ် တစ်မျိုးပဲ။အဲ့တော့သဠာယတနပစ္စယာ ဖဿ ဖဿစ္စယာ ဘာလဲ။
ကိုနိုင်။ ။ ဝေဒနာ။
ကျွန်တော်။ ။ ဝေဒနာဆိုတာဘာလဲဆိုတော့ ဥပေက္ခာဝေဒနာ သုခ၊ဒုက္ခ၊ ဥပေက္ခာ ဆိုပြီးတော့အကြမ်းနည်း ပြောလို့ရတယ်။ သောမနဿ၊ ဒေါမဿလည်းပါတယ်။ ဝေဒနာကတော့ ငါးမျိုးဘဲဟုတ်လား။ အဲ့ဒီမှာပြောချင်တာအဓိကပြောချင်တဲ့ ဝေဒနာဘယ်ဝေဒနာပြောချင်လည်းဆိုတော့။ ဥပေက္ခာဝေဒနာအဓိထားပြီးတော့ နားလည်အောင်လုပ်။ အဲ့ဒီဥပေက္ခာဝေဒနာဆိုတာရူ့လို့မရဘူး။ နားလည်လို့ပဲရတာ။ သဘောကဥပမာဆိုကြပါစို့ ခင်ဗျားမျက်စိနဲ့တစ်ခုနဲ့မြင်လိုက်တယ်။ မြင်တယ်ဆိုတာဘာလဲ မြင်စိတ် ဟုတ်တယ်နော်။ အဲ့ဒီမြင်စိတ်ဆိုတာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ထိတွေမူကြောင့်ဖြစ်လာတာ။ အဆင်းနဲ့ မျက်လုံးနဲ့ အကြည်နဲ့ထိတွေ့မူကြောင့် ဖြစ်လာတာ အဲ့ထိတွေ့မူသည်ဖဿ။ ထိတွေမူဖြစ်ပြီးတဲ့နောက်မှာြဖစ်တဲ့ဟာသည် ဘာဖြစ်ရလည်းဆိုတော့ ခံစားမူဝေဒနာဆိုတဲ့ သဘောဖြစ်ရတယ်။ အဲ့ဝေဒနာသည်ခံစားလို့မရဘူး။ သဘောပေါက်ပြီလား။ အဲ့ဒါ အကိုတို့ ဒီကျောင်းဘာသာရပ်တစ်ခုကိုသင်သလိုဘဲ။ သိပ္ပံတို့ chemistry တို့ ဘာတို့မှာသင်သလိုဘဲ။ အဲ့သဘာဝလေးတစ်ခုကိုမှတ်ထား။ ဆိုလိုတာက အဆင်းနဲ့မျက်လုံးနဲ့ထိတွေ့တယ်။ ထိတွေ့တဲ့အခါမှာ အဆင်းဆိုတာ အလင်းကိုပြောတာ။ ဖိုတွန်ပေါ့ မျက်စိနဲ့သွားထိလိုက်တဲ့အခါကြတော့ ဖဿဖြစ်တယ်။ ဖဿဖြစ်တယ်ဆိုလို့ရှိရင် ဝေဒနာဖြစ်ကိုဖြစ်ရတယ်။ ထိပြီဆိုလို့ရှိရင် ဝေဒနာတစ်ခုခုတော့ဖြစ်ရတယ်လေ။ အဲ့ဒီမှာဖြစ်တဲ့ဝေဒနာလေးက မသိတဲ့ဝေဒနာ သိလို့မရဘူး၊ ရူ့လို့မရဘူးအဲ့ဝေဒနာကို။ အဲ့ဒီ ဝေဒနာက ခံစားလို့မှမရတာ သုခလည်းမဟုတ်ဘူး။ ဒုက္ခလည်းမဟုတ်ဘူး။ သောမနသလည်းမဟုတ်ဘူး။ ဒေါမနဿလည်းမဟုတ်ဘူး။ ဒါပေမဲ့ဘာဖြစ်လဲ၊ ဝေဒနာတော့ဖြစ်တယ်။ အဲ့ဒီဖြစ်စဥ်လေးမှာရှိတဲ့ဖြစ်ရပ်လေးတစ်ခုကို ဘာလို့ခေါ်တာလဲဆိုတော့ ဝေဒနာလို့နာမည်တပ်တယ်။ အဲ့ဝေဒနာလို့နာမည်တပ်လိုက်တဲ့အခါကျတော့၊ အဲ့ဝေဒနာဘယ်လိုနာမည်တပ်ရလဲဆိုတော့ မသိတဲ့အတွက်ကြောင့်မလို့ ဥပက္ခာဝေဒနာလို့နာမည်တပ်တယ်။ ဟုတ်ပြီလား။ အဲ့တော့ ဥပက္ခာဝေဒနာ ဖြစ်တယ်။ ဟုတ်ပြီနော်။ ဖဿပစ္စယာဝေဒနာ။ အဲ့တော့မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ် ခြောက်ခုလုံးမှာ ဥပက္ခာဝေဒနာဖြစ်နိုင်တယ်။ ဟုတ်လား။ ကိုယ်မှာကကျတော့ သုခ၊ ဒုက္ခ ထပ်ဖြစ်နိုင်တယ်။ ဟုတ်ပြီလား။ စိတ်မှာကျတော့သောမနဿ၊ ဒေါမနဿဖြစ်နိုင်တယ်။ သဘောပေါက်လား။ ဒါမှတ်မိအောင်ပြောပြပေးမယ်။ ဟုတ်လား။ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ် ဟုတ်လား။ အဲ့တော့၊ အဲ့တာတွေမှာက အကုန်လုံးမှာဘာဖြစ်နိုင်လဲဆိုတော့ ဥပက္ခာဝေဒနာဖြစ်နိုင်တယ်။ ဟုတ်ပြီလား။ အဲ့တော့ကိုယ်မှာကကျတော့ ဘာထူးခြားလည်းဆိုတော့ သုခရယ်၊ ဒုက္ခရယ်ဖြစ်နိုင်တယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာဖြစ်နိုင်တယ်။ စိတ်မှာကြတော့ဘာထူးခြားသွားလည်းဆိုတော့ သောမနဿ၊ ဒေါမနဿ သဘောပေါက်လား။ ရမလား။ နားလည်တယ်နာ်၊ ရတယ်နော်။
ကိုနိုင်။။ ။ ဟုတ်။
ကျွန်တော်။ ။အဲ့တော့၊ အဲ့တာကို ဒါလေးနဲ့ပြန်ကြည့်။ အဲ့တော့ဝေဒနာ ပစ္စယာဘာလဲ။ တဏှာ ၊ မာန ၊ ဒိဌိ၊ ပပဥ္စ တရားလို့လည်းခေါ်တယ်။ တဏှာ ၊ မာန ၊ ဒိဌိ၊ ပပဉ္စတရား။ ဟုတ်ပြီလား။ ပြီးတဲ့အခါကျတော့ တဏှာ ၊ မာန ၊ ဒိဌိ ပစ္စယာဘာလဲ။ဥပါဒါန်၊ ဥပါဒါနပစ္စယာဘာလည်းဆိုတော့ အဲ့ဒီမှာကံလို့ပြောတယ်။ ဥပါဒါနပစ္စယာကမ္မဘဝလို့ပြောတယ်။ ဒါပေမဲ့အဲ့တာကို ကမ္မဘဝဆိုတာဘာလည်းဆိုတော့ကံလို့ဘဲသိတယ်။ လက်တွေ့မှာတွေ့နေရတာလည်းကံဘဲ။ ဘာကံတွေလည်းဆိုတော့ ကာယကံရယ်၊ ဝစိကံရယ်၊ မနောကံရယ်။ အဲ့ဒီကံတရားနဲ့ နောက်ထပ်ဘဝကိုထပ်ပြီးဖြစ်စေဖို့အတွက် အကျိုးပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကို ကမ္မဘဝလို့ခေါ်တယ်။ သဘောပေါက်တယ်နော်။ နောက်ဘဝတွေဖြစ်စေဖို့အတွက်အကျိုးပေးလို့ ကမ္မဘဝလို့ခေါ်တာ။ ဟုတ်လား။ ဒါပေမဲ့ အဲ့ဒီဟာကို လောလောဆယ်၊ တကယ့်တကယ်ပိုပြီးရှင်းအောင်ပြောရရင်တော့ ကာယကံ၊ ဝစီကံ၊ မနောကံ ပဲ။ ဟုတ်ပြီလား။ အဲ့တော့ အဲ့ကာယကံ၊ဝစီကံ၊မနောကံဖြစ်တယ်။ ဥပမာ လက်ကိုမြှောက်လိုက်တယ်။ လက်မြောက်တယ်ဆိုတဲ့ကိစ္စဖြစ်လာတယ်။ ဖြစ်လာလို့ရှိရင် လက်ကိုမြောက်လိုက်ပြီဆိုလို့ရှိရင် ဘယ်မှာသွားပြီးပြန်သိသာလည်းဆိုတော့ သဠာယတနမှာ သွားပြန်သိသာတယ်။ သဘောပေါက်လား။ မြင်စိတ်ဖြစ်တာလေ သဠာယတနဆိုတာ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ်လေ။ ဟုတ်ပြီလား။ အဲတော့ဘာဖြစ်လည်း၊ ဒီကာယကံ၊ဝစီကံသည် ဝစီကံဖြစ်ရင်ကိုယ်ကဘာဖြစ်လဲ၊ အသံကြားတယ်ဆိုတာဖြစ်လာတယ်လေ။ သဠာယတနမှာသွားဖြစ်တာ။ တွေ့လား အစ်ကိုတို့လည်နေတာက ဒီမှာဘဲလည်နေတာ။ ဒီကနေစပြီးတော့ဒီကြားထဲမှာပဲ လည်နေတာ။ ဒါတွေကပြန်ရှုလို့မရတော့ဘူး။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဒါတွေကလည်းရှုလို့မရတော့ဘူး။ လက်ရှိရှုရမှာက သဠာယတနကစပြီးတော့ ကံထိ အဲ့ကြားထဲမှာလည်နေတာဘဲရူ့ ရမှာ။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဟုတ်ပြီလား။ အဲ့တာကိုဒါနဲ့ပြန်ကြည့်။ ဒီမှာ အခုနကပြောတဲ့ သွားလိုစိတ်ဖြစ်တယ်ဆိုတာ တဏှာနဲ့ဒိဋ္ဌိတွဲတယ်ဆိုတာမပြောဘူးလား။
ကိုနိုင်။။ ။ ဟုတ်။
ကျွန်တော်။။ ။ အဲ့တာသည်ဘာလဲ ပပဥ္စတရားမဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဒီနေရာမဟုတ်ဘူးလား။ ဒါတဏှာနဲ့တွဲဖြစ်တာ၊ ဒါသွားလိုစိတ်ဟုတ်ပြီနော်။ အဲ့တော့ အဲ့ဒါဖြစ်ပြီးတဲ့အခါကျတော့မ ရမနေသွားလိုစိတ်ဖြစ်တော့ ဥပါဒါန်မဖြစ်ဘူးလား ဖြစ်တယ်နော်။ အဲ့မှာဖြစ်တယ်။ ဒီမှာကာယကံ၊ဝစိကံ၊မနောကံဆိုတဲ့နေရာမှာ အဲ့ဒါသည် ရုပ်လူပ်ရှားမူပြောတာမဟုတ်ဘူး။ အဲ့ဒါစေတနာဆိုတဲ့သင်္ခါရက္ခန္ဓာကိုပြောတာ။ သူသည်လည်းဘာလဲဆိုတော့ သင်္ခါရက္ခန္ဓာပဲ ရှင်းလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ဒါလေးက စေတနာလေးလေ။ ကာယကံစေတနာ၊ဝစီကံစေတနာ၊မနောကံစေတနာလို့ပြောတယ်။ ဟုတ်ပြီလား။ စေ့ဆော်မူလေးလေ။ ရတယ်နော်။ အဲ့တော့အဲ့ဒါသည် သင်္ခါရက္ခန္ဓာ။ အဲ့ဒီကနေပြီးတော့ဘာဖြစ်လဲ၊ ရုပ်လူပ်ရှားမူမဖြစ်ဘူးလား၊ ဖြစ်တယ်။ ရုပ်ကိုသွားပြီးတော့ လူပ်ရှားမူဖြစ်တယ်။ ဒီထဲမှာ ရုပ်ဆိုတဲ့သဘောမပါဘူး။ ဟုတ်လား။ ရုပ်ကဒီမှာမပါဘူး။ သဠာယတနမှာပါတယ်။ သဠာယတနမှာပါတာပေါ့။ ကိုယ်ပေါ့၊ ခန္ဓာကိုယ်ကြီး။ ဟုတ်ပြီနော်။ အဲ့တော့ ရုပ်လူပ်ရှားမှုသွားဖြစ်တယ်။
ကိုနိုင်။ ။ဟုတ်။
ကျွန်တော်။ ။ ရုပ်လူပ်ရှားမှု၊ ခန္ဓာကိုယ်မှာတနေရာမှာလူပ်ရှားရင် မျက်စိနဲ့မမြင်ရလည်း လူပ်ရှားတယ်ဆိုတာမသိဘူးလား။
ကိုနိုင်။။ ။ သိပါတယ်။
ကျွန်တော်။ ။ အဲ့တာသည် ဘာလို့ခေါ်တာလည်းဆိုတော့ ကာယဝိညာဏ်လို့ခေါ်တယ်။သုခ၊ဒုက္ခခံစားတဲ့စိတ် သုခ၊ဒုက္ခ၊ဥပက္ခာကိုခံစားတဲ့စိတ်။ ဝေဒနာ။ ဟုတ်ပြီလား။ ကာယဝိညာဏ်လို့လည်းခေါ်တယ်။ ကာယဝိဥာဏ်ဆိုတာ ၀ိညာဏက္ခန္ဓာ၊ ခန္ဓာကိုယ်ကိုသိနေတဲ့သဘော။
ကိုနိုင်။ ။ မျက်လုံးမှိတ်ထားလည်း အဲ့မှာကျွန်တော်လက်မြောက်တယ်ဆိုရင်သိတယ်။
ကျွန်တော်။ ။ သုခဝေဒနာ၊ ဒုက္ခဝေဒနာတစ်ခုခုတော့ဖြစ်မှာဘဲ။ သဘောပေါက်လား။ လက်မြောက်လိုက်ရင် သုခဝေဒနာ သို့မဟုတ် ဒုက္ခဝေဒနာ သို့မဟုတ် ဥပေက္ခာဝေဒနာ။ အဲ့တော့ ကိုယ်မှာဖြစ်တဲ့ ဥပေက္ခာဝေဒနာကျတော့ ကောင်းတယ်လည်းမဟုတ်ဘူး၊ ဆိုးတယ်လည်းမဟုတ်ဘူးဆိုတဲ့ ဥပေက္ခာဝေဒနာ။ ဟုတ်ပြီလား မိုးကုတ်ဆရာတော်ကြီးက အဲ့တာကိုဘယ်လိုထည့်လိုက်သလဲဆိုတော့ ယားနာကောင်းစိတ်ဆိုတဲ့အထဲ ထည့်လိုက်တယ်။ ယားတာဖြစ်ရင်ဖြစ်မယ်၊ နာတာဖြစ်ရင်ဖြစ်မယ်၊ ကောင်းတာဖြစ်ရင်ဖြစ်မယ်။ တစ်ခုခုပေါ့။ အဲ့ထဲမှာပါလိမ့်မယ်ဆိုပြီးတော့ပြောတယ်။ ဟုတ်ပြီလား။ အဲ့တော့အဲ့တာကဖြစ်တဲ့စိတ်ပေါ့။ ဟုတ်လား။ အဲ့ဒါသည်ဘာလဲဆိုတော့ သဠာယတနမှာဘဲသွားဖြစ်တာမဟုတ်ဘူးလား။
ကိုနိုင်။ ။ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ ဖဿဖြစ်ပြီး ဝေဒနာဖြစ်တာဘဲ မဟုတ်ဘူးလား။ အဲ့ဒါပြီးလို့ရှိရင် ငါလက်ကလှုပ်သွားပြီဆိုရင် ထပ်လှုပ်ချင်စိတ်ဖြစ်လာရင်အဲ့ဒါဘာဖြစ်လည်း တဏှာ၊ မာန၊ ဒိဋ္ဌိ နဲ့ ပပဥ္စပဲ ပြန်ဝင်လာတာမဟုတ်ဘူးလား။ အဲ့ဒီကနေမဖြစ်မနေလှုပ်ချင်တယ် အဲ့ဒီကနေလှုပ်တယ်ဆိုတဲ့ကာယကံ နောက်တစ်ခေါက်ထပ်မဖြစ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဒီစေတနာဒီတိုင်းလည်တာမဟုတ်ဘူးလား။ သဘောပေါက်ပြီလား။
ကိုနိုင်။ ။ ဒါကအသေးစိတ်လေးလည်တာ ဒါကကြတော့ အတွဲလိုက်တောက်လျှောက်ကြီးလည်နေတာ။
ကျွန်တော်။ ။ ဒါနဲ့ဒါနဲ့အတူတူပဲ။ သဘောပေါက်လား။ ဒါက ပဋိစ္စသမုပ္ပါဒ်နဲ့မြင်သာအောင်ပြောပြတာ။ ဒါကလည်းအသေးစိတ်လေးအတူတူဘဲ။ ဒါကိုဘဲပြောတာ။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ဒါက ပဋိစ္စသမုပ္ပါဒ်ကို လက်တွေ့ဖြစ်တဲ့နေရာမှာမြင်သာအောင်
လို့ ဒါနဲ့ရှင်းပြတာ။ ဟုတ်ပြီလား။ အဲ့တော့သဠာယတနဖြစ်တယ်။ သဠာယတနဖြစ်ပြီး ဖဿဖြစ်တယ်။ ဖဿဖြစ်ပြီး ရင်ဝေဒနာဖြစ်တယ်။ ဝေဒနာဖြစ်ပြီးရင် တဏှာ၊ မာန၊ ဒိဋ္ဌိဖြစ်တယ်။ ပြီးရင်ဥပါဒါန်ဖြစ်တယ်။ ကံဖြစ်တယ်။ ဟုတ်ပြီလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ လက်ကိုမြောက်ချင်စိတ် သွားချင်စိတ် ဒါမှမဟုတ် လက်ကိုမြောက်ချင်စိတ် အဲ့စိတ်ကလေးဖြစ်လာတဲ့အချိန်မှာ ဘာဖြစ်လာပြီလည်းဆိုတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ။ ငါကမြောက်ချင်တယ်ဆိုတာဖြစ်တယ်။ ဟုတ်တယ်မို့လား။ ဟုတ်ပြီးနော်။ အဲ့တော့ အဲ့စိတ်ကလေးကပေါ်လာတယ်ပေါ့။ မြောက်ချင်စိတ်ကလေး ပေါ်လာတဲ့အချိန်မှာ ဘာဖြစ်လို့ရလည်းဆိုတော့ ရှုလိုက်လို့ရတယ်။ ရှုမှတ်မှုလုပ်လို့ရတယ်။ သဘောပေါက်ပြီလား။ အဲ့စိတ်ကလေးပေါ်လာရင် အော် စိတ်ကလေးပေါ်လာပါလားပေါ့။ မြောက်ချင်စိတ်ဆိုတာလောဘစိတ်၊ လောဘစိတ်ပေါ်လာပါလား။ အဲ့ဒါမျိုးကို အခုနကပြောတဲ့သမ္မာဝါယမရယ်၊ သမ္မာသတိရယ်၊ သမ္မာသမာဓိရယ်။ ဟုတ်ပြီလား၊ သမ္မာသင်္ကပ္ပရယ် သမ္မာဒိဋ္ဌိရယ်ဆိုတာ ဒီကြားထဲမှာဝင်တာ၊ ဒီကြားထဲမှာမဂ်ဝင်တာ။
ကိုနိုင်။ ။ သဘောပေါက်ပြီ။
ကျွန်တော်။ ။ သဘောပေါက်ပြီလား၊ ဟုတ်လား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ မရမနေသွားလိုစိတ်ဖြစ်ပြီးတဲ့နောက်မှာလည်း ဝင်လို့မရဘူးလား။
ကိုနိုင်။ ။ ရပါတယ်။
ကျွန်တော်။ ။ ရတယ်။ ဟုတ်ပြီလား။ စေတနာဖြစ်ပြီးတဲ့နောက်မှာတော့ဝင်လို့
မရဘူး။ ကာယကံမြောက်သွားပြီ။ ဒီစေတနာလေးနဲ့ ကြားထဲမှာတော့သွားပြီးတော့လုပ်လို့မရဘူး။ ဟုတ်လား။ စေတနာပေါ်သွားတဲ့အချိန်မှာ ရုပ်မှာသွားပြီးတော့ ဝါယောရုပ်သွားဖြစ်နေတယ်။ သဘောပေါက်ပြီနော်။ စေတနာပေါ်တာ ပါးစပ်အသံထွက်နေတယ် အသံထွက်ပြောနေတဲ့အချိန်မှာ ပြောနေတာတွေက ဖြစ်ပျက်ပါလားလို့မှတ်လို့ရမှာမဟုတ်ဘူး။ သဘောပေါက်လား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ပြောနေတာတွေကို ပြန်ကြားတဲ့အသံကတော့ ဖြစ်ပျက်ပါလားလို့မှတ်လို့ရတယ်။ ဟုတ်ပြီလား။
ကိုနိုင်။ ။ဟုတ်။
ကျွန်တော်။ ။ အဲ့တော့ ဝါယောရုပ်ဖြစ်သွားတယ်။ အဲ့နောက်မှာဘာဖြစ်လဲ။ စကားပြောတဲ့ဝစီကံဆိုတာ အသံကြားတာမဖြစ်ဘူးလား။
ကိုနိုင်။ ။ဖြစ်တယ်။
ကျွန်တော်။ ။ လက်လှုပ်တာ၊ မျက်စိရှေ့မှာလှုပ်တယ်ဆိုတဲ့မြင်စိတ်မဖြစ်ဘူးလား။ အဲ့ဒါကိုလည်းထပ်ပြီးတော့ဖြစ်ပျက်ရှုလို့မရဘူးလား။
ကိုနိုင်။ ။ ရတယ်။
ကျွန်တော်။ ။ အဲ့တော့ အဲ့လိုမျိုး မျက်စိရှေ့မှာမြင်စိတ်ဖြစ်တယ်ဆိုတာက ဘယ်မှာဖြစ်တာလဲဆိုတော့ သဠာယတနမှာ ဖဿ ဖြစ်ပြီး ဝေဒနာဖြစ်တာမဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ မြင်စိတ်ကအဲ့ဒီမှာဖြစ်တာမဟုတ်ဘူးလား။ အဲ့နောက်မှ ငါမြှောက်ချင်တယ် ငါလုပ်ချင်တယ်ပေါ်မှာမဟုတ်ဘူးလား။ အဲ့ဒီမြင်စိတ်ဖြစ်တဲ့အချိန်မှာ အဲ့ဒီမြင်စိတ်ကလေးကို ဖြစ်ပျက်ရှုလိုက်ရင် ဒီကြားထဲမှာ ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ဘာဖြစ်သွားပြီလဲဝေဒနာ နဲ့တဏှာကြားက ထွက်ပေါက် ဆိုတာဒါကိုပြောတာ။
ကိုနိုင်။ ။ အော် အဲ့တာကြောင့်ကျွန်တော်ကြားဖူးတာ ဒီဝေဒနာကနေ တဏှာမကူးစေနဲ့လို့။
ကျွန်တော်။ ။ မကူးစေနဲ့ဆိုတာအဲ့တာကိုပြောတာ။ သဘောပေါက်ပြီလား။ မြင်စိတ်ဖြစ်တယ်၊ ကြားစိတ်ဖြစ်တယ်၊ အနံ့နံစိတ်ဖြစ်တယ်၊ အရသာသိစိတ်ဖြစ်တယ်၊ သုခခံစားစိတ်ဖြစ်တယ်၊ ဒုက္ခ ခံစားစိတ်ဖြစ်တယ်၊ အဲ့ဒီဟာတွေကိုဘာလုပ်လိုက်ရလဲ ကြံတွေးစိတ်ဖြစ်တယ်၊ဟုတ်လား။ ဒါအပြင် ဘာထည့်လို့ရလဲ။ ကြံတွေးစိတ်ဖြစ်တယ်။ ဒါတွေကိုဘာလုပ်လိုက်လို့ရလဲဆိုတော့ ဖြစ်ပျက်ရှုလိုက်လို့ရတယ်။ ဖြစ်ပြီးပျက်သွားတာဟုတ်မဟုတ် စဥ်းစားကြည့်လိုက်တယ်၊ သတိထားကြည့်လိုက်တယ်၊ ပျက်သွားတယ်။ အော်ပျက်သွားပါလား။ ဖြစ်ပြီးပျက်တာဟုတ်မဟုတ် ဆိုပြီးစဥ်းစားတယ်၊ဟုတ်တယ်၊မှန်တယ်။ ဖြစ်ပြီးပျက်သွားတာမှန်တယ်လို့ ဆုံးဖြတ်ချက်ချတယ်။ ဟုတ်လား။ ဟုတ်မဟုတ်စဥ်းစားတယ်ဆိုတာ အရေးကြီးတယ်နော်။
ကိုနိုင်။ ။ ဟုတ်
ကျွန်တော်။ ။ ဟုတ်မဟုတ်စဥ်းစားမှ ပညာဖြစ်မှာ။ ဟုတ်မဟုတ်ဆိုတာ ဆင်ခြင်တာ။ အဲ့ဆင်ခြင်မှုပါမှ ပညာဖြစ်မှာ။ ဟုတ်လား။ ဖြစ်ပျက် ဖြစ်တယ် ဆိုပြီးကြိတ်ယုံနေလို့ရှိရင် ပညာမဖြစ်ဘူး။ ဟုတ်လား။ ကိုယ်က ဖြစ်ပျက်၊ ဖြစ်တာမဟုတ်ဘူးလို့ ထင်တယ်ဆိုလဲ မဟုတ်ဘူးလို့ထင်တဲ့အတိုင်းထား။ အဲ့တာတကယ်မှန်လားမှားလားဆိုတာဆင်ခြင်။
ကိုနိုင်။ ။ ဟုတ်
ကျွန်တော်။ ။ မှန်မှခေါင်းညိတ်။ ဟုတ်လား။ သဘောပေါက်လား။ အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ဝေဒနာ နဲ့တဏှာကြားက ထွက်ပေါက်မဖြစ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျွန်တော်။ ။ ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်။ ဟုတ်လား။


Leave a Reply