၁၀၂၀။ ကပိလဝတ်နိဒါန်း။
(သရဏဂုံတည်လျှင်ပင် သောတာပန်)
ထိုအခါ သရဏာနိသာကီဝင်သည် ကွယ်လွန်ခဲ့၏၊ ကွယ်လွန်ခဲ့သောထိုသရဏာနိသာကီဝင်ကို မြတ်စွာဘုရားသည် ”ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ များစွာကုန်သော သာကီဝင်တို့သည် ပေါင်းဆုံစုဝေး၍ ”အချင်းတို့ အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲဖြစ်စွတကား၊ အကျင့်၌ အားနည်း၍ သေရည်သေရက်ကို သောက်လေ့ရှိသော ကွယ်လွန်ပြီးသော ထိုသရဏာနိသာကီဝင်ကိုပင် မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟု မိန့်ကြားတော်မူဘိသေး၏၊ ယခု အဘယ်သူသည်သောတာပန် မဖြစ်ဘဲရှိအံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ပြောဆိုကြကုန်၏။
ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရားကွယ် လွန်ခဲ့ပြီးသော ထိုသရဏာနိသာကီဝင်ကို မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော့မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟုမိန့်ကြားတော်မူ၏၊ အသျှင်ဘုရား ထိုအခါ များစွာကုန်သော သာကီဝင်တို့သည် ပေါင်းဆုံစုဝေး၍”အချင်းတို့ အံ့ဖွယ်ဖြစ်စွ တကား၊ အချင်းတို့ မဖြစ်ဖူးမြဲဖြစ်စွတကား၊ အကျင့်၌ အားနည်း၍သေရည်သေရက်ကို သောက်လေ့ရှိ သော ကွယ်လွန်ပြီးသော ထိုသရဏာနိသာကီဝင်ကိုပင်မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်’ဟု မိန့်ကြားတော်မူ ဘိသေး၏၊ ယခု အဘယ်သူသည် သောတာပန်မဖြစ်ဘဲ ရှိအံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ပြောဆိုကြ ကုန်၏ဟု လျှောက်၏။
မဟာနာမ် အကြင်ဥပါသကာသည် ရှည်မြင့်စွာသော ကာလပတ်လုံး ဘုရားကို ကိုးကွယ်ဆည်းကပ် ၏၊ တရားကို ကိုးကွယ်ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ ထိုသူသည် အဘယ်မှာ ပျက်စီးကျရောက်ခြင်းသို့ ရောက်ရာအံ့နည်း။ မဟာနာမ် ကောင်းစွာ ပြောဆိုလိုသူသည် ”ရှည်မြင့်စွာသောကာလ ပတ်လုံး ဥပါသကာသည် ဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ တရားကို ကိုးကွယ်ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏”ဟု ပြောဆိုငြားအံ့၊ သရဏာနိသာကီဝင်ကိုသာ ပြောဆိုရာ၏။ မဟာနာမ်သရဏာနိ သာကီဝင်သည် ရှည်မြင့်စွာသော ကာလပတ်လုံး ဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ တရားကိုကိုးကွယ် ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ ထိုသရဏာနိသာကီဝင်သည် အဘယ်မှာပျက်စီးကျရောက် ခြင်းသို့ ရောက်နိုင်ပါအံ့နည်း။
(ကိုယ့်များစောင်းပြောသလားအောက်မေ့ရတယ်။)


Leave a Reply

Your email address will not be published. Required fields are marked *